တပ်မတော်လေယာဉ်ပျက်ကျမှု လွှတ်တော် ဝမ်းနည်း

တပ်မတော်လေယာဉ်ပျက်ကျမှု လွှတ်တော် ဝမ်းနည်း
June 9, 2017 Asian Fame

11:03 am
တပ်မတော်လေယာဉ်ပျက်ကျမှု လွှတ်တော် ဝမ်းနည်း

Hluttaw(နေပြည်တော် ၊ ဇွန် ၉)

တပ် မတော် ပို့ဆောင်ရေး လေယာဉ် မတော်တဆ ဖြစ်စဉ်နှင့် သေဆုံးသူများ အတွက် ဝမ်းနည်းကြောင်း အဆို ပြည်ထောင်စု လွတ်တော် တွင် တင်သွင်းခဲ့သည်။

ဇွန်လ ၉ရက်နေ့ က ကျင်းပသော ဒုတိယ အကြိမ် ပြည်ထောင်စု လွတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် ပြည်ကြီး တံခွန် မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်း က တင်သွင်း ခဲ့ခြင်းဖြစ်သည်။

“တပ် မတော် သယ်ယူ ပို့ဆောင်ရေးလေယာဉ် Y8 အမျိုးအစား လေယာဉ်အမှတ် ၅၈၂၀ မတော်တဆဖြစ်မှုနဲ့ ပတ်သက်ပြီး သေဆုံး သွားသူများ ၊ ပျောက်ဆုံးနေ သူများ၏ မိသားစုဝင်များ ဆွေမျိုးများ ၊ မိတ်ဆွေ ၊ သူငယ်ချင်းများ နဲ့ ထပ်တူ ထပ်မျှ ဝမ်းနည်းရပါတယ်”ဟု ဦးကျော်စိုးလင်း က တင်သွင်းခဲ့သည်။

ထိုအဆိုအား မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်က ထောက်ခံခဲ့ပြီး လွတ်တော်မှ မှတ်တမ်းတင်ခဲ့ကာ ၂မိနစ် ငြိမ်သက်ခဲ့သည်။

SLM

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*