YBS ခရီးသည်တင်ယာဉ်ကို ပုလင်း၊ လေးခွတို့ဖြင့်ပစ်ပေါက်ကာ ယာဉ်အကူအား ဓား၊ သံတုတ်တို့ဖြင့် ထိုးခုတ်၊ ရိုက်နှက်သူများကို မိပြီ

YBS ခရီးသည်တင်ယာဉ်ကို ပုလင်း၊ လေးခွတို့ဖြင့်ပစ်ပေါက်ကာ ယာဉ်အကူအား ဓား၊ သံတုတ်တို့ဖြင့် ထိုးခုတ်၊ ရိုက်နှက်သူများကို မိပြီ
June 7, 2017 Asian Fame

3:51 pm
YBS ခရီးသည်တင်ယာဉ်ကို ပုလင်း၊ လေးခွတို့ဖြင့်ပစ်ပေါက်ကာ ယာဉ်အကူအား ဓား၊ သံတုတ်တို့ဖြင့် ထိုးခုတ်၊ ရိုက်နှက်သူများကို မိပြီ

ybs

YBS ယာဉ်ကိုလေးခွနှင့်ပစ်၊ပုလင်းနှင့်ပေါက်၊ယာဉ်နောက်လိုက်ကို ဓါးဖြင့်ခုတ် ၊တုတ်ဖြင့်ရိုက်သည့် လူ၈ဦး အားအရေးယူပေးရန် ယာဉ်မောင်းနှင့်ရိုက်ခံခဲ့ရသည့်ယာဉ်နောက်လိုက်မှ ရဲထံတိုင်တန်းထားမှု ဇွန်လ ၄ရက်နေ့က ဖြစ်ခဲ့ပါသည်။

ထိုနေ့ ည၉နာရီ အချိန်ခန့်က လမ်း၅၀မှ သန်လျင်သို့ ထွက်ခွာလာသည့် YBS ယာဉ်တစ်စီးကို ရှုခင်းသာမှတ်တိုင်အနီး မှာ အမည်မသိအမျိုးသမီး ၂ဦးမှ တားဆီးခဲ့ရာတွင် ယာဉ်မောင်းက မှတ်တိုင်မဟုတ်၍ မရပ်တန့်ပေးဘဲ အရှိန်လျှော့မောင်းသွားခဲ့သည်ကို အနီးနားတွင် ရပ်တန့်ထားသောတက္ကစီ တစ်စီးပေါ်မှ အမျိုးသား ၂ဦးက ကားမှန်ကို ပုလင်းနှင့်ပစ်ပေါက် ခဲ့ပါသည်။ထို့အပြင် အနီးနားတွင် ရှိသည့် အမျိုးသားတစ်ဦးကလည်းလေးခွနှင့်ပစ်ခဲ့သေးသည်။

ယင်းလူများကပင် YBS ယာဉ်နောက်ဆက်လိုက်ခဲ့ပြီး ၅ကွေ့ မှတ်တိုင်အရောက် ကားလူအတင်အချပြုလုပ်စဉ် ကားပေါ်တက်ပြီးယာဉ်နောက်လိုက်ကို ဓါးဖြင့်တက်ခုတ်၊တုတ်ဖြင့်ရိုက် ခဲ့ကြ၍ ယာဉ်နောက်လိုက်၂ဦးထဲမှတစ်ဦးသည် ဦးခေါင်းဝဲဘက် ပြတ်ရှဒဏ်ရာတစ်ခု၊ဝဲဘက်ပုခုံးပြတ်ရှဒဏ်ရာတစ်ချက်၊ဝဲလက်မောင်းပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့်ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသမှု ခံနေရသည်။အဆိုပါ အမှုကို ရန်ကုန်ရဲတိုင်းရုံးက ယနေ့တွင် ကျူးလွန်သူတို့ကို ဖမ်းဆီးခဲ့ပြီး ဖြစ်သည်ဟု သတင်းထုတ်ပြန်ပါသည်။

ရန်ကုန်ရဲ၏ ထုတ်ပြန်ချက်တွင် ”အမှုမှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် အခင်းဖြစ်စဉ်၌အသုံးပြုခဲ့သည့် လိုက်ထရပ်ယာဉ် နှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ သာကေတမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များကပူးပေါင်းစုံစမ်းခဲ့ရာ အဆိုပါယာဉ်မှာ သာကေတအ၀ိုင်းနှင့် ဆူးလေဘုရား၊သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာခရီးစဉ်အတိုင်းပြေးဆွဲကြောင်းနှင့်ယာဉ်ပိုင်ရှင်မှ ၎င်းယာဉ်ကို လွန်ခဲ့သော(၂၀)ရက်ခန့်က သာကေတမြို့နယ်နေ ဇော်သိန်း(ခ)ဇော်လေးထံသို့ ငှားရမ်းထားကြောင်းသိရသဖြင့်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်၁၀/တောင်ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်မှ အခင်းဖြစ်စဉ်အသုံးပြုခဲ့သည့်မော်တော်ယာဉ်နှင့်အတူ ဇော်သိန်း(ခ)ဇော်လေး၊ (၄၂)နှစ်နှင့် ယာဉ်အကူဖြစ်သူ ရဲမင်းသိန်း၊ (၂၄)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ၎င်းတို့နှင့်အတူ ပြစ်မှုကျူးလွန်ရာတွင်သာကေတမြို့နယ်နေသူများဖြစ်ကြသည့် ပေါလေး(ခ)စောဝင်းထွဋ်နှင့်မဲကြီး(ခ)မျိုးထွန်းအောင်တို့အပြင် ကျန်အမျိုးသား ၂ ဦးလည်းပါဝင်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးဆောင်ရွက်နေစဉ် ၎င်းတို့၏ အုပ်ထိန်းသူများမှ ပေါလေး(ခ)စောဝင်းထွဋ် ၊ (၂၇)နှစ်နှင့်မဲကြီး(ခ)မျိုးထွန်းအောင်၊ (၂၉)နှစ်တို့အား လာရောက်အပ်နှံပေးခဲ့ကြသည်။ပြစ်မှုကျူးလွန်သူ ဇော်သိန်း(ခ)ဇော်လေးပါ (၄)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့်အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး လွတ်မြောက်နေသူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်”ဟု ဖော်ပြပါရှိပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*