နယ်မြေရှင်းလင်းမယ့် တနိုင်းဒေသမှာ တိုက်ပွဲတွေ မြင့်တက်လာဦးမှာလား

နယ်မြေရှင်းလင်းမယ့် တနိုင်းဒေသမှာ တိုက်ပွဲတွေ မြင့်တက်လာဦးမှာလား
June 7, 2017 Asian Fame

11:52 am
နယ်မြေရှင်းလင်းမယ့် တနိုင်းဒေသမှာ တိုက်ပွဲတွေ မြင့်တက်လာဦးမှာလား
Tanine

တနိုင်းမြို.နယ် မှ ရွှေမော်တစ်ခု ( ဓါတ်ပုံ – ခွန်လတ် )

(ကချင်၊ ဇွန် ၇)

ကချင်ပြည်နယ် တနိုင်းမြို့နယ် အတွင်းက ရွှေ /ပယင်း မှော် ၁၀ ခုမှာ အစိုးရ တပ်မတော်ကနယ်မြေရှင်းလင်းတာတွေ လုပ်မှာဖြစ် လို့ ဒေသခံ နဲ့ရွှေ့ပြောင်း လုပ်သားတွေကို ဇွန် ၁၅ ရက်နေ့ နောက်ဆုံး ထားပြီး ဖယ်ရှားပေးဖို့ ပြောဆိုထားတဲ့ စာရွက်တွေ ပျံ့နှံ့ နေ ပါတယ်။

ဒီစာရွက်တွေကို ရဟတ်ယာဉ်ပေါ်ကနေ ကြဲချတာဖြစ်တယ်လို့လည်း သက်ဆိုင်ရာ အာဏာပိုင်နဲ့ ဒေသခံတွေက ဆိုပါတယ်။

Tanineစာရွက် ထဲမှာ တနိုင်းမြို့နယ်အတွင်းက ထန်းပလားမှော် ၊ ဝမ်းပလာမှော်၊ အောင်လွတ်မှော်၊ တုံမဏီမှော် ၊ ချောင်းဆုံမှော် ၊ နန်ဗြူမှော်၊ ဂျာအောင်ဘာမှော်၊ ဇီးဖြူကုန်းမှော် ၊ ညောင်ပင် ကုန်းမှော်နဲ့ နမ့်ကွမ်းမှော် စတဲ့ မှော်တွေ ဟာ နိုင်ငံတော်ကနေ တရားဝင် ခွင့်ပြုထား တဲ့မှော်တွေ မဟုတ်ဘဲ ရွှေ /ပယင်း တူးဖော် မှုတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေတဲ့ အပြင် တနိုင်းဒေသ ရဲ့ ဂေဟ စနစ်ကိုပါ ပျက်စီး ဆုံးရှုံးခြင်းတွေ ဖြစ်ပေါ်နေ တာကြောင့် တပ်မတော် ကနေ မကြာခင် မှာ နယ်မြေ ရှင်းလင်း တာတွေ ဆောင် ရွက် သွားမယ် လို့ ဖော်ပြ ထားပါတယ်။

ဒါ့ကြောင့် မှော်တွေ အတွင်း မှာ နေထိုင်နေ တဲ့ ဒေသ ခံပြည် သူတွေ / ရွှေ့ပြောင်း လုပ်သားတွေ အနေနဲ့ ၂၀၁၇ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံး ထွက် ခွာပေးဖို့ ၊ ထွက်ခွာခြင်း မရှိဘူး ဆိုရင်တော့ KIA နဲ့ပူးပေါင်းနေ သူတွေ အဖြစ် သတ်မှတ်ပြီး နယ်မြေ ရှင်းလင်းတဲ့ အခါမှာ ပြည်သူတွေ ထိခိုက်ဒဏ်ရာရ ၊ သေကြေပျက်စီးမှာကို မလိုလားတဲ့အတွက် အခုလိုကြိုတင် သတိပေး အကြောင်းကြား တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီကြဲချတဲ့ စာရွက်မှာ ဘယ်အဖွဲ့ က ညွှန်ကြားတယ် / ပြုလုပ်တယ် ဆိုတဲ့ အမှတ်အသား တံဆိပ် မပါဝင်ပေမယ့် ဒေသခံ နဲ့ ရွှေ့ပြောင်း လုပ်သားတွေကတော့ ထွက်ပြေးတိမ်းရှောင်တာတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

ဒါနဲ့ ပတ်သတ်ပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ် ဦးDဆင်ရမ် ကို ပေါ်ပြူလာနယူးစ်က ဇွန်လ ၇ ရက်နေ့ မနက် ၁၀အချိန်က ဆက်သွယ် မေးမြန်းရာ မှာတော့ ဒီတနိုင်းဒေသ အတွင်း ကမှော်တွေဟာ ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ထိန်း ချုပ် မှုအောက်မှာ ရှိတဲ့ဒေသတွေ မဟုတ်တာကြောင့် အခု ကိစ္စကို ပြည်နယ် အစိုးရက ဆောင်ရွက်တာ မဟုတ်ကြောင်း ပြန် လည်ဖြေ ကြား ခဲ့ပါတယ်။

Tanine1“ရဟတ်ယာဉ် နဲ့ ကြဲသွားတာ လို့သိရတယ်။ ကျွန်တော် တို့ Control လုပ်တဲ့ နေရာတွေ မဟုတ်တော့ ပြောဖို့ ခက်တယ်” လို့ သူက ဆိုပါ တယ်။
အခု တနိုင်းဒေသတွင်း ဖြစ်နေတာတွေ နဲ့ ပတ်သတ်ပြီး ကာကွယ်ရေး ၀န်ကြီး ဌာနပြောခွင့်ရ / တပ်မတော်က ဗိုလ်ချုပ်အောင်ရဲဝင်း ကို ပေါ်ပြူလာ နယူးစ်က ဆက် သွယ် မေးမြန်း ရာမှာတော့ စစ်ဆင်ရေး သတင်းတွေနဲ့ ပတ်သတ် ရင်တော့ အခုအချိန် မှာဖြေကြားလို့ မရသေးကြောင်း ၊ လိုအပ်ပါက ထုတ်ပြန်ချက်တွေ နဲ့ ထုတ်ပြန်ပေး သွားမယ်လို့ ပြန် လည်ဖြေကြား ပါတယ်။

လက်ရှိ အချိန်မှာ ဆိုရင်လည်း တနိုင်းဒေသ အတွင်းမှာ တပ်မတော် နဲ့ KIA ကြား တင်းမာတဲ့ အနေ အထားတွေ ရှိနေ တယ်လို့ ကချင်ပြည် နယ် အခြေစိုက် သတင်း မီဒီယာတွေ နဲ့ ဒေသ ခံတွေက ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က လည်း တနိုင်းဒေသအတွင်းမှာ တပ်မတော်နဲ့KIA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

တပ်မတော်နဲ့ KIA ကြား အပစ်အခတ် ရပ်စဲရေးစာချုပ် ၁၉၉၄ ခုနှစ်က စတင် ချုပ်ဆိုပြီး ၁၇ နှစ်အကြာတိုက်ပွဲကင်းမဲ့ခဲ့တဲ့ ကချင်ပြည်နယ် အတွင်းမှာ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားခဲ့တာ အခုဆိုရင် ၆ နှစ်တင်းတင်းပြည့်မြောက်ဖို့ ရက်ပိုင်းပဲ လိုပါတော့ တယ်။

အခုဆိုရင်လည်း တနိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ အခြေအနေ အရပ်ရပ်ဟာ တိုက်ပွဲတွေ ပိုဖြစ်လာမလား ဆိုတဲ့ မေးခွန်းတွေ များစွာ ကိုဖြစ်ပေါ်နေစေ ပါတယ်။

မှော်အတွင်းက နေလုပ်သားတွေ နဲ့ဒေသခံတွေ ဖယ်ရှားခိုင်းပြီး စစ်ဆင်ရေး ဆောင်ရွက်ဖို့ အကြောင်းကြားတာ နဲ့ပတ် သတ်ပြီး ဖေ့ ဘွတ် လူမှုကွန်ရက် စာမျက်နှာထက် ရေးသားဖော်ပြမှုတွေမှာတော့ တနိုင်းဒေသတွင်း တိုက်ပွဲတွေ အရှိန်မြင့်နိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်တွေများစွာရှိနေပါတယ်။

ရဲလွင်

ပုံစာ-ဒေသခံတွေကြား ပျံ့နှံ့နေတဲ့ ရဟတ်ယာဉ်ပေါ်မှ ကြဲချစာ နှင့်တနိုင်းဒေသအတွင်းက မှော်များ

Photo-Kachin Facebook

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*