ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်တော့မယ်

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်တော့မယ်
June 7, 2017 Asian Fame

5:37 pm
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်တော့မယ်
-နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့က တွေ့ဆုံကြစဉ် Photo-နိုင်ငံတော်အတိုင်ပင်ခံရုံး

-နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့က တွေ့ဆုံကြစဉ် / Photo-နိုင်ငံတော်အတိုင်ပင်ခံရုံး

၂၁ ပင်လုံ ဒုတိယအစည်းအဝေးအပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ချို့ကို မကြာခင်ရက်ပိုင်းမှာပြန်လည်စတင်တော့မှာဖြစ်ပါတယ်။အခုမကြာလုပ်တော့မယ့် ဆွေးနွေးပွဲကတော့ NCA စာချုပ် လက်မှတ်ရေးထိုးဖို့ ဆောင်ရွက်နေတဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရဲ့ အဖွဲ့ DPN နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်ကြား ဆွေးနွေးပွဲဖြစ်ပါတယ်။အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက “တွေ့မယ့်ေ နရာနဲ့ နေ့ရက်ကိုညှိနှိုင်းနေပါတယ်။ UNFC ဘက်က တွေ့ဆုံနိုင်မယ့်အကြောင်းကြားတာတွေ ဘာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

UNFC ရဲ့ DPN အဖွဲ့ဟာဆိုရင် အချက် ၉ ချက်ကို တောင်းဆိုထားပြီး ဒီတောင်းဆိုချက်တွေကို အစိုးရအနေနဲ့ ခွင့်ပြုရင် အပစ်ရပ်စာချုပ် NCA ကိုလက်မှတ်ထိုးမယ်လို့ ကြေညာထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ပည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး မကျင်းပမီ ကာလအတော်ကြာကတည်းက ဒီကိစ္စကို ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ညီလာခံ ကျင်းပတဲ့အချိန်ထိ ညှိနှိုင်းခြင်းလုပ်ငန်းစဉ်လည်းမပြီးဆုံးသလို ၊ ညီလာခံကို လည်း UNFC အဖွဲ့တွေ ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ယခုလက်ရှိ UNFCအဖွဲ့ ထဲမှာ NCA လက်မှတ်မရေးထိုးရသေးတဲ့ ကရင်နီတိုးတက်ရေးပါတီ(KNPP) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ(LDU) ၊ရခိုင်အမျိုးသားကောင်စီ(ANC) စတဲ့ အဖွဲ့ တွေရှိနေပါတယ်။ပီးခဲ့တဲ့ UNFC အဖွဲ့ထဲမှာ တပ်မတော်နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) ၊ “၀”အမျိုးသားအစည်းအရုံး(WNO) တို့ ပါဝင်ခဲ့ပေမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကျင်းပ ခါနီးရက်ပိုင်းအလိုလေးမှာ အသီးသီး နှုတ်ထွက်လိုက်ကြတာဖြစ်ပါတယ်။ဒီနှုတ်ထွက်လိုက်တဲ့အဖွဲ့တွေဟာ မြောက်ပိုင်းက “၀”သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ရဲ့ ဦးဆောင်မှုနဲ့ NCA စာချုပ်ကို သွေဖယ် ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပြီး UNFC အဖွဲ့ကနေ နှုတ်ထွက်လိုက်တာဖြစ်ပါတယ်။အခု NCA စာချုပ်ကို လက်မှတ်ရေးထိုးဖို့ ဆောင်ရွက်နေကြတဲ့ UNFC အနေနဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့မယ်ဆိုရင်တော့ မြန်မာပြည်တောင်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးနဲ့ အစိုးရကြား ငြိမ်းချမ်းရေးခရီးအနေအထားတစ်ခုအထိ ရောက်ပြီလို့ ဆိုရမှာဖြစ်ပါတယ်။အခု UNFC နဲ့ အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်လည်စတင်ဖို့ ဆောင်ရွက်နေသလိုပဲ မြောက်ပိုင်းက “၀”သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ နဲ့လည်း တွေ့ဆုံဆွေးနွေးတာတွေ လုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

“ညီလာခံအပြီး နောက်မှာ တွေ့ဆုံညှိနှိုင်းနိုင်အောင် ဘယ်လိုပုံစံနဲ့တွေ့နိုင်မလဲ ၊ ဘယ်လိုတွေ့ကြမလဲ ဆိုတာတွေ ကို ညှိနှိုင်းနေပါတယ်” လို့ သူက ဆိုပါတယ်။အခု UWSA ဦးဆောင်မှုအနောက်မှာဆိုရင် SSPP ၊ KIA ၊ MNDAA ကိုးကန့် ၊ TNLAတအောင်ပလောင် ၊ AAရခိုင်၊ NDAAမိုင်းလား စတဲ့အဖွဲ့တွေရှိနေပါတယ်။ဒီအဖွဲ့တွေထဲမှာ TNLA ၊ AA ၊ KIA ၊ MNDAA စတဲ့အဖွဲ့ တွေဟာ အစိုးရနဲ့ တိုက်ပွဲဖြစ်ပွားနေစဲအဖွဲ့တွေ ဖြစ်ပါတယ်။၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို နောက်ထပ် ခြောက်လအကြာမှာ ထပ်မံကျင်းပမှာဖြစ်ပါတယ်။အခု NCA လက်မှတ်မရေးထိုးရသေးတဲ့လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီကြားကာလမှာ NCA စာချုပ်ကိုလက်မှတ်ရေးထိုးရေးညှိနှိုင်းသွားနိုင်ခဲ့မယ်ဆိုရင်တော့ ၂၁ ပင်လုံ တတိယအကြိမ်အစည်းအဝေး မှာ တင်ပြဆွေးနွေးခွင့် တွေရရှိကြမှာဖြစ်တယ်လို့ အစိုးရက ဆိုထားပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*