သတင်းမီဒီယာလွတ်လပ်ခွင့် လက်ပတ်ဖြူလှုပ်ရှားမှု စတင်ပြီ

သတင်းမီဒီယာလွတ်လပ်ခွင့် လက်ပတ်ဖြူလှုပ်ရှားမှု စတင်ပြီ
June 7, 2017 Asian Fame

3:30 pm
သတင်းမီဒီယာလွတ်လပ်ခွင့် လက်ပတ်ဖြူလှုပ်ရှားမှု စတင်ပြီ

freepress

ရန်ကုန်၊ ဇွန် ၇

သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ၁၀ ရက်တာလှုပ်ရှားမယ့် လက်ပတ်ဖြူလှုပ်ရှားမှုကိုဒီကနေ့ ဇွန်လ ၇ ရက်နေ့ မှာ စတင်အသက်ဝင်ပြီလို့  မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ကြေညာလိုက်ပါတယ်။

သတင်းမီဒီယာသမားများအပေါ် ပုဒ်မ ၆၆ ဃ နဲ့ အစိုးရ၊ တပ်မတော်တို့ က တရားစွဲဆိုအရေးယူမှုတွေပြုလုပ်နေတာကြောင့် သတင်းလွတ်လပ်ခွင့်ကိုထိပါးလို့ ကန့် ကွက်တဲ့အနေနဲ့ ယခုလှုပ်ရှားမှုကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ ကော်မတီကဆိုထားပါတယ်။လက်ပတ်ဖြူ လှုပ်ရှားမှုကို ဇွန်လ ၈ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့ အထိ ၁၀ ရက်တာပြုလုပ်သွားမှဖြစ်ပြီး မြန်မာနိုင်ငံတွင်း သတင်း မီဒီယာ များ ဖိနှိပ်ခံနေရမှုနှင့် သတင်းလွတ်လပ်ခွင့် ပျောက်ဆုံး ခြိမ်းခြောက်ခံနေရမှု အပေါ် မီးမောင်းထိုးပြရန် ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။“သတင်းလွတ်လပ်ခွင့် ရှိရမည်” ဆိုတဲ့ တံဆိပ် ရိုက်နှိပ်ထားတဲ့ လက်ပတ်ဖြူများကို လှုပ်ရှားမှုရက်များအတွင်း ၀တ်ဆင်သွားမှာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*