ယခုဘဏ္ဍာနှစ်အစ(၂)လတာအတွင်းယခင်ကာလတူထက် ကန်ဒေါ်လာ တစ်ဘီလီယံကျော် ပိုမိုကုန်သွယ်နိုင်ခဲ့

ယခုဘဏ္ဍာနှစ်အစ(၂)လတာအတွင်းယခင်ကာလတူထက် ကန်ဒေါ်လာ တစ်ဘီလီယံကျော် ပိုမိုကုန်သွယ်နိုင်ခဲ့
June 7, 2017 Asian Fame

9:47 am
ယခုဘဏ္ဍာနှစ်အစ(၂)လတာအတွင်းယခင်ကာလတူထက် ကန်ဒေါ်လာ တစ်ဘီလီယံကျော် ပိုမိုကုန်သွယ်နိုင်ခဲ့

chart နေပြည်တော် ဇွန် (၆)

ယခု ဘဏ္ဍာနှစ်အစ ဧပြီ(၁)ရက်နေ့ မှမေလကုန်အထိ (၂)လအတွင်း ကုန်သွယ်မှု စာရင်းဇယား အချက်အလက်များ ကိုနှိုင်းယှဉ် ကြည့် ရာ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ပိုမို ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ် အစတွင်ပြည်ပပို့ကုန် တန်ဖိုး ကန်ဒေါ်လာ(၁.၈) ဘီလီယံနှင့် သွင်းကုန် တန်ဖိုး ကန်ဒေါ်လာ(၂.၉)ဘီလီယံ စုစုပေါင်း(၂)လ အတွင်း ကုန်သွယ်မှု တန်ဖိုးကန်ဒေါ်လာ(၄.၇) ဘီလီယံ အထိရရှိခဲ့သည်။ ယခင် ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ (၃.၅) ဘီလီယံခန့်သာ ကုန်သွယ်နိုင်ခဲ့သည့် အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ပိုမိုကုန်သွယ်နိုင် ခဲ့ခြင်းဖြစ်သည်။ ပို့ကုန် သွင်းကုန် ကဏ္ဍနှစ်ရပ်တွင် ပို့ကုန်မှ ကန်ဒေါ်လာ သန်း(၃၀၀) ၀န်းကျင်ခန့် ပိုမိုတင်ပို့ တင်သွင်းနိုင်ခဲ့ပြီး သွင်းကုန် တင်သွင်း မှုမှ ကန်ဒေါ်လာသန်း (၇၀၀)ကျော်ဖိုး ပိုမို တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ပို့ကုန်တင်ပို့မှု အပိုင်းတွင် လယ်ယာ ထွက်ကုန် ပစ္စည်းများဖြစ်ကြသော ဆန်နှင့် ဆန်ကွဲ တင်ပို့မှုများက အများဆုံး ပိုမို တင်ပို့နိုင်ခဲ့သည်။ ဒုတိယတင်ပို့မှု အများဆုံး ဆောင်ရွက်နိုင်သည့် ကုန်ပစ္စည်းများမှ သတ္တုနှင့် သတ္တုရိုင်း များဖြစ်ကြပြီး CMP စနစ်ဖြင့် ချုပ်သည့် အထည်များနှင့်ReExport ပစ္စည်းများမှာ တတိယနှင့် စတုတ္တနေရာ များတွင် သီးသီး ရှိနေသည်။ ယခု ဘဏ္ဍာနှစ် အတွင်း တင်ပို့နိုင်ခဲ့သည် ပို့ကုန် အုပ်စုများမှာ စက်မှုထွက်ကုန်ချော ပစ္စည်း များဖြစ်ကြပြီး (၃၉) ရာခိုင်နှုန်း ခန့်ရှိကာ၊ ဒုတိယ အများဆုံး အဖြစ် လယ်ယာထွက်ကုန် ပစ္စည်းများက(၃၁) ရာခိုင်နှုန်းနှင့် အခြား ပစ္စည်းများက ပို့ကုန် စုစုပေါင်း၏ (၁၅) ရာခိုင်နှုန်း တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရသည်။ တိရိစ္ဆာန်ထွက် ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများနှင့်ရေထွက် ကုန်ပစ္စည်း များမှာ တင်ပို့မှုစုစုပေါင်း၏ (၁၅)ရာခိုင်နှုန်း သာရှိခဲ့သည် ။ပြည်ပကို အများဆုံး တင်ပို့ခဲ့သည့် ပို့ကုန်များတွင် သဘာဝဓာတ်ငွေ့၊ ချုပ်ပြီးအထည်၊ သတ္တု ထွက်ကုန်များနှင့် ဆန်၊ ဆန်ကွဲ ၊ပြောင်း၊ မတ်ပဲနှင့်ရာဘာစိမ်း တို့ဖြစ်ကြသည်။

ယခုဘဏ္ဍာနှစ်အစ တွင်ကုန်သွယ်မှု တန်ဖိုး တိုးလာသလို တွင်းထွက်နှင့် သယံဇာတ တင်ပို့မှုများ အထိုက်လျောက်လျှော့ ချနိုင်ခဲ့ကာ လယ်ယာနှင့်သားငါး ထွက်ကုန်များကိုယခင်နှစ်က ထက် ပိုမိုတင်ပို့ဆောင်ရွက်နိုင်ခဲ့ကြောင်းတွေ့ရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*