ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ကိုယ်ရေးအရာရှိ လာဘ်စားထားကြောင်း ဦးမိုက်ကယ်ကျော်မြင့် စွပ်စွဲ

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ကိုယ်ရေးအရာရှိ လာဘ်စားထားကြောင်း ဦးမိုက်ကယ်ကျော်မြင့် စွပ်စွဲ
June 2, 2017 Asian Fame

12:43 pm
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ကိုယ်ရေးအရာရှိ လာဘ်စားထားကြောင်း ဦးမိုက်ကယ်ကျော်မြင့် စွပ်စွဲ

Web(ရန်ကုန် ၊ ဇွန် ၂)

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဟာ မြေယာပြန်ပေးမယ်လို့ လက်မှတ်ရေးထိုး တရားဝင်ပြောဆိုပြီးကာ မှကုမ္မဏီ တစ်ခုကိုလွှဲပြောင်းပေးခဲ့တယ် ဆိုပြီး မြေယာရှင် လို့ဆိုတဲ့ ဦးမိုက်ကယ်ကျော်မြင့်က ဒီကနေ့ မနက်ပိုင်းမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ စွပ်စွဲ ပြောကြား လိုက်ပါတယ်။

သူဟာ ဒီပြောကြားမှုကို ဒီကနေ့ ဇွန်လ ၂ ရက်နေ့က တာမွေမြို့နယ် ၊ ဟစ်တိုင်ကွင်းဘေးမှာပြောကြားခဲ့တာပါ။

ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးတင်ထွန်း ဟာလည်း ဝန်ကြီးချုပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ မြေဂရံ အမြန်ဆုံးရအောင် လုပ်ပေးမယ်လို့ ဆိုပြီး သိန်း
(၅၀)တောင်းခံ ခဲ့ကြောင်း၊ လက်ရှိမှာငွေကျပ် (၁၂)သိန်းပေး ခဲ့ပြီးဖြစ်တယ်လို့ သတင်း မီဒီယာတွေကို သူကဆိုပါတယ်။

“ကျွန်တော် တို့ကို ပေးမယ် ဆိုပြီးတော့ တရားဝင် မှတ်တမ်းဓာတ်ပုံတွေ ၊အစည်းဝေးတွေလုပ်ပြီးတော့ လူမသိ သူမသိဖောက်ဖျက် ပြီးတော့ ကုမ္မဏီကို ရောင်းစားသွားတာဖြစ်ပါတယ်” လို့ ဦးမိုက်ကယ်ကျော်မြင့် က ပြောပါတယ်။

မြောက်ဒဂုံမြို့ နယ် ၄၈ ရပ်ကွက် ဗိုလ်မှူးဗထူး အိမ်ရာနံဘေးက မြေ ၉ ဧကအကျယ်အဝန်းရှိ မြေကွက်ကို ၂၀၀၂ ခုနှစ်မှာ အိုအိမ်ဦးစီး ဌာနက မြေသစ်မြေယာစီမံကိန်းအနေနဲ့ သိမ်းဆည်းခဲ့ကြောင်း ၊ဒီအတွက်လည်း လျော်ကြေးနစ်နာကြေးများမပေးခဲ့ကြောင်း ၊ အခုအစိုးရ သစ်လက်ထက်မှာ မြေယာတွေပြန်ပေးမယ်ဆိုတာကြောင့် လယ်ယာမြေနဲ့ အခြားမြေများ သိမ်ဆည်း ခံရမူ ပြန်လည် စစ်ဆေးကော်မတီ ဗဟို ကို တင်ပြခဲ့ကြောင်း သူက ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် မှတ်ချက်နဲ့ ပြန်လည်စစ်ဆေးဖို့ ဝန်ကြီးချုပ်ဆီ စာပြန်ပို့ခဲ့တာကြောင့် အဆင့်ဆင့်စစ်ဆေးပြီး မြေယာလျော်ကြေးပေးဖို့ အစည်းဝေးပြုလုပ်ခဲ့ကြောင်း ၊ဒါပေမဲ့ သူတို့က ၉ ဧက သာပြန်ပေးရန် တောင်းဆိုခဲ့မူကြောင့် ဝန်ကြီးချုပ် လက်မှတ်နဲ့ ပြန် လည်ပေး ခဲ့ပြီးဖြစ်ကြောင်း ဦးမိုက်ကယ်ကျော်မြင့်က ပြောပါတယ်။

အခုကိစွနဲ့ ပတ်သတ်ပြီး စာချုပ်စာတမ်း ၊ လူသက်သေတွေရှိတယ်လို့ လည်းသူကဆိုပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တော်ဝင်နှင်းဆီမှာပြုလုပ်မယ်လို့ စီစဉ်ခဲ့ပေမဲ့ ပြုလုပ်ခွင့်မပေးတာကြောင့် ယုဇနဟိုတယ် ကို ပြောင်းရွှေ့ပြု လုပ် ဖို့ ဦးမိုက်ကယ်ကျော်မြင့်က စီစဉ်ခဲ့ပါတယ်။

ဒါပေမဲ့ ယုဇနဟိုတယ် တာဝန်ရှိသူတွေကလည်း ခွင့်မပြုတာကြောင့် တာမွေမြို့နယ် ဟစ်တိုင်ကွင်း နံဘေးနား ကိုပြောင်းရွှေ့ပြုလုပ် ခဲ့တာဖြစ်ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲပြုလုပ်နေမှုကို လာရောက်တားဆီးသူတွေရှိခဲ့တာကြောင့်ရုန်းရင်းဆန်းခတ်မူတွေလည်းဖြစ်ပွားခဲ့ပါတယ်။

သတင်း – ဖြိုးထက်အောင် ၊ ဝေရှိုင်းကျော်

ဓါတ်ပုံ – ကောင်းစွမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*