လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေနှင့် မြန်မာ့နိုင်ငံရေး အလားအလာ

လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေနှင့် မြန်မာ့နိုင်ငံရေး အလားအလာ
June 2, 2017 Asian Fame

11:55 am
လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေနှင့် မြန်မာ့နိုင်ငံရေး အလားအလာ

myathlaingမကြာခင် အခု ကျင်းပနေတဲ့ လွှတ်တော်မှာ လွှတ်တော် ကိုယ်စား လှယ်တာဝန် က ပြန်လည် ရုပ်သိမ်း ခြင်းဥပဒေ ကို ပြည်ထောင်စု အထွေ ထွေ ရွေးကောက်ပွဲ ကျင်းပရေး  ကော်မရှင်ကနေ တင်သွင်းသွား မယ်လို့ သိရပါတယ်။ ဒီဥပဒေ မှာ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရပြဋ္ဌာန်းထားတဲ့ အတိုင်းဆိုရင် ပုဒ်မ ၃၉၆ (ခ) မှာ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များ အနက် အနည်းဆုံး တစ်ရာခိုင်နှုန်း တို့ကတာဝန်မှ ပြန်လည်ရုပ်သိမ်း လို သော လွှတ်တော် ကိုယ်စားလှယ် နှင့် ပတ်သက်သည့် တိုင်တန်းချက် ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်လို့ ဆို ထားပါတယ်။

ဒီဥပဒေ အတိုင်းသာ ဆိုရင် လွှတ်တော် ကိုယ်စားလှယ် အ တော်များများ တာဝန်ကနေ ပြန် အရုပ်သိမ်း ခံရနိုင်တဲ့ အခြေအနေ တွေ များလိမ့်မယ်လို့ ခန့်မှန်းချင်ပါ တယ်။ ဘာကြောင့် ဒီလိုခန့်မှန်းချင် မိသလဲဆိုရင် အာဏာရ အန်အယ် ဒီပါတီမှာ လွှတ်တော်ကိုယ်စား  လှယ်များ အတွက် တိုင်ကြားနိုင်ရန် ဌာနတစ်ရပ် ဖွင့်ထားပါတယ်။ ဒီ ဌာနမှာ လွှတ်တော် ကိုယ်စား လှယ်တွေကို မလိုလားတဲ့တိုင်ကြား စာတွေ အများဆုံး ဆိုတာလည်း သိလိုက်ရပါတယ်။ နောက်တစ် ချက်က ပြီးခဲ့တဲ့ ၂ဝ၁၇ ဧပြီလ  ကြားဖြတ် ရွေးကောက်ပွဲမှာ အာ ဏာရ အန်အယ်ဒီ ပါတီ အနေနဲ့ မဲ ဆန္ဒနယ် ၁၈ နေရာ ဝင်ပြိုင်ပြီး ၉ နေရာသာ အနိုင်ရတဲ့ အခြေအနေ ကို ပြန်ကြည့်မယ် ဆိုရင် လည်း    ပြည်သူတွေ ရဲ့ထောက်ခံမှုအား ကျ ဆင်းလာတာကို တွေ့နိုင်ပါတယ်။

အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ အရလည်း အာဏာရ အန်အယ်ဒီ ပါတီ အနေနဲ့ ကဏ္ဍပေါင်းစုံမှာ အလွန် အင်မတန်အ ခက်အခဲတွေ ကို ရင်ဆိုင်နေရပါ တယ်။ ဒီအရေးကြီးတဲ့ ၂ဝဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင် ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးတွေ ကိုထားပါဦး။ ဒီအခြေအနေတွေက ရေရှည် ဆောင်ရွက်ရမယ့် ကိစ္စတွေ ပါ။ ရေတို လတ်တလော ဆောင် ရွက်ရမယ့်ကိစ္စတွေလည်း ရှိနေပါ တယ်။ ပြည်သူတွေ အတွက် စား ဝတ်နေရေး၊ သွားလာရေး၊ လူတစ် ယောက်ဘဝ လုံခြုံရေး၊ တရားဥပ ဒေစိုးမိုးရေး၊ လူ့ အခွင့်အရေး ဆို တဲ့ အနိမ့်ဆုံး ကိစ္စတွေကိုပြေလည် အောင် မဖြေရှင်းပေးနိုင်တဲ့ အတွက် ဝေဖန်မှုတွေကို ခံနေရပါတယ်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တွေကိုလည်း မြို့နယ် အတော်များ များမှာ သက်ဆိုင်ရာ မဲဆန္ဒရှင်တွေ က လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ရဲ့ တစ်မျက်နှာတည်း ကြောင့် မဲပေးခဲ့ရပြီး မကြိုက်ခဲ့ကြ ပါဘူး။ ဒီလွှတ်တော် ကိုယ်စားလှယ် တွေကလည်း မဲဆန္ဒရှင်တွေ က မဲ ပေးရွေးချယ် ပြီးတဲ့နောက်မှာ မဲ ဆန္ဒရှင်တွေ ကျေနပ်အောင် ထူး ခြားတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ မတွေ့ရပါဘူး။ ဒီကိစ္စတွေ ကို ပြည် သူတွေ သိနေကြသလို မီဒီယာတွေ ကလည်း ဝေဖန်နေကြပါတယ်။ သိ နေပြီးသား အကြောင်းအရာ တွေကို ထပ်မပြော လိုတော့ပါဘူး။

ဒီ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဥ ပဒေ မှာရေးဆွဲထားတဲ့ မဲဆန္ဒရှင် များရဲ့ တစ်ရာခိုင်နှုန်း က ရွေး ကောက်ပွဲ ကော်မရှင်ကို တိုင်ပြီး လွှတ်တော်က လက်ခံခဲ့မယ် ဆိုရင် ကြားဖြတ် ရွေးကောက်ပွဲတွေ  မကြာ မကြာ ပြန်ကျင်းပ ရမယ့် အခြေအနေ ဖြစ်နေပါလိမ့်မယ်။

လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကလည်း
၁။ နိုင်ငံတော်၏ကျေးဇူးသစ္စာ တော်ကို ဖောက်ဖျက်ခြင်း။
၂။ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက် ဖျက်ကျူးလွန်ခြင်း။
၃။အကျင့်သိက္ခာပျက်ပြားခြင်း။
၎။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် သတ်မှတ်ထားသည့် သက် ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် ၏ အရည်အချင်း ပျက်ယွင်းခြင်း။
၅။ ဥပဒေအရ ပေးအပ်သော တာ ဝန်များကို ကျေပွန်အောင်မ ဆောင်ရွက်ခြင်းစတဲ့ အချက်တွေ ထဲက တစ်ချက် ချက် ဖောက်ဖျက် ကျူးလွန်မိရင် လွှတ်တော်ကိုယ်စား လှယ် အဖြစ်က ပြန်အရုပ်သိမ်းခံရ မယ့် အခြေအနေ ရှိပါတယ်။ ဒါ ကြောင့် ပြီးခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ အာဏာရတဲ့အချိန်မှာ ဒီဥပဒေကို ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ် ။ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေ မန်းကိုယ်တိုင်ကို မဲဆန္ဒရှင်ပြည် သူများက လက်မှတ်ထိုးပြီး ရွေး ကောက်ပွဲကော်မရှင်ကို တိုင်ခဲ့တာ ကြောင့် ဆိုင်းငံ့ ထားခဲ့တာအားလုံး အသိပဲဖြစ်ပါတယ်။ ဒီ ပြဋ္ဌာန်းထား တဲ့အချက်တွေထဲက ကိုယ်စား လှယ် အရည်အချင်း ပျက်ယွင်းခြင်း နဲ့ ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း တွေက ကိုယ်စားလှယ်ပြန်ရုပ်သိမ်း နိုင်ဖို့အတွက် အဓိက ကျလာပါ လိမ့်မယ်။

ဒီဥပဒေကို အခု အာဏာရ အန်အယ်ဒီ ပါတီ လွှတ်တော်က အ တည်ပြုပေးခဲ့လို့ ရှိရင် ရွေးကောက် ပွဲ ပြန်ကျင်းပရမယ့် မဲဆန္ဒ နယ် တွေမှာ ၂ဝ၁၅ ရွေးကောက်ပွဲ တုန်းကလို အန်အယ်ဒီလွှတ်တော် ကိုယ်စားလှယ်လောင်းတွေ နိုင်ဖို့ မသေချာတော့ပါဘူး။ ဒီလို အခြေ အနေမှာ ပြည်နယ်မဲ ဆန္ဒနယ် တွေမှာ သက်ဆိုင်ရာ တိုင်းရင်း သားလွှတ်တော် ကိုယ်စားလှယ် လောင်းတွေအတွက် အခွင့် အရေး တစ်ရပ် ဖြစ်လာနိုင်ပါတယ်။

အဲဒီလိုပဲ အခု ပါတီတစ်ရပ် ပေါ်ပေါက်ဖို့ အားယူနေတဲ့ ၈၈ မျိုး ဆက် အဓိကပါတီ အတွက်လည်း မမျှော်လင့်ဘဲနဲ့ လွှတ်တော်ထဲ ကို စောစီးစွာ ရောက်နိုင်မယ့် အခြေ အနေတစ်ရပ်ကို ဖန်တီးပေးသလို ဖြစ်လာနိုင်ပါတယ်။

ပေါ်ပေါက်လာတော့မယ့် ၈၈ မျိုးဆက်တွေ အဓိက ဦးဆောင် မယ့်ပါတီနဲ့ ပြည်နယ်တွေက တိုင်း ရင်းသား ပါတီတွေ မဟာမိတ် အဖြစ် ပေါင်းစပ်နိုင်မယ် ဆိုရင် လွှတ် တော်ထဲမှာ အားကောင်း မောင်း သန် အတိုက်အခံ ဖြစ်လာနိုင်ပါ တယ်။ ဒါကလည်းဖြစ်ပေါ် လာနိုင် တဲ့အခြေအနေကို ခန့်မှန်းချက်တစ် ခုသာရှိပါတယ်။ ဒီဖြစ်ပေါ်လာနိုင် တဲ့ အခြေအနေကို ကာကွယ်ဖို့ အာ ဏာရ အန်အယ်ဒီ ပါတီ အတွက် ပြင်ဆင်ထားနိုင်ရပါလိမ့်မယ်။ ဒီ လိုပြင်ဆင်ထားနိုင်ဖို့အတွက် အာ ဏာရ အန်အယ်ဒီပါတီဟာ အနာ ဂတ်ပါတီ မူဝါဒတွေ သေသေချာ ချာ ရေးဆွဲပြီး အကောင်အထည် ဖော်နိုင်ဖို့လိုပါတယ်။ ဥပမာပြော ရရင် အန်အယ်ဒီပါတီရဲ့ လိုအပ်နေ တဲ့ ပါတီ ဖွဲ့စည်းပုံကိုအရင်ဆုံး ပြန် သုံးသပ်ပြီး ပြင်ဆင်ဖွဲ့စည်းရပါလိမ့် မယ်။ ပါတီရဲ့ အားနည်းနေတဲ့ စည်းရုံးရေး အခြေအနေကို အသစ် ပြန်ရေးဆွဲပြီး  ပြည်သူတွေထောက် ခံမှု ဆက်လက် ရယူနိုင်ဖို့လိုပါ တယ်။ မဲဆန္ဒနယ်တွေမှာ မဲဆန္ဒ နယ်မှာ နေထိုင် တဲ့ ပြည် သူတွေ က  ထောက်ခံမယ့် လူပုဂ္ဂိုလ်တွေကို ခေါ်ယူပြီး မြို့နယ် ပါတီတွေကို ဖြည့်စွက်နိုင်ရမှာပါ။ နယ်မြေပါတီ ခေါင်းဆောင်တွေ အဖြစ် စည်းရုံးမှု ကို အခိုင်အမာ တည်ဆောက်ထား နိုင်ဖို့လည်း အရေးကြီးပါတယ်။ ဒါ မှ ကြားဖြတ်ရွေးကောက်ပွဲတွေ ပြန်ကျင်းပတဲ့အခါ အခြေအနေ ပြန်ကောင်းပါလိမ့်မယ်။

နောက်တစ်ချက်က အခုရွေး ကောက်ပွဲကော်မရှင်က လွှတ် တော်ကိုတင်မယ့် လွှတ်တော်ကိုယ် စားလှယ် တာဝန်မှ ပြန်ရုပ်သိမ်း ခြင်း ဥပဒေမှာ ဖွဲ့စည်းပုံအရ ပုဒ်မ ၃၉၇ မှာ ပြဋ္ဌာန်းထားတဲ့ ‘ပြည် ထောင်စု လွှတ်တော်သည် ရွေး ကောက် တင်မြှောက်ခြင်း ဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်း ကောင်း၊ တာဝန်မှ ပြန်လည်ရုပ် သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ် လျဉ်း၍လည်းကောင်း လိုအပ် သော ဥပဒေများကို ပြဋ္ဌာန်း ရမည်’ ဆိုတဲ့အချက်အရ သက်ဆိုင်ရာမဲ ဆန္ဒနယ်၏ မူလမဲဆန္ဒရှင် များအ နက် အနည်းဆုံး တစ်ရာခိုင်နှုန်း တို့က တာဝန်မှ ရုပ်သိမ်း လိုသော လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ် သက်သည့် တိုင်တန်းချက်အစား ဖြစ်နိုင်ခြေရှိတဲ့ အရေအတွက် ကို ပြင် ဆင်ပေးနိုင်ရမှာပါ။ ဥပမာ ၂၅ ရာခိုင်နှုန်း (သို့မဟုတ်) ၅ဝ ရာခိုင် နှုန်းက တိုင်တန်းလျှင် ဆိုတဲ့ အရေ အတွက်ကို ပြန်အစားထိုးပြီး ဥပ ဒေကို ပြင်ရပါလိမ့်မယ်။

ဒီပုဒ်မ ၃၉၇ ဟာ ပုဒ်မ ၄၃၆ ထဲမှာ မပါဝင်တဲ့ အတွက် ပြည် ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း ကျော် က ထောက်ခံဆန္ဒမဲနဲ့ ပြင် ဆင်နိုင်ပါတယ်။ ဒီဥပဒေကို ပြင် ဆင်နိုင်ဖို့အတွက်လည်း ပြည်  ထောင်စုလွှတ်တော်မှာ အကျေ အလည် ဆွေးနွေးရမှာပါ။ ပြင်ဆင် နိုင်ဖို့အဆိုတင်ကတည်းက မကန့် ကွက်နိုင်လောက်တဲ့ အချက်အ လက်တွေ ရှာဖွေပြင်ဆင်ထားနိုင် ဖို့လိုအပ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်က ၂၅  ရာခိုင်နှုန်း ရှိနေပါတယ်။ ရွေးကောက်ခံပြည် သူ့လွှတ်တော် ကိုယ်စားလှယ်ထဲ မှာလည်း အတိုက်အခံ ကြံ့ခိုင်ရေး ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် အနည်းငယ်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေပါ ပေါင်းမှ လွှတ်တော်ကိုယ်စားလှယ် စုစု ပေါင်း ၇၅ ရာခိုင်နှုန်း ဖြစ်မှာပါ။

ဒီတစ်ရာခိုင်နှုန်း တိုင်တန်းရင် ဆိုတဲ့အချက်ကို မပြင်နိုင်ရင် အား လုံးသော ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေအ တွက် အန္တရာယ်ရှိနေမှာပါ။ ၂ဝ၁၅ ရွေးကောက်ပွဲကို ပြန်ကြည့် ရင် အာဏာရ အန်အယ်ဒီပါတီက အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ အများစုဟာ မဲအပြတ် အသတ်နဲ့ နိုင်ခဲ့တာ မဟုတ်ဘူး ဆိုတာတွေ့နိုင်ပါတယ်။ တချို့မဲဆန္ဒ နယ်တွေမှာ ပွတ်ကာသီကာ အ နိုင်ရလာပြီး လွှတ်တော်ကိုယ်စား လှယ်ဖြစ်လာတာကို အားလုံးသိ ခဲ့ကြပါတယ်။

အန်အယ်ဒီ ပါတီအနေနဲ့ လည်း အာဏာရပြီးတဲ့ တစ်နှစ် ကျော် ကာလမှာ အန်အယ်ဒီပါတီ ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကို ပြည် သူတွေရဲ့ထောက်ခံမှုက ၂ဝ၁၅ ကလို မဟုတ်တော့ဘူးဆို တာ ပကတိအခြေအနေအရ မငြင်းနိုင်တော့ပါဘူး။ အန်အယ် ဒီ ပါတီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ရဲ့ မျက်နှာတစ်ခု တည်းကိုကြည့်ပြီး ထောက်ခံနေကြတော့မှာ မဟုတ်တော့ပါဘူး။ မဲ ဆန္ဒ ရှင်ပြည်သူတွေ အနေနဲ့ သူတို့ အကျိုးကို ရှေးရှုမယ့်လွှတ်တော် ကိုယ်စားလှယ် များကိုသာ ရွေး ချယ်ကြတော့မယ့် အနေအထား ကို ရောက်နေပါပြီ။

ဒီ လွှတ်တော်ကိုယ်စားလှယ် တာဝန်က ပြန်ရုပ်သိမ်းတဲ့ ဥပဒေ သာ အတည်ဖြစ်သွားခဲ့မယ် ဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေ ကမတည်မငြိမ် ဖြစ်နိုင်တော့မှာ ကြိုတွေးလို့ ရနေပါတယ်။ အခု လက်ရှိ နိုင်ငံရေး အခြေအနေထက် ပိုကောင်းလာမလား၊ ပိုဆိုးသွားမ လား ဆိုတာကိုတော့ စောင့်ကြည့်ရ ပါတော့မယ်။

မြတ်လှိုင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*