ကူညီ ဖေးမမှု လိုအပ်နေသည့် ရွာငံလိမ္မော်

ကူညီ ဖေးမမှု လိုအပ်နေသည့် ရွာငံလိမ္မော်
June 2, 2017 Asian Fame

12:24 pm
ကူညီ ဖေးမမှု လိုအပ်နေသည့် ရွာငံလိမ္မော်
Myanmar-Now

မေလလယ်ပိုင်းက ရွာငံမြို့တွင်တွေ့ရသော လိမ္မော်စိုက်တောင်သူတစ်ဦး၊ လိမ္မော်ပင်သည် တခြားသီးနှံများထက် ရောဂါကျရောက်မှုများခြင်းကြောင့် ရွက်ဖျန်းမြေသြဇာ၊ ရွက်ဖျန်း ပိုးသတ်ဆေး၊ ရွက်ဖျန်းမှိုသတ်ဆေး တို့ကို ပိုမိုအသုံးပြုကြရသည်။ (ဓာတ်ပုံ – အိချယ်ရီအောင်/ Myanmar Now)

ရှမ်းပြည်နယ်၊ ရွာငံမြို့ရှိ လိမ္မော် ခြံလုပ်ငန်း တိုးတက်ရေးမှာ  အရင်း အနှီး၊ မျိုးစေ့၊ နည်းပညာ ဆိုင်ရာ အကူအညီများ ရရှိမှုအပေါ် မူတည် နေသည်ဟု  ဒေသခံတောင်သူများ၊ စိုက်ပျိုးရေး ဦးစီးဌာန အရာရှိများ က မကြာသေးမီက ပြောသည်၊

 ပြည်တွင်းပြည်ပ အကူအညီ ပေးရေးအဖွဲ့များ၏ ဦးစားပေးမှု သည် လက်ဖက်၊ ကော်ဖီ ကဲ့သို့သော သီးနှံစိုက်သူတို့ထံ သွားနေသည်ဟု ရွာငံမြို့ စိုက်ပျိုးရေး ဦးစီးဌာန ဦးစီး မှူး ဦးကျော်မျိုးသန့်က  ပြောသည်၊

”တခြား သီးနှံတွေလောက် လိမ္မော်သီးနှံအပေါ်မှာ စိတ်ဝင်စား မှုမရှိဘူး။ ဒါကလည်း ပြည်ပ ပို့ကုန် မဟုတ်လို့ ဖြစ်မယ် ထင်တယ်။  လိမ္မော် သီးနှံနဲ့ပတ်သက် ပြီးတော့ အကူအညီ၊ အထောက်အပံ့တွေ အများကြီး လိုအပ်နေပါသေးတယ်” ဟု ဦးစီးမှူးက ဆို သည်၊

လိမ္မော်နှင့် ပတ်သက်၍ သင် တန်း သီးသန့် မပြုလုပ်နိုင်သေးသော ၄င်းတို့၏ ဌာနအနေဖြင့် ကျေးရွာ များသို့ သွားရောက် ဆွေးနွေးသည့် အခါ လိမ္မော် စိုက်ပျိုးမှုအကြောင်း ကို ထည့်သွင်းပြောကြားဖြစ်သည် ဟု ၄င်းက ဆိုသည်။

သင်တန်း၊ ဆွေးနွေးပွဲ တို့ကို ကျေးရွာများသို့ ၃ လ တစ်ကြိမ် သွားရောက် ပြုလုပ်ကြောင်း၊ လမ်း ပန်း ဆက်သွယ်ရေး ခက်ခဲ သည့် ကျေးရွာဆိုပါက ၆ လ တစ်ကြိမ် ခန့်သာ သွားရောက်နိုင်ကြောင်း ၄င်းက ရှင်းပြသည်၊

သွားရောက် ဆွေးနွေးသည့် အကြောင်းအရာ များတွင် လိမ္မော် ပင်အိုပင်ဟောင်း ထိန်းသိမ်းနည်း၊ ပိုးသတ်ဆေး ကိုင်တွယ်အသုံးပြု နည်း၊ မြေသြဇာ သုံးစွဲနည်း၊ ရောဂါ ပိုး ထိန်းသိမ်းနည်းတို့ ပါဝင်သည် ဟု သိရသည်၊

”လိမ္မော်တွေက နှစ်ရှည်သီးနှံ ပင်တွေ ဖြစ်တဲ့အတွက် မျိုးမှားလို့ လည်းမဖြစ်ဘူး၊ ရောဂါဒဏ်ခံနိုင် တဲ့မျိုး၊ ပိုးမွှားဒဏ် ခံနိုင်ရည်ရှိတဲ့ မျိုးတွေ ကို ဂရုစိုက်ပြီး ရွေးချယ် သင့်ပါတယ်။ မျိုးမှား၊ ရွေးချယ်မှု မှားသွားတယ်ဆိုရင် တောင်သူ တွေအတွက် အချိန်ကုန်၊ ငွေကုန်၊ လူပန်း ပါတယ်။ တောင်သူတွေကို ရောဂါဒဏ်ခံနိုင်တဲ့မျိုး၊ စားသုံးသူ ကြိုက်နှစ်သက်တဲ့ မျိုးတွေကို ထောက်ပံ့နိုင်ဖို့အတွက် လိုအပ်နေ ပါသေးတယ်” ဟု ဦးစီးမှူးက ပြော သည်။

ဈေးကွက်

စိုက်ပျိုးရေး ဦးစီးဌာန၏ သင် တန်းဆင်းများထဲတွင် မြစေတီကျေး ရွာမှ ဦးမောင်မွှေးလည်း ပါဝင် သည်။

”စိုက်ပျိုးရေးဦးစီးဌာန ပို့ချ ပေးတဲ့ သင်တန်းတွေ ဆွေးနွေးပွဲ တွေက ကျွန်တော်တို့လို လိမ္မော် စိုက်ပျိုးသူတွေ အတွက် အကျိုးရှိပါ တယ်။ ဒါပေမယ့် သူတို့ သင်ကြား ပေးသမျှကို ကျွန်တော်တို့ အကုန် မလုပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆို တော့ ကျွန်တော်တို့မှာ အရင်းအနှီး လုံ လုံလောက်လောက် မရှိလို့ပါ၊ နောက်ပြီး ကျွန်တော်တို့က ဒီသီးနှံ တစ်မျိုးတည်းကိုပဲ စိုက်ပျိုးနေတာ မဟုတ်ဘူးလေ။ အဲဒါကြောင့် ဒီ သီးနှံကိုပဲ တစ်ချိန်လုံးအချိန်မပေး နိုင်ပါဘူး” ဟု ၄င်းက ပြောသည်။

လိမ္မော်သီးနှံ အရင်းအနှီးများ ပြားရခြင်းမှာ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ၊ ရွက်ဖျန်းမြေသြ ဇာ၊ ရွက်ဖျန်း ပိုးသတ်ဆေးမျိုးစုံ အ သုံးပြုနေရခြင်းကြောင့် ဖြစ်ကြောင်း ရွာငံမြို့ လိမ္မော် စိုက်ပျိုးရေးအ သင်း ဒုဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင် ဇော်က ပြောသည်။

”လုပ်ကွက်ငယ်သမားတွေ ကျ တော့ ဗဟုသုတက လည်းနည်း၊ အ ရင်းအနှီး ကလည်း နည်းတော့ အ မြတ်အစွန်း သိပ်မရှိဘူးပေါ့။ ဒါ ကြောင့် နိုင်ငံတော် အနေနဲ့စိုက်ပျိုး ရေးလုပ်ငန်းသုံးပစ္စည်းတွေကို ဈေး နှုန်း သက်သက်သာသာနဲ့ တင် သွင်း ရောင်းချသင့်ပါတယ်။  ဒါမှ စိုက်ပျိုးရေး လုပ်ကိုင်သူတွေ အ မြတ်ပိုကျန်နိုင်ပါတယ်” ဟု ဦးခင် မောင်ဇော်က ဆိုသည်၊

အလုပ်သမား အများအပြား ငှားရမ်းထားသော ဦးခင်မောင်ဇော် သည် ရေဦး ကျောက်မြောင်းကျေး ရွာရှိ  ၁၈ ဧကခြံတွင်    လိမ္မော် ပင် ပေါင်း ၅ဝဝဝ ကျော် စိုက်ပျိုးလုပ် ကိုင်လျက်ရှိသည်၊

လူဦးရေ ရှစ်သောင်းကျော် နေထိုင်လျက်ရှိသော ရွာငံတွင် လိမ္မော် စိုက်ပျိုးမြေ ဧက ၃ဝဝဝ ကျော် ရှိပြီး ဆွတ်ခူး ရိတ်သိမ်း ဧရိ ယာ ၂၁၄၈ ဧက ရှိခဲ့ကြောင်း၊ တစ် ဧကပျမ်းမျှအထွက်နှုန်း ၁ဝ၉၈၅ ပိဿာရှိကြောင်း စိုက်ပျိုးရေးဦးစီး ဌာ၏ မှတ်တမ်းတွင် တွေ့ရသည်။

ရွာငံလိမ္မော်သည် ရန်ကုန်၊ နေပြည်တော်၊ အောင်ပန်း ဈေး ကွက်သို့ အဓိက စီးဆင်းနေသည်။

ရွာငံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအုန်းမြင့်က ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ဆောင်ရွက် သင့်သည်မှာ တောင်သူ တို့အတွက် နည်းပညာ၊ အရည်အ သွေး ကောင်းမွန်သည့် မျိုးစေ့များ ထောက်ပံ့ရေးဖြစ်သည်ဟု ဆိုသည်။

”နိုင်ငံတကာ အရည်အသွေး၊ စံချိန် စံညွှန်းနဲ့ကိုက်ညီမှ ပြည်ပကို တင်ပို့လို့ ရမှာပါ။ လိမ္မော်စိုက် တောင်သူတွေ အနေနဲ့ မျက်စိဖွင့်၊ နားစွင့် ပြီးတော့ ကိုယ့်ဒေသ ရာသီ ဥတုနဲ့ ကိုက်ညီတဲ့ မျိုးစေ့မျိုးကို အဓိက စိုက်သင့်ပါတယ်” ဟု ဒုတိ ယ ဦးစီးမှူးက ဆိုသည်၊

‘ဓာတုဆေးဝါးတွေကို အဓိက သုံးစွဲခြင်းထက် သဘာဝနည်းအ တိုင်းလည်း ဂရုစိုက် သင့်ပါတယ်။  ဓာတ်မြေသြဇာထက် သဘာဝမြေ သြဇာ၊ နွားချေးတွေကို ပိုအသုံးပြု သင့်ပါတယ်”

တန်ဖိုးမြင့်ထုတ်ကုန်

 မြစေတီကျေးရွာတွင် လိမ္မော် တစ်ဧကခွဲကျော် စိုက်ပျိုးနေသည့် ဦးဇော်လင်းထက် ကလည်း အစိုး ရ၏ ကူညီမှုကို မျှော်လင့်နေသည်။

 ဈေးကွက် လိုအပ်ချက်ပေါ်မူ တည်၍ လိမ္မော်ဈေးနှုန်း အတက် အကျ ရှိကြောင်း၊ လိမ္မော်ကို ပြည် တွင်းသာမက ပြည်ပဈေးကွက်သို့ လည်း တင် ပို့ရောင်းချနိုင်ရန် နိုင်ငံ တော် အနေဖြင့် အကူအညီပေးသင့် ကြောင်း ဦးဇော်လင်းထက်က ပြောသည်။

လိမ္မော်သီးကို အလုံးလိုက် တင်ပို့ရောင်းချခြင်း အပြင် ဖျော် ရည်ပြုလုပ်ခြင်းကဲ့ သို့သော တန်ဖိုး မြင့်ထုတ်ကုန် ဖြစ်လာလျှင် ပို၍ အကျိုး အမြတ်ရှိမည် ဖြစ်ကြောင်း၊ တောင်သူများ၊ အစုအဖွဲ့များကို တန်ဖိုးမြင့် ထုတ်ကုန် သင်တန်းပေး သင့်ကြောင်း ၄င်းက ဆိုသည်။

လုပ်ငန်းရှင်တို့ အနေဖြင့် စက် ရုံ အလုပ်ရုံများ တည်ထောင်ကာ ရင်းနှီးမြှုပ်နှံ သင့်ကြောင်း၊ လိမ္မော် ဖျော်ရည် ထုတ်လုပ်ရေး စက်ရုံ များ ပေါ်ပေါက်လာပါက ဈေးကွက်ပုံ မှန် လိုအပ်ချက်ရှိလာပြီး ဈေးငြိမ် မည်ဖြစ်ကြောင်း  ၄င်းက ဆက် ပြောသည်။

”ဈေးကွက်ထဲမှာ လိမ္မော်သီး တွေ ပုံနေလို့ စိုက်ပြီးသား လိမ္မော် သီးတွေကို မတင်ပို့လိုက် ရတဲ့ နှစ် တွေ ရှိတယ်။ အဲဒီလို အချိန်တွေ ကျတော့ ကျွန်တော် တို့က လိမ္မော် ပုပ်မယ့်အချိန်ကို ထိုင်ကြည့်နေရ သလို ဖြစ်တာပေါ့။ ပုပ်တာကို မ ကြည့်ချင်ဘူး၊ ဈေးကွက်ထဲပို့မယ် ဆိုရင် လည်း မမြတ်တဲ့အပြင် သယ်ယူစရိတ်က ကိုယ့်အိတ်ထဲက ပြန်စိုက်ရမယ့်သဘောရှိတယ်” ဟု  ဦးဇော်လင်းထက်က ဆိုသည်၊

”ဖျော်ရည်စက်ရုံတွေ ပြည် တွင်းမှာသာရှိမယ် ဆိုရင် ဈေး ကွက်မှာ အသီးတွေ ပုံနေရင် ကျွန် တော်တို့က အဲဒီ စက်ရုံတွေကို အသီးတွေ ပို့လို့ရတယ်”

 ပြည်ပနိုင်ငံသို့ တင်ပို့ရောင်း ချနိုင်ရန် အတွက် လိမ္မော် စိုက်ပျိုးမှု နှင့် ပတ်သက်၍ အော်ဂဲနစ် လက် မှတ်ရရှိအောင် ပြုလုပ် သင့်ပြီဖြစ် ကြောင်း ၄င်းက ယူဆသည်၊

သဘာဝမြေသြဇာ၊ ဓာတ်မြေ သြဇာလိုအပ်သော လိမ္မော်ပင်သည် တခြားသီးနှံများထက် ရောဂါ ကျ ရောက်မှု များခြင်းကြောင့်  ရွက် ဖျန်းမြေသြဇာ၊ ရွက်ဖျန်း ပိုးသတ် ဆေး၊ ရွက်ဖျန်းမှို သတ်ဆေးတို့ကို ပိုမို အသုံးပြုကြရသည်။ ဓာတုဆေး သုံးစွဲမှု များပြားခြင်းကြောင့်  ပြည်ပ ပို့ သည့်အခါ အခက်တွေ့နိုင် ကြောင်း လေ့လာမှု အားကောင်း သည့် တောင်သူများက သဘော ပေါက်နေသည်။

”နိုင်ငံတကာ ဈေးကွက်ကို တင်ပို့ရောင်းချချင်တယ် ဆို အဓိက ကတော့ ပိုးသတ်ဆေး တွေမသုံးဘဲ သဘာဝ စိုက်ပျိုးနည်းအတိုင်း စိုက် ပျိုးသင့်တယ်။ အဲဒီလိုမှ မဟုတ်ဘဲ ပိုးသတ်ဆေးတွေ အသုံးပြုထားရင် ဘယ်လောက်ပဲ ဟိုဘက်ကိုပို့ပို့၊ ဟို ဘက်က ဓာတ်ခွဲကြည့် လိုက်လို့ ဓာတ်ကြွင်းကျန်ရင် ပြန်ပို့ခံရမှာပဲ။ အရင်ဆုံးစိုက်ပျိုးမှု စနစ်ကို ပြောင်း လဲဖို့လိုပါတယ်” ဟု   မြိုင်ကျေးရွာမှ တောင်သူ ဦးမျိုးဝင်းဦး က ဆို သည်။

စိုက်ပျိုးရေး လုပ်ကိုင်သူများ အနေဖြင့် မိမိကုန်ပစ္စည်း ကို ပြည်ပ ဈေးကွက်သို့ တင်ပို့ခြင်း မပြုနိုင် ပါက ပြည်တွင်းဈေးကွက် ကိုသာ အားကိုးနေ ရမည်ဖြစ်ကြောင်း မြိုင် ကျေးရွာမှ တောင်သူ ဦးမျိုးဝင်း ဦးက ဆိုသည်၊

”တောင်သူတွေက သီးနှံတစ် ခုကို စိုက်ပျိုးပြီးရင် ပြီးပြီးရောဆို ပြီး ပစ်မထားသင့်ဘူး။ ကိုယ့်သီးနှံ အထွက်နှုန်းကောင်းအောင်၊ အ ရည် အသွေးကောင်းအောင် ဂရု တစိုက် လုပ်ကိုင်သင့်တယ်” ဟု ဦးမျိုးဝင်းဦးက ပြောလိုက်သည်။

အိချယ်ရီအောင် (Myanmar Now)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*