ကာကွယ်ရေး ၀န်ကြီးဌာန၏ သိမ်းဆည်းခြင်း ခံရသော မြေယာများကို ပြန်လည် ရယူလို၍ လျောက်ထားမှုမှာ အများဆုံး ဖြစ်ကြောင်း စိစစ်ရေး ကော်မတီဆို

ကာကွယ်ရေး ၀န်ကြီးဌာန၏ သိမ်းဆည်းခြင်း ခံရသော မြေယာများကို ပြန်လည် ရယူလို၍ လျောက်ထားမှုမှာ အများဆုံး ဖြစ်ကြောင်း စိစစ်ရေး ကော်မတီဆို
June 2, 2017 Asian Fame

4:07 pm
ကာကွယ်ရေး ၀န်ကြီးဌာန၏ သိမ်းဆည်းခြင်း ခံရသော မြေယာများကို ပြန်လည် ရယူလို၍ လျောက်ထားမှုမှာ အများဆုံး ဖြစ်ကြောင်း စိစစ်ရေး ကော်မတီဆို

n(ရန်ကုန်၊ ဇွန် ၂)

ရန်ကုန်တိုင်း အတွင်း မြေယာပြန်လည်ရယူလို၍ လျောက်ထားမှု များအနက် ကာကွယ်ရေး ၀န်ကြီးဌာန၏ သိမ်းဆည်းခြင်း ခံရသော မြေ ယာများ ကို လျောက်ထားမှုမှာ အများဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဥက္ကဌအဖြစ် တာဝန် ယူဆောင် ရွက်နေသော ရန်ကုန် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှု ပြန်လည် စီစစ်ရေးကော်မတီ ကပြောသည်။

ဇွန်လ ၁ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံး၊ မင်္ဂလာခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့် ခွဲရေး စာရင်း အင်း ဦးစီး ဌာန ၊ ရန်ကုန်မြို့ တော်စည်ပင် သာယာရေးကော်မတီ၊ အိုးအိမ် ဦးစီးဌာနတို့  က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကိုပြုလုပ်ခဲ့ ရာတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

” ရန်ကုန်တိုင်းမှာတော့ သိမ်းတဲ့မြေတွေနဲ့ ပတ်သတ်လို့ ကတော့ တော်တော်များများများတာက ကာကွယ်ရေးဝန်ကြီးဌာနက ရယူခဲ့ တဲ့မြေတွေ က များပါတယ်။ နောက်တစ်ခု ကတော့ မြို့ ပြနဲ့ အိုးအိမ်က စည်ပင်သာယာနယ် အတွင်းက သိမ်းခဲ့ တဲ့မြေတွေ ကို ပြန်ပြီးတော့ တောင်းတဲ့ ကိစ္စတွေများတယ် ဆိုတာတွေ့ ရပါတယ်” ဟု ရန်ကုန် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့် ခွဲရေး စာရင်းအင်း ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းမြင့်ကပြောသည်။

အစိုးရသစ် လက်ထက်တွင် ရန်ကုန်တိုင်း အတွင်းရှိ ခရိုင်လေးခု စလုံးမှ တက်လာသော မြေယာ အမှုတွဲပေါင်း လက်ရှိ အချိန်ထိ (၁၉၀၅ ) တွဲရှိနေပြီး အစိုးရဟောင်း လက်ထက် မှမြေယာ အမှုတွဲပေါင်း ၄ ထောင်ကျော် ရှိနေသေးကြောင်း ကော်မတီကပြောသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*