Calling ကျပြီး အလုပ်သမား များအား မလေးရှားသို့ လွှတ်ခွင့်ပြုရန် အေဂျင်စီ အသင်းချုပ် တောင်းဆို

Calling ကျပြီး အလုပ်သမား များအား မလေးရှားသို့ လွှတ်ခွင့်ပြုရန် အေဂျင်စီ အသင်းချုပ် တောင်းဆို
June 1, 2017 Asian Fame

3:28 pm
Calling ကျပြီး အလုပ်သမား များအား မလေးရှားသို့ လွှတ်ခွင့်ပြုရန် အေဂျင်စီ အသင်းချုပ် တောင်းဆို

(ရန်ကုန်၊ ဇွန် ၁)

အလုပ်သမား ပို့ခွင့် ပိတ်ထားတဲ့ မလေးရှားနိုင်ငံ ကို Calling Visa ကျပြီးသား အလုပ်သမားတွေ ပြန် လည်စေလွှတ် ခွင့်ပေးဖို့ မြန် မာပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များ အသင်းချုပ် (MOEAF )က ၀န်ကြီးဌာန ကိုတောင်းဆိုလိုက်ပါတယ်။

မေလ ၃၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီတောင်းဆိုစာထဲမှာ မလေးရှားက အလုပ်ခေါ်စာ (Calling Visa) သက်တမ်းဟာ တစ်နှစ် မှာ ၄ လပဲရရှိပြီး သက်တမ်းတိုးအနေနဲ့ ၄ လထပ်မံရရှိကြောင်း ၊ အခု အလုပ်သမားဝန်ကြီးဌာန အနေနဲ့ မလေးရှားကို အလုပ် သမား ပို့ခွင့် ပိတ်ထားသည်မှာ ၆ လခန့်ရှိပြီဖြစ်ကြောင်း၊ KDN လို့ခေါ်တဲ့ မလေးရှားပြည်ထဲရေး ၀န်ကြီးဌာနရဲ့ နိုင်ငံခြားသားခေါ်ယူ ခွင့်အမိန့်စာ ဟာလည်း သက်တမ်း အကန့်အသတ်ရှိကြောင်း ၊် မလေးရှားကို သွားဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ အလုပ်သမား တစ်ဦး ဟာ ငွေကျပ် ၃ သိန်းလောက်ကုန်ကျပြီး အခု Calling Visa ကျပြီးသားအလုပ်သမား ၈၀၀၀ လောက်နဲ့ တွက်ကြည့်ရင် ငွေကျပ် သိန်းပေါင်း နှစ်သောင်းနှစ်ထောင်ကျော် ရှိကြောင်း ၊ အခုလိုတရားဝင် အလုပ်သမားစေလွှတ်ခွင့် လမ်းကြောင်းကို ကာလရှည်ပိတ် ထား တာကြောင့် တရားမ၀င်သွားရောက်တဲ့သူ များလာကြောင်း ၊ ဒါကြောင့် Calling Visa ကျပြီးသားအလုပ်သမား ၈၀၀၀ ခန့်ကို စေလွှတ် ခွင့်ပြုပါက MOEAF အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ မလေးရှားမှာပြဿနာ တစ်စုံ တစ်ခုကြုံတွေ့ ရင် ပြေလည်တဲ့ အထိတာဝန်ယူဖြေရှင်းပေးမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အဲ့ဒီကိစ္စ နဲ့ပတ်သတ်လို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အား ၀န်ကြီးဌာနအနေနဲ့ မလေးရှားမှာဖြစ်နေတဲ့ နိုင်ငံရေး အခြေ အနေတွေကို ခြုံငုံ သုံးသပ်ကြည့်ရင် အလုပ်သမားစေလွှတ် ခွင့်ပြန်လည်ခွင့်ပြုပေးဖို့ အဆင်မပြေသေးဘူးလို့ ၀န်ကြီးဌာနရဲ့ တာဝန်ရှိသူ တစ်ဦးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပေါ်ပြူလာနယူးစ်ကို ပြောကြားဖူးပါတယ်။

ဒါ့အပြင် Calling Visa ကျပြီးသားအလုပ်သမားတွေကို ပြန်လည်ခွင့်ပြုပေးဖို့ကိုလည်း လုပ်မှာမဟုတ်သေးကြောင်းဆိုပါတယ်။
မြန်မာနိုင်ငံရခိုင် အရေးနဲ့ပတ်သတ်ပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က မလေးရှားမှာ ဆန္ဒထုတ်ဖော်မှု တစ်ခုကို ဦးဆောင်ပြု လုပ်ပြီးနောက်ပိုင်းမလေးရှားရဲ့ဖြစ်ပေါ်လာတဲ့နိုင်ငံရေးအခြေအနေတွေအရ အလုပ်သမားစေလွှတ်ခွင့်ကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံပြီးရင် မလေးရှားနိုင်ငံဟာ မြန်မာလုပ်သားတွေ ဒုတိယအများဆုံး သွားရောက် အလုပ်လုပ်ကိုင်တဲ့နိုင်ငံ တစ်ခု လည်းဖြစ် ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*