သူများ ဘာလုပ်လုပ် မကောင်း ပြောတာ လက်ရှိ မြန်မာပြည်မှာ ၈ဝ ရာခိုင်နှုန်းလောက် ရှိတယ် ဆိုတဲ့ ဇာဂနာ

သူများ ဘာလုပ်လုပ် မကောင်း ပြောတာ လက်ရှိ မြန်မာပြည်မှာ ၈ဝ ရာခိုင်နှုန်းလောက် ရှိတယ် ဆိုတဲ့ ဇာဂနာ
June 1, 2017 Asian Fame

12:12 pm
သူများ ဘာလုပ်လုပ် မကောင်း ပြောတာ လက်ရှိ မြန်မာပြည်မှာ ၈ဝ ရာခိုင်နှုန်းလောက် ရှိတယ် ဆိုတဲ့ ဇာဂနာ

Zargana(ရန်ကုန်၊ မေ ၂၉)

ဒါရိုက်တာ ဘကြီးအောင်(စံရွှေ မောင်) ရိုက်ကူးမည့် ‘သရာစောထိ’ ရုပ်ရှင် ဇာတ်ကားကို ဇာဂနာက ဇတ်လမ်း၊ ဇာတ်ညွှန်း ရေးသား ထားပြီး ထိုဇာတ်ကား ကိုမြန်မာ့ဒီမိုကရေစီ ရုပ်ရှင် ရက်သတ္တပတ် တွင် ပြသသွားမည်ဟု သိရသည်။

သရာစောထိ ရုပ်ရှင်ဇာတ်ကားသည် ဒီမိုကရေစီ လမ်းကြောင်းကို မီးမောင်း ထိုးပြထားခြင်းဖြစ်ကြောင်း ဇာဂနာက ပြောသည်။

”ကျွန်တော့် သရာစောထိ ရုပ်ရှင်ဇာတ် ကားနဲ့ မီးမောင်းထိုးပြ လိုက်တာပါ။ ဒီကားမှာပါတဲ့ သရုပ်ဆောင် ၄ယောက် စလုံးက ဒီတိုင်းပြည်ကလူတွေပဲ။ အဲဒီ ဒီမို ကရေစီရဲ့လမ်းကြောင်းကို သွားချင်ရင် ဒီတိုင်းပြည်က လူ ၄ ယောက်ရဲ့ ပုံစံကို ကြည့်လိုက်ရင်ပေါ်မယ်။ စောထိက ဘာလဲ ဆိုတော့ သူ့ဒေသအတွက် သူပြန်ပြီးတော့ အလုပ်လုပ်ဖို့လိုတယ်။ ငါတစ်ယောက် တည်း ဆယ်တန်းအောင် လို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ တစ်ဒေသ လုံး ဆယ်တန်းအောင်ဖို့ ဆိုတဲ့စိတ်နဲ့ သူ့ ဒေသ အတွက် သူပြန်ပြီးအလုပ် လုပ်တယ်။ နောက် တစ်ယောက်က ကိုပြည့်ဆိုတဲ့ လူ တစ်ယောက်က သူများ ဘာဖြစ်ဖြစ် စိတ် လည်းမဝင်စားဘူး။ သူ့ဒေသကြီး မီး လောင်နေတုန်း ကလည်း သူဝင်မကူခဲ့ဘူး။ သူ့ဒေသကြီး အောင်မြင်ချမ်းသာ နေတော့ လည်း သူဝင်မပါဘူး။ တစ်ခုတော့ သူက ပုံမှန်လုပ်တယ်။ သူများ ဘာလုပ်လုပ် မကောင်းပြောတယ်။ အဲဒါ လက်ရှိ မြန်မာ ပြည်မှာ ၈ဝ ရာခိုင်နှုန်းလောက် ရှိတယ်။ နောက်တစ်ယောက်က ကျတော့ ယဉ်လတ် ပေါ့။ သူကကျတော့ လက်ရှိ မြန်မာပြည်မှာ လူငယ် အများစုဖြစ်နေတဲ့ ပြဿနာ။ ဘာ လုပ်ရမှန်းမသိဘူး။ လမ်းပျောက်နေ တယ်။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်ချင်နေ မှန်းမသိတဲ့ လူငယ်တွေ အများကြီးပဲ။ ကျွန်တော့် သား၊ သမီးတွေလည်း ပါတယ်။ နောက်တစ်ယောက်က ယုသန္တာတင်။ သူကဘာလဲ ဆိုတော့ ဒီဒေသက မွေး တယ်။ ဒီဒေသက အခက် အခဲတွေ ကို သူသိတယ်။ ရင်လည်း ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် ဒီမှာ သူနေလို့ မဖြစ်တော့ဘူး။ ရေကြည်ရာမြက်နုရာ ဒီကနေ တခြား တစ် နိုင်ငံကို သွားတယ်။ သူဟိုမှာ ရှာလို့ရတဲ့ ပိုက်ဆံကို သူ့ဒေသဖွံ့ဖြိုး တိုးတက်ရေးမှာ လာပြီးအသုံးချတယ်။ ကျွန်တော် ဒီလူငယ် ၄ယောက်ကို ကျွန်တော် ဒီဇာတ်လမ်းမှာ ပြထားတယ်။ အဲဒီပြထားတဲ့ ၄ယောက်က လက်ရှိ မြန်မာနိုင်ငံရဲ့ ပန်းချီကားပဲ။ ကျွန်တော်ဖြစ်စေချင်တာ ဒီမိုကရေစီ ဆိုတဲ့  Drive ကိုသွားချင်ရင် စောထိလိုစိတ်မျိုး ထားပါ။ ယုသန္တာတင်လို စိတ်မျိုးထားပါ။ ယဉ်လတ်လို လမ်းကြောင်း မပျောက်စေနဲ့။ ဒါပေမယ့်သူက နောက်ဆုံးမှာ လမ်းကြောင်း တွေ့သွားတယ်။ ကိုပြည့်လိုစိတ်မျိုးမထား ကြနဲ့” ဟု ဇာဂနာက အဆိုပါ ရုပ်ရှင်နှင့် ပတ်သက်၍ပြောသည်။

‘သရာစောထိ’ ရုပ်ရှင်ဇာတ်ကား၏ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို အကျဉ်းထောင် ထဲတွင် နေစဉ်ကတည်းက စိတ်ကူးရရှိခဲ့ ခြင်းဖြစ်ကြောင်း ဇာဂနာ ကပြောသည်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*