ယခုနှစ် GMI Grandmasters တွင် မြန်မာနိုင်ငံ ကိုယ်စားပြု Chevrolet Myanmar မှ ဆုရရှိခဲ့

ယခုနှစ် GMI Grandmasters တွင် မြန်မာနိုင်ငံ ကိုယ်စားပြု Chevrolet Myanmar မှ ဆုရရှိခဲ့
June 1, 2017 Asian Fame

12:19 pm
ယခုနှစ် GMI Grandmasters တွင် မြန်မာနိုင်ငံ ကိုယ်စားပြု Chevrolet Myanmar မှ ဆုရရှိခဲ့

ch(ရန်ကုန်၊ ဇွန် ၁)

အမေရိကန်နိုင်ငံ၊ နယူးရော့ခ်မြို့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည့် GMI Grandmasters (General Motors International Grandmasters) ဆုချီးမြှင့်ပွဲတွင် ဈေးကွက်ပေါင်း (၁၃) ခုမှ ကိုယ်စားလှယ်ပေါင်း (၁၁၆) ဦး ဆုချိတ်ခဲ့ပြီး ယင်း တို့ထဲ တွင် မြန်မာနိုင်ငံ ကိုယ်စားပြု Chevrolet Myanmar လည်း ပါဝင်ခဲ့သည်ဟု သိရသည်။

GMI Grandmasters အခမ်းအ နားမှာ GM အတွက် ဒေသတွင်းဈေးကွက်များ၌ ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သော ကိုယ်စားလှယ် များအား ဂုဏ်ပြုရန် ရည်ရွယ်ကျင်းပဖြင်းဖြစ်ပြီး ယခုနှစ်ကျင်းပသော အခမ်းအနားမှာ ဆယ့်လေးကြိမ်မြောက်ဖြစ်သည်။

ဆုများ ရွေးချယ်ရာ၌ မော် တော်ယာဉ်များနှင့် ယာဉ်အပိုပစ္စည်းများ ရောင်းချပံ့ပိုးနိုင်မှု၊ ဝန်ဆောင်မှုပေးအပ်ခြင်း၊ စားသုံးသူများ၏ စိတ်ကျေနပ်မှု အစရှိ သည်တို့ကို အခြေခံပြီး လုပ်ငန်းဆောင်တာများကို အကျိုးရှိရှိ၊ အရည်အသွေးပြည့်ဝမှုရှိရှိ ဆောင်ရွက်နိုင်စွမ်းများကိုလည်း ထည့် သွင်းစဉ်းစားသည်ဟု သိရသည်။

ယခုနှစ် GMI Grandmasters အခမ်းအနားတွင် ဩစတေးလျ၊ နယူးဇီလန်၊ အရှေ့အလယ်ပိုင်းဒေသ၊ ကိုးရီးယား၊ အစ္စရေး၊ ဂျပန်နှင့် အရှေ့တောင်အာရှဒေသများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို GM ၏ ဇိမ်ခံကား Brand တစ်ခုဖြစ်သည့် Cadillac အတွက် အသစ်တည်ဆောက်ထားသော Cadillac House ၌ မေလ (၇) ရက်နေ့က စတင်ခဲ့ သည်။ အခမ်းအနားတွင် Cadillac ၏ နာမည်ကျော် CT6, XT5, CTS အစရှိသည့် မော်ဒယ်လ်သစ်များကို ခင်းကျင်းပြသခဲ့ပြီး GM ၏ အကြီးတန်း အမှုဆောင် များမှ နောက်ဆုံးပေါ် နည်းပညာများ အကြောင်း၊ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအ ကြောင်းကို ရှင်းလင်း တင်ဆက် ခဲ့ကြသည်။

GM ၏ ဒုတိယ အမှုဆောင်ဥက္ကဋ္ဌနှင့် GM International ၏ ဥက္ကဋ္ဌဖြစ်သူ Stefan Jacoby က “GM ရဲ့ အနာဂတ်ဟာ နည်းပညာနဲ့ ဆန်းသစ် တီထွင်မှုတွေပေါ်မှာ ရှိနေပါတယ်၊ အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ် ချရတဲ့ မောင်းနှင်စီးနင်းမှုအတွေ့အကြုံတွေ ရစေဖို့ ကျွန်တော်တို့ အနေနဲ့ ချိတ်ဆက်မှု နည်းပညာတွေ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေမယ့် စွမ်းအင်သုံးယာဉ်တွေ၊ အလို အလျောက်မောင်း နှင်မှုနည်းပညာတွေကို ကြိုးစားဖန်တီးနေပါတယ်” ဟု ဆိုခဲ့သည်။

အခမ်းအနား၏ တတိယမြောက်နေ့ (မေလ ၉ ရက်နေ့) ညစာစားပွဲတွင် ဆုရရှိသည့် ကိုယ်စားလှယ်များကို ထုတ် ဖော်ကြေငြာခဲ့သည်။ ဆုရရှိသည့်အထဲတွင် ပါဝင်သည့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအား SEA Distributor Sales Operations ၏ General Director ဖြစ် သူ Gary Player မှ “မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေအတွက် ဂုဏ်ယူပါတယ်၊ ဒီ ကိုယ်စားလှယ်တွေ က မြန်မာနိုင်ငံ မှာ GM နဲ့ Chevrolet တို့ရဲ့ဈေးကွက်ကို ပိုမို တိုးတက်အောင် ကြံဆောင်ခဲ့ကြပါတယ်။ သူတို့ နဲ့အတူ လက်တွဲ အလုပ်လုပ်ခွင့်ရတဲ့ အတွက် လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု ဆိုခဲ့သည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*