ဇာတ်ကားများ ပြန်လည်ရိုက်ကူးသွားမည့် စွမ်း

ဇာတ်ကားများ ပြန်လည်ရိုက်ကူးသွားမည့် စွမ်း
June 1, 2017 Asian Fame

11:42 am
ဇာတ်ကားများ ပြန်လည်ရိုက်ကူးသွားမည့် စွမ်း

swan(ရန်ကုန်၊ မေ ၂၉)

ယခုနှစ်ပိုင်းတွင် ဇာတ်ကား ရိုက်ကူးရေးဘက် မလှည့်ဖြစ်ခဲ့ သည့်စွမ်းက မိုးရာသီတွင်  ဇာတ်ကား ရိုက်ကူးမှုများ ပြန်လည် ပြုလုပ် သွားမည် ဟု ပြောသည်။

”ပရိသတ်တွေက မေးကြတယ်။ ဇာတ်ကားတွေ မရိုက်တော့ဘူးလား ပေါ့။ ကျွန်တော် ပွဲရက်တွေ ပြည့်နေ တော့ ဇာတ်ကားရိုက်ဖို့ အချိန်သိပ်မပေး နိုင်သေးလို့ပါ။ အခုပွဲနားတဲ့ ရက်လေးမှာ ဇာတ်ကားတွေ ပြန်ရိုက်ပါ့မယ်။ ဇွန်လထဲ မှာ ရုပ်ရှင်ကားကြီး ရိုက်ဖို့ ကမ်းလှမ်း ထားပါတယ်။ ကျွန်တော့်ကို ယုံကြည်စွာ ကမ်းလှမ်းတဲ့ ထုတ်လုပ်သူ ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို အမြဲ အားပေးနေတဲ့ သဘင်ချစ်တဲ့ ပရိသတ်တွေရော ရုပ်ရှင်ချစ်တဲ့ ပရိသတ် တွေရော အားလုံးကို ကျေးဇူးအများ ကြီးတင်ပါတယ်” ဟု စွမ်းက ဇာတ် ကားများ ပြန်လည်ရိုက်ကူး သွားမည့်အကြောင်း ကို ပြောသည်။

သူကြိုက်နှစ်သက်သည့် ဇာတ်လမ်းမျိုး ဆိုပါက ကိုယ်တိုင် ပရိုဂျူဆာအဖြစ် ထုတ်လုပ် ရိုက်ကူး သွားမည်ဟုလည်း စွမ်းကပြောသည်။

စွမ်း၏ တစ်ကိုယ်တော်ခွေကိုလည်း   ယခု နှစ်အတွင်း ထွက်ရှိနိုင်ရန် ကြိုးစားပြင်ဆင် နေပြီး ထိုအခွေတွင် ၄င်းကိုယ်တိုင်ရေးသား ထားသည့် သီချင်းများလည်း ပါဝင်မည်ဖြစ် ကြောင်းပြောသည်။ အခွေအတွက် ဇာတ်နား ရက်များတွင်  ကြိုးစား လုပ်ဆောင်နေရသည့် အတွက် အခွေ ထွက်ရှိနိုင်ရန် အနည်းငယ် နှောင့်နှေးနေ ရခြင်းဖြစ်ကြောင်း စွမ်းက ပြော သည်။

”ကျွန်တော့်သီချင်းလေးတွေ အားလုံးနား ထောင်ဖို့အတွက် ပွဲနားတဲ့ရက် Shooting မရှိ တဲ့ရက်တွေမှာ အပင်ပန်းခံပြီးကြိုးစား လုပ် ဆောင်နေပါတယ်။ အမြန်ဆုံး ပရိသတ်လက် အပ်နိုင်ဖို့အတွက် ကျွန်တော်ကြိုးစားနေပါ တယ်” ဟု အခွေနှင့်ပတ်သက်ပြီး ¤င်းကပြော သည်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*