စာရေးဆရာမ ရွှေရေးထင်ထင် ဒါရိုက်တာ လုပ်ပြီ

စာရေးဆရာမ ရွှေရေးထင်ထင် ဒါရိုက်တာ လုပ်ပြီ
June 1, 2017 Asian Fame

11:45 am
စာရေးဆရာမ ရွှေရေးထင်ထင် ဒါရိုက်တာ လုပ်ပြီ

ZAW_8003(ရန်ကုန်၊ မေ ၂၉ )

စာရေးဆရာမ ရွှေရေးထင်ထင်က သူမ ပထမဆုံး ရေးသားထားသော ဝတ္ထုကို ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူး သွားမည် ဟု ပြောသည်။

လက်ရှိတွင် လျှို့ဝှက်သည်းဖိုဆန်ဆန် ဇာတ်လမ်းတွဲ အတွက် ဇာတ်ညွှန်း ခွဲနေသည့် ရွှေရေးထင်ထင်က ဒါရိုက်တာ လုပ် ရိုက်ကူးဖြစ်ပုံနှင့် ပတ်သက်၍ ”ဒါရိုက်တာ လုပ်ဖြစ်တာ ကတော့ ရွှေရေးရဲ့အနုပညာ လောဘကြောင့်ပါ။ အရင်ကတော့ ဇာတ်လမ်း ရေး တယ်။ ဒါကို မတင်းတိမ်နိုင်ဘူး။ ကိုယ်ရေးတဲ့ဇာတ် ကို ပိတ်ကား ပေါ်မှာမြင်ချင်တော့ ဇာတ်ညွှန်း ဘက်ရောက်လာတယ်။ ဇာတ်ညွှန်း ပြီးတော့ လည်း အနုပညာလောဘ အရ ဇာတ်ကွက်တွေကို ကိုယ်တိုင် ရိုက်ကူးချင်လာတယ်။ ဒါကြောင့် ပတ်ဝန်းကျင် မှာ လေ့လာ မှုတွေကို လုပ်နေပါတယ်။ ဆရာတွေဆီ ကလည်း လေ့ လာတယ်။ ရွှေရေး ကိုယ်တိုင် ဒါရိုက်တာလုပ်မယ့် ဇာတ်လမ်း တွဲလေးက လျှို့ဝှက်သည်းဖို ဇာတ်လမ်း ပုံစံလေးပါ။ အခုလည်း ဒီကားအတွက် ဇာတ်ညွှန်း ခွဲနေပါတယ်။ အပိုင်း (၃ဝ)ဝန်းကျင် လောက်တော့ ခန့်မှန်းထားတယ်။ အခုလည်း  Scene Serial  အတွက် အချိန်နှစ်လ လောက်ယူထားပါတယ်” ဟုပြောသည်။

သူမအား သရုပ်ဆောင်အတွက် လာရောက်ကမ်းလှမ်းမှု များရှိနေသော်လည်း လက်မခံဖြစ်ကြောင်းလည်း ရွှေရေးထင် ထင်ကဆိုသည်။ ”ရွှေရေးက လက်ရှိမှာ ဇာတ်လမ်းတွဲ အတွက် ဇာတ်ညွှန်းရေးနေပါတယ်။ ဒီကာလ အတွင်းမှာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုကားတွေ လာပြီး ကမ်းလှမ်းတာရှိပါတယ်။ ရိုက်ကူးရေး ကလည်း သူ့အလျောက် အချိန်ပေးရတယ်လေ။  ဒါပေမယ့် ရွှေရေးက ရှေ့မှာ ဇာတ်ညွှန်းရေးတာ ကိုလည်း စထားနေပြီဖြစ်တဲ့ အတွက် လက်မခံ သေးပါဘူး။ ဇာတ်ညွှန်းရေးတယ် ဆိုတာက အချိန်ကာလ အကြာ ကြီးပေးရလို့ပါ။ အလုပ်နှစ်ခုလုံး ကို တပြိုင်နက်တည်း လုပ်ဖို့ဆိုတာ ရွှေရေး အတွက် အဆင်မပြေဘူး ဖြစ်နေတယ်။ တကယ်လို့ နှစ်ခု လုံးကို လုပ်မယ် ဆိုရင် ကြိုတင်ပြင်ဆင်မှုလေးတွေ ပြုလုပ်တဲ့အချိန်မှာ ကိုယ့်အလုပ် အပေါ်မှာ မလေးနက်မှာကို ရွှေရေး စိုးရိမ်မိတယ်။ ဒါကြောင့် လည်း ရွှေရေး တကယ်လည်း အားသာတဲ့ ဇာတ်ညွှန်းပိုင်းကို အခု အချိန်ပေးနေတာပါ”ဟုပြောသည်။ သီချင်း အမ်တီဗီတစ်ပုဒ် အတွက် ဒါရိုက်တာ လုပ်ရန်လည်း ရှိကြောင်းလည်း ရွှေရေးထင်ထင် ကပြောသည်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*