ပြည်သူတီးတဲ့တရားစည် ပီပီသသမြည်ပါစေ

ပြည်သူတီးတဲ့တရားစည် ပီပီသသမြည်ပါစေ
June 1, 2017 Asian Fame

4:30 pm
ပြည်သူတီးတဲ့တရားစည် ပီပီသသမြည်ပါစေ

tps

လေးစားစရာပဲဗျို့

မန္တလေးတိုင်းဝန်ကြီးက စီမံချက်မြေတွေကို လျော်ကြေးပေးပြီး ပြန်သိမ်းလိုက်တယ် တဲ့ဗျာ။ ဒါ ဝမ်းသာစရာသတင်းပါ။ ကျုပ် လည်း မန္တလေးတိုင်းဝန်ကြီး အားကျပြီး အတွေးတစ်ခုတောင် တွေးမိပါရဲ့ဗျာ။ ကျုပ်တို့ရွှေပြည်သာက စီမံချက်လယ်ယာ မြေများကိုလည်း လိုက်လံစိစစ်ပြီး လျော်ကြေး ပေးပြီးပြန်သိမ်းလို့ မူလစီမံချက်ရှိသည့် အတိုင်း အကောင်အထည်ဖော်ဆောင်သွား ရင် ဘယ်လောက်ကောင်းလိုက်မလဲပေါ့ ဗျာ။ ကျုပ်တို့နေထိုင်တဲ့ (ဒ/၁၇) ရပ်ကွက် က လယ်ယာမြေစာရင်းဝင်တွေကိုပေါ။့ ကျုပ်လည်း ဒီလယ်ယာမြေ စီမံချက်မြေ တွေကို ဝိသမလောဘနဲ့ ရောင်းနေတယ် ဆိုတဲ့အကြောင်း၊ လူတစ်စုသာ အကျိုးရှိပြီး ရပ်ကွက်သူရပ်ကွက်သား ပြည်သူများ အတွက် ဘာမှ အကျိုးမရှိဘူး ဆိုတဲ့ အကြောင်း၊ ဒါကြောင့် ဒီလယ်ယာမြေတွေကို ဥပဒေကြောင်းအရစိစစ်ပြီး တရားဥပဒေ အတိုင်း အရေးယူပေးပါလို့ ရေး သားခဲ့ရတာတွေဟာ အလကားကိုဖြစ်လို့။ ယခုပုံပါ ကျောက်တိုင်တွေကို လာနုတ်မယူ သေးတာကို မြင်ရခြင်းအားဖြင့် အဘယ်သို့ သောနေရာကပိတ်နေတယ်ဆိုတာ စဉ်းစား မရဘူးဖြစ်နေတယ်။ မန္တလေးတိုင်းဝန်ကြီးရဲ့ လုပ်ရပ်ကိုကြည့်ရင် မြန်မာနိုင်ငံမှာရှိတဲ့ စီမံချက်မြေ ပလပ်မြေတွေကို ဂရန်တွေကို ငွေပေးပြီးထွက်လာတဲ့ဂရန်မြေတွေကိုကျုပ်တို့ ရွှေပြည်သာမြို့နယ်မှာလည်း ရောင်းမစား ဘူးဆိုတာ ဘယ်ပြောလို့ရတော့မှာလဲဗျ။ အခုလည်း ကျုပ်ရေးတာတွေကဗားရှင်းနိမ့်ပြီး အပ်ဒိတ် (Update Version) မတင်ရသေး လို့လား၊ Standard မဖြစ်လို့လားတော့ မသိဘူး။ ဘာမှအရာမထင်ဘူးဖြစ်နေတယ်။ ကျောက်တိုင်တွေကလည်း အခုထိ စိုက်ထူထားဆဲ၊ မြေတစ်ကွက်ကိုသိန်းဘယ်လောက် ဆိုပြီးတော့လည်း အခုထိ ရောင်းနေဆဲပါပဲဗျာ။ ကျုပ်ပြောချင်တာက ကျုပ်တို့ရွှေပြည်သာက လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ လည်း မန္တလေးတိုင်းဝန်ကြီးကဲ့သို့ ဖြစ်စေ ချင်တယ်ဗျာ။ ဒါမှပြည်သူက ယုံကြည်ကိုး စားပြီး စစ်မှန်တိကျပါလားလို့ ဝိုင်းဝန်း ချီးမွန်းပေတော့မှာပေါ့ဗျာ။ ထိုသို့မဟုတ်ပါက ရေးသားသောသူသာ လက်ညောင်းပြီး လက်လျှော့သွားရတဲ့အဖြစ်ကို မဖြစ်စေလို ကြောင်း ကျုပ်တို့အမှတ်(ဒ/၁၇)ရပ်ကွက်ရဲ့ လယ်ယာမြေပြဿနာကို ဥပဒေအတိုင်း ဆောင်ရွက်ပေးပါရန်လေးစားစွာပန်ကြား အပ်ပါသည် ခင်ဗျား။

နေလင်းလင်း
ခေတ္တရန်ကုန်

သို့
ဂေါပကအဖွဲ့
ရွှေမောဓောဘုရား၊ ပဲခူးမြို့
ရက်စွဲ။ ၂ဝဝ၇ ခုနှစ်၊ မေလ

အကြောင်းအရာ။ ။ ယာဉ်ရပ်နားကွင်းအတွင်း ပျံကျဈေးတန်း ဆောက်လုပ်မည့်ကိစ္စနှင့် ပတ်သက်၍ လက်ရှိဆိုင်ခန်းပိုင်ရှင်များက ကန့်ကွက်တင်ပြခြင်း။

ကျွန်တော်၊ ကျွန်မတို့သည်၂ဝ၁ဝ ခုနှစ် မှစတင်ကာ ရွှေမော်ဓောဘုရားဂေါပကအဖွဲ့ မှစည်းကမ်းချက်ဖြင့် ရောင်းချထားသော ဆိုင်ခန်းများတွင် ရောင်းချလျက်ရှိပါသည်။ ဂေါပကအဖွဲ့က သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ သတ်မှတ်ဆိုင်ခန်း ဖိုး၊ ဆိုင်ခန်းလခငွေများမပြတ်ပေးသွင်း၍ အတည်တကျ လုပ်ကိုင်နေသူများဖြစ်ပါသည်။ ဆိုင်ရှေ့၌ကွန်ကရစ်လမ်းမပြုလုပ်ရာတွင်လည်း ဆိုင်ခန်းရှင်များက ကိုယ်ထူကိုယ်ထ မတည်ငွေထည့်ဝင်ဆောင်ရွက်ခဲ့ကြပါသည်။ဆိုင်ခန်းများ ရောင်းချစဉ်က ဂေါပက အဖွဲ့က နောက်ထပ်ဆိုင်ခန်း ထပ်မံဆောက် လုပ်ခြင်း၊ ရောင်းချခြင်းမပြုတော့ကြောင်း ကတိပြုခဲ့ကြ၍ ဆိုင်ခန်းပိုင်ရှင်များက ဝယ်ယူလုပ်ကိုင်ခဲ့ကြခြင်းဖြစ်ပါသည်။ ယခုအခါ ဂေါပကအဖွဲ့မှ နောက်ထပ် ယာယီပျံကျ ဈေးသည်များအား လက်ရှိ ဆိုင်ခန်းများရှေ့တွင် ဆိုင်ခန်းဆောက်လုပ်၍ ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် မိမိတို့၏ဆိုင်ရှေ့မျက်နှာစာတွင် စည်းကမ်း မဲ့ ပျံကျဈေးသည်များအား ရောင်းချခွင့် ပြုပါက ငွေကြေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ထိခိုက်မှုများရှိလာပြီး များစွာ နစ်နာနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဆိုင်ခန်းဖိုးငွေသွင်း၍ အတည်တကျ ရောင်းချလုပ်ကိုင်နေသော ဆိုင်ခန်းပိုင်ရှင်များ၏ နစ်နာမည့်အရေးအား ထောက်ရှု၍ လက်ရှိဆိုင်ခန်းများရှေ့တွင် ယာယီပျံကျ ဈေးတန်းဆောက်လုပ် ငှားရမ်း မည့်ကိစ္စအား ကန့်ကွက်ပါကြောင်းနှင့် သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများ၊ ဂေါပကလူကြီးများ၊ ဆိုင်ခန်းပိုင်ရှင်များ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ပေးပါရန် တင်ပြ တိုင်ကြားအပ်ပါသည်။

ကိုယ်တွေ့ အဖြစ်အပျက် ..

မနေ့ညက ကြုံခဲ့ရတာလေး မျှဝေပေးချင် လို့ပါ။ အထူးသဖြင့် တက္ကစီစီးတဲ့ မိန်းက လေးတွေအတွက်ပါ။ ဗဟန်းကနေ ကျောက်မြောင်းကိုတက္ကစီငှားတော့ ၇နာရီခွဲ လောက်ပဲ ရှိဦးမှာပါ။ ဒီအချိန်လည်း သွား နေကျပေမယ့် မနေ့ကလိုတော့ တစ်ခါမှ မကြုံဖူးပါဘူး။ ကားပေါ်ရောက်ပြီးမှ ကျောက် မြောင်းက အရမ်းရှုပ်တယ်လို့ ပြောလာပါ တယ်။ ကိုယ်ကလည်း ရိုးရိုးထင်လို့ ရပါ တယ်၊ ကျွန်မလမ်းသိပါတယ် ပြောပြပါ့မယ် လို့ ပြောလိုက်တော့ ဒါဖြင့် ရှေ့ခန်းမှာ လာ ပြောင်းထိုင်ပါလို့ ခေါ်ပါတယ်။ နှစ်ကြိမ် သုံးကြိမ်လောက်ပြောတော့ ကိုယ်ကပဲ လေသံ မာမာနဲ့ နောက်ကလည်း လမ်းမြင်ရတာပဲ နောက်မှာပဲထိုင်မယ်လို့ပြောပြီး နောက်မှာပဲ ဆက်ထိုင်လိုက်ပါတယ်။ သူကတော့ ခြိမ်း ခြောက်သလိုလိုနဲ့ လမ်းတွေကျော်ကုန် မှား ကုန်ရင်တော့မသိဘူးလို့ ပြောပါတယ်။ မကြား ချင်ယောင်ဆောင်ပြီး တာမွေ ဥခနညေ ရှိတဲ့ ဘက်ကိုမောင်း တံတားပေါ်ကဆင်းရင် ရောက်ပြီလို့ လွယ်လွယ်လှမ်းပြောလိုက်ပါ တယ်။ ရန်ကင်းစင်တာမီးပွိုင့်ရောက်တော့ တမင်တကာကို ဘယ်ကြောယူမောင်းပြီး တည့်တည့်မောင်းပါတယ်။ ကိုယ်ကလည်း လမ်းသိနေတာမို့လို့ ဘာမှ မပြောတော့ပဲ ခပ်တည်တည်ပဲနေလိုက်ပါတယ်။ှုပျအမေ နားရောက်တော့မှ ဒါညီမပြောတဲ့လမ်း ဟုတ်လားဆိုပြီး မချိုမချဉ် မျက်နှာပေးနဲ့ မေးလာတယ်။ ရတယ် ဒီလမ်းကမောင်း လည်းရတယ်၊ အသောကဘက်ကဝင်လို့ရတယ် ဆက်မောင်းလို့ ပြောလိုက်တော့ မီးပွိုင့်မှာ တာမွေဈေးဘက်ကွေ့ချပြီး ဘယ်လမ်းက ကွေ့ရမှာလဲတဲ့။ တမင်လုပ်နေမှန်းသိတော့ လူကလည်း ဒေါသကထွက်နေပြီ။ ရတယ် တည့်တည့်မောင်ုးဇြ ညြေု ဘေးကလမ်း မှာ ဘယ်ကွေ့ပဲပြောပြီး လမ်းထိပ်နားလေး မှာပဲဆင်းလိုက်ပါတယ်။ အဲဒီလူပုံစံက ကျွန်မ ကို သူပြောင်းထိုင်ခိုင်းတာကို ပြောင်းမထိုင် လို့ တမင်ကြောက်အောင်ခြောက်တဲ့ပုံစံပါ။ ဒါမှမဟုတ် ကျွန်မလမ်းမသိရင်လည်း တခြား လမ်းတွေကနေ ကွေ့ပတ်ပြီးမောင်းတာမျိုး လုပ်မယ်လို့ ထင်ရပါတယ်။ ဒါကတော့ ကျွန်မ ယူဆချက်ပါ။ လမ်းတွေ ပြောတာနဲ့ တလွဲမောင်းပြီးတိုင်း နောက်ကြည့်မှန်ကနေ စပ်ဖြဲဖြဲ လှမ်းလှမ်းကြည့်တတ်တဲ့ အဲဒီလူက သဘောရိုးမဟုတ်တာတော့သေချာပါတယ်။ ကျွန်မနေရာမှာလမ်းမသိဘာမသိ မိန်းကလေး ငယ်ငယ်လေးတွေသာဆို သူ့ကိုကြောက်ပြီး ရှေ့ခန်းပြောင်းထိုင်အောင်လုပ်တာပါ။ သတိ ထားကြပါနော်။ ကိုယ့်တပည့်အရွယ် ဆယ် ကျော်သက်လေးတွေ တက္ကစီစီးရင် လမ်းကို သတိထားကြည့်ဖို့၊ ကြောက်မနေဘဲ ပြန်ပြောရဲ ဖို့လိုပါတယ်။ တကယ်လို့ ကိုယ်လမ်းမသိတဲ့ အနေအထားဆို ကားပေါ်က ဆင်းလိုက်တာ အကောင်းဆုံးပါ။

ကိုယ်တွေ့ကြုံခဲ့ရသူ

tys

အကြံပြုလွှာ

ရေနံချောင်း မြို့လယ်က ယာဉ်ထိန်းရဲ အဆောက်အအုံလေးပါ။ မလိုအပ်လျှင် ဖယ်လိုက်ပါ။ လိုအပ်လျှင် ပြုပြင်ပြီးသုံးရန် တာဝန်ရှိသူ များကို အကြံပြုပါရစေ။

မောင်မောင်

ရန်ကုန်က ဒီနေရာတွေမှာ ဆိုင်ကယ်စီးနေကြတာတွေကိုတော့ နိုင် အောင်တားပေးပါ ..

မြောက်ဥက္ကလာ သုဓမ္မာလမ်းမပေါ် (နဝဒေးတံတားကုန်းဆင်း မှစ အမှတ် ၃ လမ်းဆုံအထိ)၊ မင်္ဂလာဒုံ အမှတ် ၃ လမ်းမကြီး (အမှတ် ၃ လမ်းဆုံမှစ ရန်ကုန်ပဲခူး ကားလမ်းမအထိ)၊ ပြည်လမ်း (အင်းစိန် စော်ဘွားကြီးကုန်းမှစ ထောက်ကြံ့၊ မှော်ဘီဘက်အထိ) အဲဒီလို အဓိက ကားလမ်းမကြီးတွေမှာ ဆိုင်ကယ်စီးနင်းခွင့်မပြုဖို့သတ်မှတ် ပေးစေချင်ပါတယ်။ ရပ်ကွက်အတွင်း လမ်းမှာသွားလာရေးလွယ်ကူ မြန်ဆန်ဖို့သုံးတာ မပြောလိုပေမယ့် မိန်းလမ်းမပေါ်တက်စီးကြတာ အန္တရာယ်အရမ်းများပါတယ်။ စည်းကမ်းမရှိ ဗရမ်းဗတာမောင်းတဲ့ ဆိုင်ကယ်သမားတွေကြောင့် မဆိုင်သူတွေ ဒုက္ခရောက်ရတာလည်း ခဏခဏပါ။ သက်ဆိုင်ရာက ကြပ်ကြပ်မတ်မတ်ကိုင်တွယ်စေချင် ပါတယ်။

မေသက်ထွေး

tys12

မကောင်းဘူး မင်းကြီး

လမ်းပျက်ပြီလည်း ဆိုရော ထုံးစံအတိုင်းလမ်းလုကြ ဆဲကြ၊ ရန်ဖြစ်ကြ ဆိုင်ကယ်နဲ့ကား ငြိကြ၊ ညဘက်မီးမပါတဲ့ဆိုင်ကယ်က ဂျွမ်းထိုးမှောက်ခုံ၊ ကံကောင်းလို့ လူမသေ၊ ရွှေပြည်သာပုလဲလမ်း တစ်ပါကွေ့’ နဲ့ ‘ဘုန်းကြီးကျောင်းကွေ့’ မှတ်တိုင်ကြားမှာတော့ ‘မကောင်းဘူး မင်းကြီး’ ။

Nay Yee

(မှတ်ချက်။ ။ ဖော်ပြပါတင်ပြစာများသည် ကာယကံရှင်များ၏ အာဘော်သာဖြစ်ပြီး ပေါ်ပြူလာနယူးစ်ဂျာနယ်၏ အာဘော်မဟုတ်ပါ။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*