အလုပ်အကိုင်နှင့် စီးပွား ရေး အခွင့်အလမ်းကြောင့် လူငယ်များ ရွှေ့ပြောင်း သွားလာမှုအများဆုံး ဖြစ်လာ

အလုပ်အကိုင်နှင့် စီးပွား ရေး အခွင့်အလမ်းကြောင့် လူငယ်များ ရွှေ့ပြောင်း သွားလာမှုအများဆုံး ဖြစ်လာ
June 1, 2017 Asian Fame

5:05 pm
အလုပ်အကိုင်နှင့် စီးပွား ရေး အခွင့်အလမ်းကြောင့် လူငယ်များ ရွှေ့ပြောင်း သွားလာမှုအများဆုံး ဖြစ်လာ

MZW
ရန်ကုန်၊ မေ ၂၉

ရန်ကုန်တိုင်းသို့ ဒေသအသီးသီးမှလူငယ်များ ရွှေ့ပြောင်းလာသည့်အကြောင်းရင်းများတွင် အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းကြောင့် အများဆုံးဖြစ်ကြောင်း Jobnet.com.mm မှ သိရသည်။

ရန်ကုန်တိုင်းရှိ လူငယ်ဦးရေ၏ ၁၇ဒသမ ၅ ရာခိုင်နှုန်းသည် ၂ဝ၁၁ မှ ၂ဝ၁၄ ခုနှစ်အတွင်း ပြောင်းရွှေ့ လာကြသူများ ဖြစ် ကြောင်း၊ ထိုလူငယ်များရွှေ့ပြောင်း သွားလာသည့် အကြောင်းအရင်း များအနက် ၂၆ ရာခိုင်နှုန်းသည် အလုပ်အကိုင် စီးပွားရေးအခွင့် အလမ်းများ ရှာဖွေရန်၊ အလုပ်သစ် ဝင်ရောက်ရန်၊ အလုပ်ပြောင်းရွှေ့ ရန်၊ ပညာသင်ရန်စသည့် အ ကြောင်းရင်းများကြောင့် ဖြစ် ကြောင်း သိရသည်။

World Bank နှင့် Liveli­hoods and Food Security Trust Fund တို့ ပူးပေါင်းကာ ၂ဝ၁၅ ခုနှစ်အတွင်း ကောက်ယူခဲ့သော စစ်တမ်းအရ ၂ဝ၁၁ ခုနှစ်မှစ၍ နိုင်ငံအတွင်းရွှေ့ပြောင်းသွားလာမှု ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း၊ အထူးသဖြင့် ဧရာဝတီတိုင်းနှင့် မကွေး တိုင်းမှ ရွှေ့ပြောင်းမှုနှုန်းသည် အခြားပြည်နယ်၊ တိုင်းများထက် ပိုမိုမြင့်မားကြောင်း၊ အများစုသည် ရန်ကုန်နှင့်မန္တလေးသို့ ပြောင်းရွှေ့ကြခြင်းဖြစ်ပြီး ပြောင်း ရွှေ့သူများတွင် လူငယ်အမျိုးသားအများဆုံးဖြစ်ကြောင်း သိရသည်။

Jobnet.com.mm မှ မန်နေး ဂျင်းဒါရိုက်တာ Matt De Luca က လူငယ်များအလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်၍ ”ကျွန်တော့်အနေနဲ့ အလုပ်လုပ်လိုတဲ့ သူ တွေကို အကြံÓဏ်ပေးလိုတာ ကတော့ မိမိအနေနဲ့ ဘယ်လိုအ လုပ်ကို အမှန်တကယ်လုပ်ကိုင် လိုစိတ်ရှိလဲဆိုတာ သေသေချာချာသိရှိနေအောင်လုပ်ပါ။ အလုပ်ခန့်အပ် သူတွေဘက်ကလည်း ၎င်းတို့အလုပ် ခန့်အပ်ရာမှာ အမှန်တကယ် ဦးတည်ချက်ရှိပြီး ကြိုးစားရုန်းကန်လိုသူတွေကိုသာ အလုပ်ခန့်အပ်ရန် ပိုမိုစိတ်ဝင်စားကြမှာဖြစ်ပါတယ်”ဟု အကြံပြုသည်။ လက်ရှိ ရန်ကုန်တိုင်းဒေသ ကြီးတွင် နေထိုင်လျက်ရှိသော လူ ဦးရေ၏ ၄၂ ဒသမ ၃ ရာခိုင် နှုန်းသည် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြောင်းရွှေ့လာကြ သူများဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ၂ဝ၁၅ ခုနှစ်အတွင်း ကောက်ယူထားသော စစ်တမ်းအရ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*