ဒီမိုကရက်တစ် ဒီဘိတ်များ၏ ပျောက်ဆုံးနေသော အနုပညာ

ဒီမိုကရက်တစ် ဒီဘိတ်များ၏ ပျောက်ဆုံးနေသော အနုပညာ
June 1, 2017 Asian Fame

12:27 pm
ဒီမိုကရက်တစ် ဒီဘိတ်များ၏ ပျောက်ဆုံးနေသော အနုပညာ

Democracyကမ္ဘာကြီးမှာရော ကျွန်တော် တို့ နိုင်ငံမှာပါ အသည်းအသန် အလိုအပ်ဆုံး အရာတစ်ခုက နိုင်ငံ ရေးဆွေးနွေး ငြင်းခုံပွဲ(Political
Debate)  တွေကို နည်းလမ်း ကောင်းကောင်းတွေနဲ့ ကျင်းပနိုင်ဖို့ ပါ။ ပျောက်ဆုံးနေတဲ့ ဒီမိုကရက် တစ် ဆွေးနွေးငြင်းခုံမှု အနုပညာ ကို ပြန်လည် ဖော်ဆောင်နိုင်ဖို့ လိုအပ်နေပါပြီ။ နိုင်ငံရေး ဆွေးနွေး ပွဲလို့ပြောလိုက်တာနဲ့ တီဗီဖန်သား ပြင်မှာ အပြန် အလှန် အော် ဟစ်နေ ကြတာ၊ ကွန်ဂရက်ထဲမှာ ဝါဒပြိုင်ပွဲ တွေ ဆင်နွှဲနေကြတာကိုပဲ ပြေးမြင် မိကြမှာပါ။

ယနေ့ ဆွေးနွေးငြင်းခုံမှုတွေ က ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ကိစ္စတွေ၊ ငြိမ်းချမ်းရေး ပြဿ နာတွေ၊ ဘတ်ဂျက် ခွဲဝေမှုတွေ၊ ဆင်းရဲချမ်းသာ ကွာဟမှုတွေ၊ လိင် တူလက်ထပ်ခြင်းကို တရားဝင်ဥပ ဒေပြဋ္ဌာန်းရေး ကိစ္စတွေပါပဲ။

အမြင်အမျိုးမျိုးကို အခြေခံ ထားတဲ့ ငြင်းခုံမှုတွေရဲ့ အဓိက အ ကြောင်းကတော့ ကိုယ်ကျင့်တရား နှင့် သက်ဆိုင်တဲ့ အတွေး အခေါ် (Moral Philosophy) မေးခွန်းတွေ၊ တရားမျှတမှု (justice) နဲ့ပတ်သက် တဲ့ ခက်ခဲတဲ့ မေးခွန်းတွေပါပဲ။ ဒါပေမယ့် လက်ရှိနိုင်ငံရေးမှာ ကိုယ် ကျင့်တရားနဲ့ ပတ်သက်တဲ့မေးခွန်း တွေကို ရှင်းရှင်း လင်းလင်း ပြောဆို ဆွေးနွေကြတာ၊ ခုခံကာကွယ် ပြောဆို ကြတာ၊ ထောက် ခံကြောင်း သို့မဟုတ် ကန့်ကွက်ကြောင်း ပြတ် ပြတ်သားသား ပြောဆို ဆွေးနွေး နေကြတာ တွေ့ရလေ့ မရှိပါဘူး။

ပထမဆုံး တရားမျှတမှု၊ ကိုယ် ကျင့်တရားနဲ့ သက်ဆိုင်တဲ့ မေးခွန်း တွေအကြောင်း ရေးသားတဲ့ ဂရိအ တွေးအခေါ်ပညာရှင် အရစ္စတိုတယ် ရဲ့ တရားမျှတမှု သီအိုရီ ( Theory of Justice) နဲ့ ပတ်သက်တဲ့ သင် ကြားပို့ချမှု တစ်ခုကို ပြောပြချင်ပါ တယ်။ အရစ္စတိုတယ် ရဲ့သင်ကြား ပို့ချမှုက ‘တရားမျှတမှု ဆိုတာ လူ တွေ(ပြည်သူတွေ)ကို သူတို့နဲ့ထိုက် တန်တဲ့အရာတွေ ပေးအပ်လိုက်တာ (Justice means giving people what they deserve) ပါပဲ’တဲ့။

ဒါက သိပ်ထင်ရှားပါတယ်လို့ သင်တို့ ပြောကောင်းပြောကြမှာ ပါ။ ဘယ်သူတွေက ဘာတွေနဲ့ ထိုက်တန်ကြတာလဲ။ ဘာကြောင့် ပါလဲ ဆိုတဲ့ မှန်ကန်တဲ့ မေးခွန်း နဲ့ ဆွေးနွေးငြင်းခုံမှုကို စတင်ရမှာပါ။

ပလွေဥပမာကို ဆွေးနွေးကြရ အောင်။ သင့်မှာ အကောင်းဆုံး ပလွေ တစ်ချောင်း ရှိတယ်ဆိုပါစို့။ အကောင်းဆုံး ပလွေဂီတပညာရှင် နဲ့ တွေ့ရာလူ တစ်ယောက်ယောက် အနက် ဘယ်သူကို ပေးမလဲ။

အရစ္စတိုတယ်က အကောင်း ဆုံးပလွေကို အကောင်းဆုံး ပလွေ ဂီတ ပညာရှင်ထံ ပေးအပ်လိုက်မယ် လို့ ဖြေပါတယ်။ ဘာကြောင့် ပေး လိုက်ရသလဲ ဆိုတဲ့ မေးခွန်းကို ဖြေ ဆိုဖို့ ပိုခက်ခဲပါတယ်။ လူတိုင်းကို အကျိုးများစေလို့ပါ။ (လူတွေအား လုံး အကောင်းဆုံး တေးဂီတကို နားဆင်နိုင်ဖို့ပါ။) တကယ်လို့ အ ကောင်းဆုံးပလွေ ဂီတပညာရှင် လက်ထဲကို အကောင်းဆုံး ပုလွေ ရောက်သွား မယ်ဆိုရင် အပြောင် မြောက်ဆုံး အံ့မခန်းတေးဂီတသံ တွေ ထွက်ပေါ်လာမှာပါ။

ခပ်ညံ့ညံ့ပလွေသံ ထက် စာ ရင် အံ့မခန်း တေးဂီတသံတွေ နား ထောင်ခွင့်ရတာ ပိုကောင်းတာပေါ့။ ဒါပေမယ့် အရစ္စ တိုတယ်က ဒီအ ချက်ကို လက်မခံပါဘူး။ အရစ္စတို တယ်မှာ အကောင်းဆုံး ပလွေဂီတ ပညာရှင်လက်ထဲကို အကောင်း ဆုံးပလွေ ရောက်သွားသင့်တဲ့ တ ခြားအကြောင်းတွေ ရှိပါတယ်။ ပလွေတစ်ချောင်းရဲ့ အဓိပ္ပာယ်က ဘာလဲ၊ တေးဂီတသံ ကောင်း ကောင်း ထုတ်ပေးဖို့ပါ။ ဘယ်သူကို ပေးမယ်လို့ ဆုံးဖြတ်ဖို့ အတွက် အ ကျိုးအကြောင်း ဆင်ခြင်ရပါမယ်။ ဆွေးနွေးငြင်းခုံရပါမယ်။ ဒီ လိုပါပဲ ရည်ရွယ်ချက် တစ်ခုအတွက်၊ လူမှု ရေးဆောင်ရွက်မှု တစ်ခု အတွက် အကျိုးအကြောင်း ဆင်ခြင်ရပါမယ်။ ဆွေးနွေး ငြင်းခုံရပါမယ်။ အခုကိစ္စ ဟာ တေးဂီတ ဖျော်ဖြေမှုဖြစ်လို့ မရှိမဖြစ် မုချလိုအပ်တဲ့ သဘောသ ဘာဝ (Essential Nature) ကဘာ လဲ၊ အပြောင်မြောက်ဆုံး အံ့မခန်း တေးဂီတသံ ဖန်တီးဖို့ ဖြစ်ပါတယ်။

တေးဂီတသံ ကောင်းကောင်း နားထောင် လိုက်ရလို့ ခံစားလိုက် ရတဲ့ပျော်ရွင်မှု ဆိုတာ ဘေးထွက် ပစ္စည်း (By-product) ပါ။ တရား မျှတမှုအကြောင်း စဉ်းစားတဲ့အခါ သက်ဆိုင်တဲ့ ကိစ္စရပ်တွေရဲ့ မရှိမ ဖြစ် သဘော သဘာဝ (Essential Nature of the Activity)ကို မေး ခွန်းထုတ်ရမှာပါ။ ဂုဏ်ပြုထိုက်တဲ့ အရည်အသွေးတွေ၊ အားကျလေး စားခံထိုက်တဲ့ အရည်အသွေးတွေ၊ အသိအမှတ်ပြု ခံထိုက်တဲ့ အရည် အသွေး (Qualities that are Worth Honoring and Admiring and Recognizing)  တွေကို မေး ခွန်းထုတ်ရမှာပါ။

အကောင်းဆုံး ပလွေဂီတ ပညာရှင်က အကောင်းဆုံး ပလွေကို ရသင့်(ပိုင်ဆိုင်သင့်)တဲ့ အကြောင်း တစ်ချက် ကတော့ တေး ဂီတဖျော် ဖြေပွဲဆိုတာ ကျွန်တော် တို့ကို ပျော် ရွှင်မှုတွေ ပေးနိုင်ရုံ သာမက အ ကောင်းဆုံး ဂီတပညာရှင်ကို ဂုဏ် ပြုဖို့၊ ဂီတပညာရှင်ရဲ့ ထူးချွန်မှုကို အသိအမှတ်ပြုဖို့ပါ။

ပလွေဥပမာက အရေးမပါတဲ့ သေးနုပ်တဲ့ သာဓကလို့ ထင်ကြ မှာပါ။ တရားမျှတမှုနဲ့ ပတ်သက်ပြီး ငြင်းခုံနေကြတဲ့ ယနေ့ခေတ် ဥပမာ တစ်ခုကို ဆက်ဆွေးနွေးကြရအောင်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်က အလွန် တော်တဲ့ မသန်မစွမ်း ဂေါက်သီး အားကစားသမား ကေဆီမာတင် (Casey Martin) အကြောင်းပါ။

သူ့ခြေထောက် တစ်ဖက်က သွေးစီးဆင်းမှု မကောင်းလို့ လမ်း လျှောက်တဲ့အခါ အလွန် နာကျင်စွာ ခံစားရပါတယ်။ လမ်းများများ လျှောက်ရင် ဒဏ်ဖြစ်သွားနိုင်ပါ တယ်။ သူဂေါက်ရိုက်ရင် တစ်ကျင်း ကနေ နောက်တစ်ကျင်းကို သွားဖို့ ဂေါက်ကွင်းသုံး ကားငယ်လေး (Golf Cart) ကို စီးခွင့်ပြုဖို့ ပရော် ဖက်ရှင်နယ် ဂေါက်သီး အားကစား သမားများအသင်း (Professional Golfer’s  Association) ထံမှာ တောင်းဆိုခဲ့ပါတယ်။ အသင်းက  ‘မညီမျှတဲ့ အသာစီးရမှု  (Unfair Advantage)  ပေးလိုက်သလို ဖြစ် စေတယ်’ လို့ အကြောင်းပြပြီး ခွင့် မပြုခဲ့ပါဘူး။ ဗဟိုတရားရုံး ရောက် တဲ့အထိ တရားစွဲဆိုပါတယ်။ လုပ် ကိုင်ဆောင်ရွက်မှုတစ်ခုရဲ့ မရှိမ ဖြစ်တဲ့ သဘော သဘာဝ (The Essential Nature of the Acti-vity)  ကို မပြောင်းလဲစေဘူးဆိုရင် မသန်စွမ်းသူတွေ အတွက် လိုအပ် တာတွေ ဖြည့်ဆည်း ပေးရမယ်လို့ ဥပဒေ ပြဋ္ဌာန်းထားပါတယ်။ ဒါ ကြောင့် ကေဆီမာတင်က ”ကျွန် တော်ဟာ ဂေါက်သီး အားကစား သမား တစ်ယောက်ပါ။ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ချင်ပါတယ်။ တစ်ကျင်းက နေ နောက်တစ်ကျင်းကို သွားဖို့ ဂေါက်ကားလေး လိုအပ်ပါတယ် လို့” တင်ပြခဲ့ပါတယ်။

သင်ဟာ တရားသူကြီး ဆိုရင် ဒီအမှုကို ဘယ်လို ဆုံးဖြတ်မလဲ။ ကေဆီမာတင်ကို ဂေါက်ကားလေး စီးဖို့ အခွင့်အရေး ပေးသင့်ပါသ လား၊ ဂေါက်ကားလေး စီးခွင့် မပြု ဘူး ဆိုရင် ဘာကြောင့်ပါလဲ၊ စီးခွင့် ပြုမယ်ဆိုရင် မညီမျှတဲ့ အသာစီး ရမှု ပေးလိုက်သလို ဖြစ်စေသော ကြောင့် စီးခွင့် မပြုသင့်ပါ။ ဂေါက် ကားလေးက ပြိုင်ပွဲရဲ့ အစိတ်အ ပိုင်းတစ်ခု မဟုတ်လို့ပါ။ ဂေါက် ကွင်းထဲမှာ ကျင်းတစ်ကျင်း ကနေ နောက်တစ်ကျင်းကို လမ်းလျှောက် ရတာ ပြိုင်ပွဲရဲ့ အစိတ်အပိုင်းတစ် ခု မဟုတ်လို့ပါစတဲ့ အကြောင်းပြ ချက်များစွာကို စဉ်းစားရမှာပါ။

အောက်တရားရုံးက ဒီအမှုကို ကြားနာဖို့ ဂျက်နစ်ကလပ်စ် (Jack Nicklaus) နှင့် အာနိုးပါးမား (Arnold Palmer) စတဲ့ ဂေါက်သီး သမား အကျော်အမော်တွေကို သက် သေအဖြစ် ခေါ်ယူပြီး ‘လမ်းလျှောက် ခြင်းဟာ ပြိုင်ပွဲမှာ မဖြစ်မနေ ဆောင်ရွက်ရမယ့် အလုပ်ဟုတ်ပါ သလားဆိုတဲ့ မေးခွန်းကို ဖြေဆိုစေ ခဲ့ပါတယ်။ အားလုံးက ဟုတ်ပါ တယ်လို့ ထွက်ဆို ခဲ့ကြပါတယ်။

ယှဉ်ပြိုင်နေစဉ် လမ်းလျှောက် ခြင်းဟာ အားသွန်ခွန်စိုက် လုပ်ရတဲ့ ပင်ပန်းစေတဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု ပါလို့ အားလုံးက ဖြေဆိုခဲ့ကြပါ တယ်။ လမ်းလျှောက်လို့ ဖြစ်ပေါ် တဲ့ ပင်ပန်းနွမ်းလျမှုက ဂေါက်သီး အားကစားပွဲမှာ ပါတဲ့ အချက် လည်း ဖြစ်ပါတယ်လို့ ဖြေဆိုခဲ့ ကြပါတယ်။ သူ့ကို ဂေါက်ကား စီး ခွင့်ပြုလိုက်မယ် ဆိုရင် ဂေါက်သီး အားကစားပြိုင်ပွဲရဲ့ အခြေခံကျတဲ့ သဘောသဘာဝ (Fundamental Nature of the Game) ပြောင်းလဲ သွားပါလိမ့်မယ်။

ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက် ကို အရင်ပြောပါရစေ။ ဗဟိုတရား ရုံးက ကေဆီမာတင်ကို ဂေါက်ကား လေး စီးနင်းခွင့်ပြုတယ်လို့ ဆုံး ဖြတ် အမိန့်ချခဲ့ပါတယ်။ ဆုံးဖြတ် ချက်နဲ့ပတ်သက်ပြီး သင်ဘာ ပြော မလဲ။ ဗဟိုတရားရုံးက ဆုံးဖြတ် ချက်ချဖို့ ဆွေးနွေးသုံးသပ်ပုံတွေ ထဲမှာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်တွေက ဂေါက် သီးကစားသမားရဲ့ ရပိုင်ခွင့် လုပ် ပိုင်ခွင့် (Right)၊ တရားမျှတမှု (Justice) တွေ အားလုံးက ဂေါက် သီးကစားခြင်းရဲ့ မရှိမဖြစ် လိုအပ် တဲ့ သဘောသဘာဝ (Essential Nature of Golf) ရဲ့ အဓိပ္ပာယ် အပေါ်မှာ မှီခိုနေပါတယ်။

ဆက်လက်ဖော်ပြပါမည်

ကောင်းထက်ညွန့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*