စစ်သားအိုကြီး ဆန္ဒ

စစ်သားအိုကြီး ဆန္ဒ
June 1, 2017 Asian Fame

12:23 pm
စစ်သားအိုကြီး ဆန္ဒ

MgSweThetဇာတ်သမားများ အသက် ဘယ်လောက်ကြီးကြီး ဆိုင်းသံ ကြားလျှင် ကချင်သည်ဟု အဆိုရှိ ကြသည်။

ကျွန်တော်လည်း ယခု အသက်ကြီးပါပြီ။ ဆိုင်းသံကြားလို့ ကချင်သော ဇာတ်သမား မဟုတ်ပါ။ သတင်းတစ်ခု ကြားရလျှင် ငယ်ဘ ဝကို စိတ်ကရောက်သွားသည်။ အသက် တစ်ဆယ့်ရှစ်နှစ်က တပ်မ တော်ထဲဝင်ခဲ့သည်။ ဌာနပေါင်းစုံ မှာ တာဝန်တွေမျိုးစုံ ထမ်းဆောင်ပြီး အသက် ခုနစ်ဆယ်ကျော်မှ အငြိမ်း စားယူခဲ့ရသူဖြစ်ပါသည်။

ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဖြစ်သော သတင်းကြားရချိန်မှာ တပ်ရင်းမှူး ဘဝက  ဗကပ တပ် ရင်း ၃ဝ၃၁-၃ဝ၃၃-၃ဝ၃၅။ ၄ဝ၄၆-၄ဝ၄၇-၄ဝ၄၈၊ ၅ဝ၁-၅ဝ၂-၅ဝ၃ တို့နှင့် ရင်ဆိုင်ခဲ့ရပုံများ ကို သတိရသည်။ နှစ်ပေါင်းလေး ဆယ်ကျော်ခဲ့ပြီ။

ကချင်ပြည်နယ်တွင် တပ်မ တော်က ထိုးစစ်တွေဆင်ပြီး အခိုင် အမာစခန်းတွေကို သိမ်းလိုက် သည် ဟူသော သတင်းကြားရချိန် မှာ တပ်ခွဲမှူး ဗိုလ်မှူးဘဝက ကချင်ပြည်နယ်တွင် တိုင်ပြည်အေး ချမ်းရေးအတွက် စစ်ဆင်ရေး တာဝန်ယူခဲ့ရပုံတွေ မြင်ယောင်လာ မိသည်။ နှစ်ပေါင်း ငါးဆယ်နီးပါး ရှိခဲ့ပြီ။

ယနေ့ကာလမှာ ၂၁ ရာစု ပင်လုံညီလာခံ ဟူသော အသံကြား ရသည်။ ပထမပင်လုံ ဟုဆိုသော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလက ကျွန်တော့် အသက် တစ်ဆယ့်နှစ် နှစ်သာရှိသေးသည်။ ဘာမှန်း မသိ ခဲ့ရ။

သို့သော်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပ နေပြီဟူသော သတင်းကို ရုပ်မြင် သံကြား ဖန်သားပြင် မှ မြင်လိုက်ရ သောအခါ သက်ကြီးရွယ်အို တစ် ယောက် ဆုတွေတောင်းမိရပါ သည်။

ပြည်ထောင်စုကြီးတကယ်ငြိမ်း ချမ်းမည့် ညီလာခံကြီး ဖြစ်ပါစေ။

နိုင်ငံ ခေါင်းဆောင်ကြီးများနှင့် တက်ရောက်ကြသော အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ ရင်းနှီးစွာ နှုတ် ဆက်ပြောဆိုနေကြသော ပုံများ တွေ့ရတော့လည်း အားတက်မိရ ပြန်ပါသည်။

ကျွန်တော်တို့လို သက်ကြီး ရွယ်အို စစ်သားဟောင်းကြီးများ အနေနှင့် ငြိမ်းချမ်းရေးကြီး ရစေ ချင်သော ဆန္ဒထက် ယနေ့စစ်မြေ ပြင်မှ မိုးထဲလေထဲ တာဝန်ထမ်း နေကြရသော တပ်မတော်သားများ က ပို၍ ငြိမ်းချမ်းရေး ရစေချင်ကြ ပေလိမ့်မည်။

ငြိမ်းချမ်းရေး ညီလာခံကြီးသို့ လာ၍ တက်ရောက်သော ခေါင်း ဆောင်များ၊ ကိုယ်စားလှယ် များနှင့် အတူ တောထဲတောင်ထဲမှာ တိုက် ပွဲဝင်လျက်ရှိကြသော တပ်ဖွဲ့ဝင် များကလည်း ငြိမ်းချမ်းရေး ကြီးရ ပါစေဟု ဆုတောင်းနေကြလိမ့်မည် ဟု ယုံကြည်ပါသည်။

တကယ်တော့ မြို့ပေါ်မှလူများ က ငြိမ်းချမ်းကြစေချင်သော ဆန္ဒ ထက် တကယ် တိုက်ပွဲဝင်နေရသူ တွေက ပို၍ ပို၍ ငြိမ်းချမ်းချင်ကြ မည်မှာ သေချာလှပါသည်။

ကျွန်တော်တို့ငယ်စဉ်ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကြုံခဲ့ ရဖူးသည်။

၁၉၅၈ ခုနှစ်က အစိုးရက ကမ်းလှမ်းခဲ့သည်။ ထိုအချိန်က ယခုလို စစ်ဆင်ရေး တာဝန်ယူဖို့ တပ်မကြီးတွေ၊ ဒေသကွပ်ကဲမှု အဖွဲ့ကြီးတွေမဖွဲ့ရသေး။ စစ်ဆင် ရေးတာဝန် သီးခြားယူဖို့ ခြေမြန် တပ်ရင်းတွေဖွဲ့သည်။ သေနတ် ကိုင်တပ်ရင်းတွေ၊ ခြေလျင်တပ် ရင်းတွေက တပ်မဟာအလိုက်၊ နယ်မြေ လုံခြုံရေးရော၊ စစ်ဆင် ရေးပါ တာဝန်ယူရ သည်။

ခြေမြန်တပ်ရင်းတွေက နယ်မြေသတ်မှတ်မှုမရှိ၊ ရန်သူ လှုပ်ရှားမှု အရ အရေးကြီးသော နေရာသို့ လိုက်ရသည်၊ တိုက်ရ သည်။

၁၉၅၈ ခုနှစ် ငြိမ်းချမ်းရေး ကမ်းလှမ်းချိန်က ကျွန်တော်သည် အမှတ် ၁ဝ၅ ခြေမြန် တပ်ရင်းတွင် တာဝန်ကျနေသည်။ သခင်သန်း ထွန်း ဦးဆောင်သော ဗကပ ဗဟို ဌာနချုပ်ကို ခြေရာခံပြီး လိုက်လံ ချေမှုန်းရေးတာဝန်နှင့် အညာဒေသ မဟာမြိုင်တောထဲ သို့ ရောက်နေ သည်။

ဗကပဗဟို အညာဒေသမှပဲခူး ရိုးမသို့ ရွှေ့သောအခါ ကျွန်တော် တို့ ပဲခူးရိုးမသို့ လိုက်ရပြန်သည်။ ပဲခူးရိုးမတွင် သတင်းပျောက်နေ ချိန်မှာ ကျွန်တော်တို့ မနားရ။ ကရင်ပြည်နယ် ဘားအံဒေသနှင့် မွန်ပြည်နယ် မော်လမြိုင်သထုံဒေသ သို့ ရွှေ့ရပြန်သည်။

၁၉၆၃ ခုနှစ် တော်လှန်ရေး ကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေး ဖို့ ဖိတ်ခေါ်ချိန်မှာ ကျွန်တော်သည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ စစ်ဦးစီးအရာရှိ အဖြစ် ရောက်ရှိ တာဝန်ယူနေရပြီ။

ပြည်ပရောက် ဗကပဗဟိုခွဲက သခင်ဗသိန်းတင်တို့ လေယာဉ်ပျံ ကြီးစီးပြီး ရန်ကုန်လေဆိပ် သို့ ရောက်လာသည်။ ပဲခူးရိုးမရှိ  သခင်သန်းထွန်းတို့နှင့် ညှိနှိုင်းဖို့ ကျွန်တော်တို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကပို့ရသည်၊ ကြိုရသည်၊ လုံခြုံရေး တာဝန်ယူရသည်။

မြို့ပေါ်မှာ ဆွေးနွေးကြသည်၊ ပြည်ပရောက် ဗကပနှင့် ရိုးမဗကပ တို့ညှိကြသည်။ ငြိမ်းချမ်းရေး ဆွေး နွေးပွဲပျက်သည်။ ဗဟိုခွဲပုဂ္ဂိုလ်များ ရန်ကုန်လေဆိပ်မှ တစ်ဖက်နိုင်ငံ သို့ လေယာဉ်ကြီးစီးပြီး ပြန်သွား သည်။ ဗကပကို အင်အား ပိုတိုးမြှင့် လာသည်။ အရှေ့မြောက်ဘက် ဒေသမှာ တပ်ရင်းကြီးအလိုက်၊ တပ်မဟာ အလိုက် လှုပ်ရှားကြ သည်။

စောဟန်တာသာမွှေး ဦး ဆောင်သော ကရင်တော်လှန်ရေး ကောင်စီသည် ၁၉၆၄ ခုနှစ် မတ် လ ၁၂ ရက်နေ့တွင် ငြိမ်းချမ်းရေး သဘောတူလက်မှတ်ထိုးသည်။ စောအုန်းဖေ၊ စောအောင်စိန်၊ ဗိုလ်လင်းထင်၊ ဗိုလ်ထရူးမင်းတို့ပါ သည်။ နောက်ပိုင်းမှာ ဗိုလ်လင်း ထင်က လက်နက်ပြန်ကိုင်သွား သည်။ ဗိုလ်ထရူးမင်းကတော့ တောင်ငူဒေသမှာ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီတာဝန်များ ထမ်းဆောင် ခဲ့သေးသည်။

ဗိုလ်တရူးမင်းကို လက်နက် စွန့်ပြီးမှ ဆက်သွယ် မိရခြင်းဖြစ် သည်။ ဗိုလ်လင်းထင်ကိုတော့ တစ်ချိန်မှာ ကျွန်တော် လိုက်တိုက် ရဖူးသည်။ ၁၉၆ဝ/၆၁ ကာလ ကဖြစ်မည်။ ရက်စွဲမမှတ်မိတော့ ပါ။ တစ်ဖက်နိုင်ငံ မဲဆောက်မြို့ကို ဗိုလ်လင်းထင်က ဝင်တိုက်သည်။ တိုက်ပြီး ဘားအံဒေသမှ ဖြတ်၍ လေးကေဒေသသို့ ဦးတည်ပြန်လာ သော ဗိုလ်လင်းထင်တို့ကို အမှတ် ၁ဝ၅ ခြေမြန်တပ်ရင်းမှ ကျွန်တော် တို့က ဖြတ်တိုက်ရသည်။

မဲဆောက်ကို လိုက်တိုက်ပြီး ပါလာသောပစ္စည်းများနှင့် ဗိုလ်လင်း ထင်၏ပင်မအဖွဲ့လုံခြုံရေး အတွက် တိုက်ခိုက်ရေး အဖွဲ့အချို့နှင့် ကျွန် တော်တို့စစ်ကြောင်းကို ခုခံသည်။ ယာယီတိုက်ပြီးဆုတ်သည်။ နောက် တစ်နေရာမှာ ခုခံရင်း ဟန်စစ်ဆင် သည်။ သည်လိုနှင့် ပင်မအဖွဲ့ကြီး လွတ်သွား ခဲ့ရဖူးပါသည်။ နှစ် ပေါင်း ငါးဆယ်နီးပါးရှိပြီ။

ဗိုလ်ထရူးမင်းကတော့ တောင် ငူဒေသတွင် လမ်းစဉ် ပါတီတာဝန် များ ယုံကြည်ချက် ရှိရှိ ဆောင်ရွက် သည်။ ၁၉၆၉ ခုနှစ် တပ်ခွဲမှူး (ဗိုလ်မှူး)အဖြစ် ကချင်ပြည်နယ် သို့ ကျွန်တော်ပြောင်းရွှေ့ချိန်အထိ သူ့ဒေသမှာ သူ ကျန်နေခဲ့သည်။

ကြာလည်း ကြာခဲ့ပါပြီ။

ပဲခူးရိုးမဗကပပြို၍ နယ်စပ် ရောက် ဗကပ ဗဟိုတို့ စခန်းထလာ သည်။ အင်အားတွေ တိုး၊ လက် နက်တွေ တိုး၊ ပံ့ပိုးမှုတွေ တိုးလာ သည်။

ထိုအချိန်မှာ ကျွန်တော်တပ် ရင်းမှူးဘဝ၊ ဒုတိယတပ်မမှူး ဘဝ နှင့် ကြုံခဲ့ရ တိုက်ခဲ့ရသေးသည်။ ပြည်ပနိုင်ငံသို့ သံတမန်ဖြစ် ကျွန် တော်မသွားရမီ ၁၉၈၅ ခုနှစ်တွင် ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်း ပြည်ပ ခရီးသွားသည်။ ခေါင်းဆောင်ချင်း ပွင့်လင်းစွာ ဆွေးနွေးသည်။ ဗကပ အဖွဲ့ကို စစ်ရေးကူညီမှုတွေရပ် မည်။ လူမှုရေး ထောက်ပံ့မှုသာ ပေးမည်ဟု တစ်ဖက်နိုင်ငံခေါင်း ဆောင်က ကတိပေးသည်။

လက်တွေ့လည်း လျော့ပါသည်။ ၁၉၈၆ ခုနှစ်တွင် မူဆယ်ကားလမ်း အရှေ့ခြမ်းရှိ စီစီဝမ်တာပန် ဒေသ ကို မိမိတပ်မတော်က ပြန်လည်သိမ်း ပိုက်နိုင်ခဲ့သည်။

ယနေ့လည်း ထိုဒေသ ပြန်ဆူ နေပြန်ပြီ။

မကြာသေးမီကာလအတွင်း  မိမိတို့ခေါင်းဆောင်ကြီး နှစ်ဦး ချစ် ကြည်ရေးခရီး သွားခဲ့သေးသည်။ ၁၉၈၅ ခုနှစ်ကလို ခေါင်းဆောင် ချင်းဆွေးနွေးချက် ရရှိလျှင် ကောင်း လေစွဟု မျှော်လင့်ချက်ကြီးစွာ ထားမိကြောင်း ကျွန်တော်ဆောင်း ပါး တစ်ပုဒ်ရေးခဲ့သည်။ ၁၁-၅-၂ဝ၁၇ နေ့ထုတ် ပေါ်ပြူလာ နယူးစ် ဂျာနယ်တွင် ‘စစ်သားအိုကြီး ဆုတောင်း’ ဟူ၍ ဖော်ပြခဲ့ပါသည်။

ယနေ့လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပ နေသည်။ ကျွန်တော် တို့လို စစ်သား အိုကြီးတွေက ကိုယ်ချင်းစာပါ သည်။ ယနေ့စစ်ပွဲမှာ လက်နက်စွဲ ကိုင်တိုက်နေရသူ အားလုံး(အား လုံး) ငြိမ်းချမ်းရေးကြီးကို မျှော်နေ ကြပါလိမ့်မည်။

စစ်တိုက်ရတာ ပျော်သောသူ ဟူ၍ လောကမှာ မရှိဟု ယုံကြည် ပါသည်။

ထို့ကြောင့် ကျွန်တော်တို့လို စစ်သားဟောင်းတွေရော၊ ယနေ့ လက်နက်ကိုင် ထားကြရသည့် စစ်သားကောင်း စစ်သားမြတ်တွေ အားလုံးကိုယ်စား ဆန္ဒဖော်ထုတ် လိုက်ရပါသည်။

ငြိမ်းချမ်းရေးကြီး ရစေချင်လှ ပါပြီ။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*