ကျောက်ဖြူ ရေလုပ်သားများ ဆန္ဒပြမှု မိမိတို့တွင် တာဝန် မရှိဟု တရုတ် ရေနံကုမ္ပဏီ တုံ့ပြန်

ကျောက်ဖြူ ရေလုပ်သားများ ဆန္ဒပြမှု မိမိတို့တွင် တာဝန် မရှိဟု တရုတ် ရေနံကုမ္ပဏီ တုံ့ပြန်
May 31, 2017 Asian Fame

5:24 pm
ကျောက်ဖြူ ရေလုပ်သားများ ဆန္ဒပြမှု မိမိတို့တွင် တာဝန် မရှိဟု တရုတ် ရေနံကုမ္ပဏီ တုံ့ပြန်

Maday-Kyun(ရန်ကုန်၊ မေ ၂၉)

မဒေးကျွန်းသို့လာသော  ရေနံ တင်သင်္ဘောကြီးများကြောင့်  ဒေသ ခံ ငါးဖမ်း လုပ်သားများ စားဝတ်နေ ရေးအခက်အခဲနှင့် ရင်ဆိုင်နေရ သည်ဟု ဆိုနေကြသော ပြဿနာ သည်  ကုမ္ပဏီက တာဝန်ယူ ဖြေရှင်း ပေးရမည့် တာဝန်မဟုတ်ဟု အ ရှေ့တောင်အာရှ ပိုက်လိုင်း ကုမ္ပဏီ (SEAOP) က တုံ့ပြန်လိုက်သည်။

ဒေသခံ ငါးဖမ်း လုပ်ငန်းလုပ် ကိုင် သူများက ရေနံတင် သင်္ဘော ကြီးကြောင့် ငါးမဖမ်းရဘဲ ဖယ်ပေး နေကြရသည့် အတွက် စားဝတ်နေ ရေး အခက်အခဲများနှင့် ကြုံတွေ့ နေကြရသည်ဟု ဆိုနေကြသည်။

ထို့ကြောင့် မေလ ၂၂ ရက်နေ့ က ဒေသခံ တစ်ထောင်ကျော်က ၄င်းတို့၏ စားဝတ် နေရေးကို ကုမ္ပဏီ က တာဝန်ယူပေးရန်  တရုတ်ရေနံ ရုံးရှေ့သို့ချီတက်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

SEAOP  ကုမ္ပဏီမှ ဒုတိယ ဥက္ကဋ္ဌ Li Zilin က ”ဒေသခံတွေ တောင်းဆိုတဲ့ အချက်တွေက ကုမ္ပ ဏီရဲ့ တာဝန်ထက် ကျော်လွန်နေ ပါတယ်။ ဒါကို အစိုးရကို တင်ပြ ပေးပါမယ်” ဟု ပြောသည်။

ဒေသခံတို့က ယင်းသင်္ဘော သွားလာမှုကြောင့် ကျောက်ဖြူမြို့ နယ် မဒေးကျွန်းရှိ ဒေသခံငါးဖမ်း လုပ်ကွက် အချို့ ရုပ်သိမ်းခံထားရ ပြီး ကျောက်ဖြူမြစ် အတွင်း ငါးဖမ်း လုပ်ငန်းလုပ်ကိုင်သူ အချို့ နစ်နာမှု ရှိသည်ဟု စွပ်စွဲထားသည်။

ထိုနေရာတွင် ငါးဖမ်းသူပေါင်း နှစ်ထောင်ကျော်ခန့် ရှိနေသည်။

ငါးလုပ်ငန်း တာဝန်ရှိသူများ က ကျောက်ဖြူမြစ် အတွင်း ရေနံ တင်သင်္ဘောဝင်ထွက်ချိန် တစ်ခု တွင်သာ ငါးမဖမ်းရဟု သတ်မှတ် ထား သည်။

ယင်းအပေါ် မျောပစ်လုပ် ငန်းလုပ်ကိုင်သူများ အတွက် အ နည်းငယ် အဆင်ပြေသော်လည်း  ကျားပါးစပ် လုပ်ငန်း လုပ်ကိုင်သူ များ အတွက် လုံးဝ အဆင်မပြေတော့ ကြောင်း ဒေသခံများ၊ ငါးဖမ်းလုပ် သားများက ပြောခဲ့ကြသည်။

ကျောက်ဖြူမြို့မှ ရေလုပ်သား ကိုလုံးလုံးက ”ငါးဖမ်းလို့ လုံးဝမရ တော့ဘူး။ အဲဒီတော့ ကျွန်တော်တို့ အတွက် စားဝတ်နေရေးတွေ အခက် အခဲ ရှိလာတာပေါ့”ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် ဒေသ ခံများက ရေနံတင် သင်္ဘောကြောင့် ငါးဖမ်းလုပ်ကွက် ပျက်စီးမှု တာဝန် ယူဖြေရှင်းပေးရေး၊ မဒေးကျွန်း ကျွန်း ပတ်လမ်းများ ရရှိရေး၊ ဒေသဖွံ့ဖြိုး ရေး ဆောင်ရွက်ပေးရေး စသည်တို့ ကို တောင်းဆိုခဲ့ကြသည်။

ယင်း တောင်းဆိုချက်များကို ပြုလုပ်ပေးခြင်း မရှိပါက လက်ရှိရေနံ တင်သင်္ဘောဖြင့် တင်ပို့ လုပ်နေခြင်း ကို ရပ်တန့်ပေးရမည်ဟု တောင်း ဆိုကြသည်။

ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က စီမံကိန်းတစ်ခု လုပ်ဆောင်မည် ဆိုပါက ဒေသခံများအတွက် အ လုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးရမည် ဖြစ်ပြီး ဒေသခံပြည် သူများထိခိုက် နစ်နာမှု မရှိစေရန် လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း ပြောသည်။

”ပြည်သူ့မျက်နှာကို မကြည့် ဘဲ လုပ်ခဲ့တဲ့ စီမံကိန်းတွေကြောင့် ဒေသခံပြည်သူတွေ နစ်နာကြတယ်”  ဟု ဦးဘရှိန်က ပြောသည်။

ဒေသခံ ရေလုပ်သား များအ တွက် စားဝတ်နေရေးကို တာဝန် ယူပေးရမည့်အပြင် ဒေသ ဖွံ့ဖြိုးရေး နှင့် ကျန်းမာရေး အတွက်လည်း လမ်းဖောက်လုပ်ခြင်း၊ လျှပ်စစ်မီး ရရှိစေရန် လုပ်ဆောင်ပေးခြင်း၊ အ ဆင့်မီဆေးပေးခန်း ဖွင့်လှစ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

ကျောက်ဖြူမြို့နယ်တွင် လက် ရှိ လုပ်ဆောင်နေသော ရေနံပိုက် လိုင်း စီမံကိန်း၊ ရွှေဂက်စ် စီမံကိန်း တို့ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများ၊ ဒေသခံများ ၏ စားဝတ်နေရေး ထိခိုက်မှုများနှင့် ကြုံတွေ့နေရပြီး အာမခံမှု မရှိသည့် အတွက် နောက်ထပ်စီမံကိန်းများ ကို လက်မခံနိုင်ကြောင်း ကျောက် ဖြူဒေသခံများက ပြောကြသည်။

လင်းဟိန်း၊ ဝေရှိုင်းကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*