မဒေးကျွန်းအတွင်း သွားလာနေသည့် ရေနံတင် သင်္ဘောကြီးများသည် အန္တရာယ်မရှိဟု ဆို

မဒေးကျွန်းအတွင်း သွားလာနေသည့် ရေနံတင် သင်္ဘောကြီးများသည် အန္တရာယ်မရှိဟု ဆို
May 31, 2017 Asian Fame

5:25 pm
မဒေးကျွန်းအတွင်း သွားလာနေသည့် ရေနံတင် သင်္ဘောကြီးများသည် အန္တရာယ်မရှိဟု ဆို

(ရန်ကုန်၊ မေ ၂၉)

မဒေကျွန်း အတွင်း သွားလာ နေသည့် ရေနံတင် သင်္ဘောကြီး များသည် ငါးဖမ်းရေ လုပ်သားများ အတွက် အန္တရာယ် မရှိနိုင်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ညွန်ကြားရေးမှူး ဦးဝေ ဦးက ပြောသည်။

အဆိုပါ သင်္ဘောကြီးများသည် နိုင်ငံတကာ သွားရောက်သည့် သင်္ဘောကြီး များဖြစ်ပြီး ဘေးအန္တ ရာယ် ကင်းရှင်းမှုနှင့် မတော်တဆမှု ဖြစ်ပွားပါက ရေနံများ မဖိတ်စင် အောင် ထိန်းသိမ်းနိုင်စွမ်း ရှိသည့် သင်္ဘောကြီး များဖြစ်ကြောင်း ရေနံ နှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ သိရသည်။

”နိုင်ငံရဲ့ဥပဒေအရ စစ်ဆေးရ တယ်။ စစ်ပြီးတဲ့အခါမှာ မှတ်ပုံတင် ရပြီး ခွင့်ပြုချက်ရမှ ပြေးခွင့်ရတဲ့ သင်္ဘောကြီးတွေဖြစ်တယ်။ သူတို့ က နိုင်ငံတကာက ဥပဒေတွေ နဲ့အ ညီ လိုက်နာ ဆောင်ရွက်တဲ့ အတွက် အန္တရာယ် မရှိဘူး”ဟု ဦးဝေဦးက ပြောသည်။

အဆိုပါ ရေနံတင် သင်္ဘောကြီး များသည် အမြဲတမ်း လာရောက် ခြင်းမဟုတ်ဘဲ တစ်လလျှင် ငါးစင်း ခန့်သာ လာရောက်ခြင်းဖြစ်ကြောင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မှ သိရသည်။

”ပြန်တွက်ကြည့်ရင် တစ်ပတ် တစ်စင်းလောက်ပဲ လာတာပါ။ ပင်လယ်ပြင်ရောက်တယ်။ ဒါ့အ ပြင် သူတို့သွားတာ ကလည်း နှစ် နာရီလောက် ပဲကြာတယ်။ ရေနံချ တယ်။ ပြန်ထွက်တယ်။ ဒီလောက် ပဲရှိပါတယ်” ဟု  ညွန်ကြားရေးမှူးက ဆိုသည်။

ယင်း သင်္ဘောကြီးများ မလာ ရောက်မီ အချိန်ကာလတွင် ငါး လုပ်ငန်း ဦးစီးဌာနနှင့် ရေကြောင်း ပို့ဆောင်ရေးတို့မှ ရေလုပ်သားများ အန္တရာယ် မရှိစေရေးအတွက် (၃) ရက် ကြိုတင်အကြောင်းကြားပေး ထားကြောင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ သိရသည်။

”သင်္ဘောတွေလာရင် ရေလုပ် သားတွေ အန္တရာယ် မဖြစ်စေဖို့ကို ရေနံသင်္ဘောတွေ ရှေ့ကနေ ဘုတ် တွေနဲ့ ပိုက်တွေ ဖယ်တာတွေ၊ လှေ တွေပြောင်းပေးတာတွေ လုပ်ဆောင် ပေးပါတယ်”ဟု ၄င်းက ဆက်ပြော သည်။

မဒေးကျွန်းရှိ ရေနံတင်ဆိပ် ကမ်းမှ သင်္ဘောကြီးများဖြင့် ရေနံ တင်ပို့နေခြင်းကြောင့် ဒေသခံငါး ဖမ်းလုပ်ငန်းများမှာ ငါးမဖမ်းရဘဲ ဖယ်ပေးနေကြ ရသည့်အတွက် ဒေ သခံများ၏ စားဝတ်နေရေးကို တာ ဝန်ယူပေးရန် ဒေသခံများက ယခု လ ၂၂ ရက်နေ့တွင် ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့ကြသည်။

မဒေးကျွန်း အနီးတစ်ဝိုက် ကျောက်ဖြူမြစ် အတွင်း မှီခိုပြီး ငါး ဖမ်းလုပ်ငန်း ကို လုပ်ကိုင်နေကြသည့် ရေလုပ်သားပေါင်း နှစ်ထောင်ကျော် ရှိပြီး ယင်းရေနံသင်္ဘောကြောင့် ဒေသခံရေလုပ်သားများ စားဝတ် နေရေး အခက်ကြုံကြရသည့် အပြင် ရေနံ သင်္ဘောမှ ရေနံယိုဖိတ်ပါက လည်း အန္တရာယ်ဖြစ်လာနိုင်ကြောင်း ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အသင်းက ညှိနှိုင်း ရေးမှူး ကိုထွန်းကြည်က ပြောသည်။

အလားတူ မဒေကျွန်းအတွင်း ငါးဖမ်း လုပ်ငန်းလုပ်ကိုင်သူ ကိုလုံး လုံးက ”ငါးဖမ်းတဲ့ နေရာတွေမှာ သူ တို့သင်္ဘောကြီးတွေ သွားနေတော့ ငါးဖမ်းလို့ မရတော့ဘူး။ ငါးဖမ်းပြီး လုပ်စားတဲ့ လူတွေမှာ ငါးမဖမ်းရ တော့ စားဝတ်နေရေး အဆင်မပြေ ဘူး။ ဒါကို ကုမ္ပဏီကဖြစ်ဖြစ်၊ အ စိုးရကဖြစ်ဖြစ် တာဝန်ယူဖြေရှင်း ပေးစေချင်တယ်”ဟု ပြောသည်။

လင်းဟိန်း၊ ဝေရှိုင်းကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*