ဗကသ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို လာမည့်နှစ်တွင် ကျင်းပမည်

ဗကသ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို လာမည့်နှစ်တွင် ကျင်းပမည်
May 31, 2017 Asian Fame

3:32 pm
ဗကသ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို လာမည့်နှစ်တွင် ကျင်းပမည်

ဖြိုးထက်အောင်
ရန်ကုန်၊ မေ ၂၉

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသ)၏ နိုင်ငံလုံးဆိုင် ရာ ကျောင်းသားထုညီလာခံကို ၂ဝ၁၈ ခုနှစ် တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဗကသ အဖွဲ့ ဗဟိုလုပ်ငန်းကော်မတီက ထုတ်ပြန် လိုက်သည်။ မေလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့က ကျင်းပခဲ့သော ဗကသအဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ၏ တတိယအကြိမ်မြောက်အစည်းအ ဝေးတွင် ယင်းသို့  ကျင်းပသွားရန် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်ပြီး ကျင်းပမည့်ရက်အတိအကျကိုမူ မသတ်မှတ်ရသေးကြောင်း ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် ကိုသန့်ညီညီက ပြောသည်။

”ပွဲဖြစ်မြောက်ရေးအတွက်က အခုလက်ရှိ ဗဟိုအလုပ်အမှုဆောင်တွေ ဆောင်ရွက်နေပါ တယ်။ အရင် အလုပ်မှုဆောင်ဟောင်းတွေပါ ကျင်းပရေးကော်မတီထဲမှာ ပါဝင်မှာဖြစ်ပါ တယ်။ ကျောင်းသားတွေရဲ့ အခွင့်အရေးနဲ့ဆိုင် တဲ့ စစ်တမ်းတစ်ခုကို အခု ဇူလိုင်လလောက်မှာ ကျွန်တော်တို့ ကောက်သွားပါမယ်။ အဲဒီက ရလာတဲ့ရလဒ်တွေကိုလည်း ညီလာခံမှာဆွေး နွေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ ယင်းညီလာခံ ဖြစ်မြောက်ရေးအတွက် ပဲခူး မြို့နှင့်ဘားအံ့မြို့နယ်တို့တွင် ညီလာခံဖြစ် မြောက်ရေးအကြိုအစည်းအဝေး နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ယခင်အလုပ်အမှုဆောင် အဟောင်းများလက်ထက်က အစီရင်ခံစာ များတင်သွင်းခြင်း၊ အမှုဆောင်အသစ်မှ ဗကသများအဖွဲ့ချုပ်၏ မူဝါဒများ ပြန်လည် သုံးသပ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခင် ဗကသကျောင်းသား ခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ပြောသည်။

ယခုကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ကျောင်း သားထုညီလာခံမှာ နိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်(နကသ)မှ ကျင်းပမည့် ကျောင်းသားထုညီလာခံနှင့် မတူပေ။ သို့သော် လည်း တစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂ များကိုမူ ဖိတ်ကြားသွားမည်ဖြစ်ကြောင်း၊ ညီလာခံသို့ တက်မတက်မှာမူ ¤င်းတို့ ဆန္ဒ အရသာဖြစ်ကြောင်း ကိုမင်းသွေးသစ်က ဆက်ပြောသည်။ တစ်နိုင်ငံလုံးတွင်ရှိနေသော ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် ၁ဝဝ ကျော်တွင် ဗကသများအဖွဲ့ ချုပ်ရှိနေသောကျောင်း ၄ဝ ဝန်းကျင်ရှိနေပြီး (၆) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ကျောင်းသား ထုညီလာခံကို ၁၉၆ဝ-၆၁ ခုနှစ်ကလုပ်ခဲ့ ကြောင်း၊ ၁၉၈၈ နှင့် ၁၉၉ဝ ပြည့်နှစ်က ပြုလုပ်ခဲ့သော ကျောင်းသားထုညီလာခံ ၂ ခု ကို(၇) ကြိမ်မြောက်အဖြစ် သတ်မှတ်ကာ ယခု အကြိမ်ကို (၈)ကြိမ်မြောက်အဖြစ်သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*