ဖိလစ်ပိုင်တွင် အစွန်းရောက် အကြမ်းဖက်များ ကိုနှိမ်နင်းရာ မလေး၊ အင်ဒိုနှင့် အာရပ် လူမျိုးများ အသေရမိ

ဖိလစ်ပိုင်တွင် အစွန်းရောက် အကြမ်းဖက်များ ကိုနှိမ်နင်းရာ မလေး၊ အင်ဒိုနှင့် အာရပ် လူမျိုးများ အသေရမိ
May 31, 2017 Asian Fame

11:06 am
ဖိလစ်ပိုင်တွင် အစွန်းရောက် အကြမ်းဖက်များ ကိုနှိမ်နင်းရာ မလေး၊ အင်ဒိုနှင့် အာရပ် လူမျိုးများ အသေရမိ

Foreign-fighters(မနီလာ၊ မေ ၂၉ )

ဖိလစ်ပိုင်နိုင်ငံ မာရ၀ီမြို့ရှိ ဘာသာရေး အစွန်းရောက် အကြမ်းဖက် များကို နှိမ်နင်းရာ တွင် နိုင်ငံခြားသား များကို အသေရမိကြောင်း ဖိလစ်ပိုင် တပ်ချုပ် ကပြောသည်

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မာရ၀ီမြို့ကို သိမ်းပိုက် မီးလောင်တိုက်သွင်းရန် ကြံစည်လျှက်ရှိသည့် လက်နက်ကိုင် အကြမ်းဖက်များကို ဖိလစ်ပိုင် တပ်ဖွဲ့များက ခြေမှုန်းနှိမ်နင်းရာတွင် မလေးရှား လူမျိုး ၃ဦး၊ အင်ဒိုနီးရှားလူမျိုး တစ်ဦးနှင့် အာရပ် လူမျိုးဖြစ်နိုင်သူများကို အသေ ရမိခြင်းကြောင့် ဖိလစ်ပိုင်တပ်ချုပ်က ယခုကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်

မာရ၀ီမြို့ရှိ လက်နက်ကိုင် အကြမ်းဖက်များနှင့် ရက်သတ္တ တစ်ပတ်ကြာသည်အထိ တိုက်ပွဲ များဖြစ်ပွားခဲ့ရာတွင် ရရှိသည့် ခိုင်လုံသည့် အထောက်အထား များအရ ထိုသို့ပြောကြားခြင်း ဖြစ်ပြီး၊ ထိပ်တန်း ဖိလစ်ပိုင် အကြမ်းဖက် များကိုလည်း အသေရ မိခဲ့ကာ၊ ယင်းတို့ ၏ ခေါင်းဆောင်မှာမူ ဒဏ်ရာ ရရှိသွားသည်ဟု ယုံကြည်ရကြောင်းကိုလည်း သူကပြောပါသေးသည်။

အကြမ်းဖက် များသည် မာရ၀ီမြို့ကို စီးနင်း သိမ်းပိုက်ပြီးနောက် ခရစ်ယာန် များအား သတ်ဖြတ်ရန် အစီအစဉ် ဆွဲထားကြောင်း ဗိုလ်ချုပ် ကြီး အက်ဒူရာဒို အာနိုကပြောပါသည်။

”သူတို့အားနည်းနေပါပြီ။ ဒါကြောင့် ပုန်းနေကြတဲ့ အကြမ်းဖက်တွေကို ကျုပ်တို့ လိုက်နှိမ်နင်းနေကြပါပြီ”ဟုလည်း သူကပြော ပါသေးသည်။

အင်္ဂါနေ့ နံနက်မှစ၍ မာရ၀ီမြို့တွင် တစ်အိမ်ချင်းလိုက်လံရှင်းလင်းနေရာ ယခုဆိုလျှင် ၇၀ ရာခိုင်နှုန်းမျှရှင်းလင်းပြီးဖြစ်ကြောင်းသိရသည်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မင်ဒါနာအိုကျွန်းရှိ မာရ၀ီမြို့တွင် မေလ ၂၄ ရက် နံနက် လင်းအားကြီး ၂ နာရီခန့်က၊ အစ္စလာမ် မစ်နိုင်ငံတော် အကြမ်းဖက် အဖွဲ့နှင့်အချိတ် အဆက်ရှိသည့် အဘူဆေယက်ဖ် ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့က စီးနင်း တိုက်ခိုက်မှု များပြုလုပ်ခဲ့သဖြင့် ဖိလစ်ပိုင် တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ အကြမ်းဖက်တို့သည် မာရ၀ီမြို့တော် ခန်းမ ကို သေနပ်သမားအမြောက်အများနှင့်သိမ်းပိုက်ခဲ့ပြီး ဆေးရုံ၊ အကျဉ်းထောင်နှင့် ကစ်သလစ်ဘုရားကျောင်းများကိုလည်း မီးရှို့ ဖျက်ဆီး ခဲ့သည်။ ထို့ကြောင့် သမ္မတ ဒူတာတေသည် ရုရှားနိုင်ငံမော်စကိုမြို့သို့ရောက်ရှိနေရာမှ ချက်ခြင်းပြန်လာခဲ့ပြီး မာရ၀ီမြို့နှင့်အနီးတ၀ိုက်ဒေသများကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ၂လတိတိသတ်မှတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

PN-002
Ref:
Foreign fighters killed in battle for Philippine city

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*