ပျူရှေးဟောင်းမြို့များသို့ ခရီးသွားဝင်နှုန်းတက်လာ

ပျူရှေးဟောင်းမြို့များသို့ ခရီးသွားဝင်နှုန်းတက်လာ
May 31, 2017 Asian Fame

3:12 pm
ပျူရှေးဟောင်းမြို့များသို့ ခရီးသွားဝင်နှုန်းတက်လာ

အိမ်စည်
ရန်ကုန်၊ မေ ၂၉

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူရှေးဟောင်းမြို့များသို့ ခရီးသွားဝင်ရောက်နှုန်း ပုံမှန် တိုးတက်လျက်ရှိကြောင်း သာ သနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနမှ သိရသည်။သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပျူမြို့ဟောင်းများ ကမ္ဘာ့အမွေအနှစ် ဌာနခွဲမှ ညွှန် ကြားရေးမှူးချုပ် ဦးသန်းဇော်ဦး က ”၂ဝ၁၂မတိုင်ခင်တုန်းကတော့ ပြောပလောက်တဲ့အနေအထား မရှိဘူးပေါ့။ သုတေသီတွေနဲ့ ခရီးသွားအနည်းအကျဉ်းပဲလာ တယ်။ ဒါပေမယ့် ၂ဝ၁၂ ကမ္ဘာ့ အမွေအနှစ်ကို ဆောင်ရွက်တဲ့ အခါမှာနှစ်အလိုက်တဖြည်ဖြည်း တိုးတက်လာတယ်။ တိုးတက်လာ တာမှာ နှစ်ပိုင်းရှိပါတယ်။ ပြည် တွင်းရောပြည်ပရောပေါ့။ ကျိန်း သေတာကတော့ ချက်ချင်းကြီး ပြောင်းလဲပြီး ဝုန်းခနဲ တိုးတက် တာမဟုတ်ဘဲ ပုံမှန်တိုးတက် နေပါတယ်” ဟု ပြောသည်။ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့တို့သို့လာရောက်သည့် ခရီးသွာများတွင် ပြည်တွင်းခရီး သွားပိုများသည်ဟု သိရသည်။

ယင်းပျူရှေးဟောင်းမြို့ များအနက် သရေခတ္တရာသို့ ပို၍လာရောက်ကြကြောင်း သရေခတ္တရာသို့ ခရီးသွားဝင် ရောက်မှုသည် တစ်နှစ်အတွင်း ပြည်တွင်းပြည်ပစုစုပေါင်း သိန်း ဂဏန်းရှိပြီး ဟန်လင်းနှင့် ဗိဿ နိုးသို့ ခရီးသွားဝင်ရောက်မှုနှုန်း မှာ သောင်းဂဏန်းရှိကြောင်း ၎င်းက ပြောသည်။ ”အခုဆိုရင် ရန်ကုန်ကနေ ဧရာဝတီမြစ်ကြောင်းနဲ့ ပုဂံကို တက်တဲ့အခါမှာ သရေခေတ္တရာ မှာ တထောက်နားကြတယ်။ အဲ့ဒီတော့ သရေခေတ္တရာကို သူတို့ဝင်ကြတယ်။ ၂ဝ၁၂ ခုနှစ် မတိုင်ခင်တုန်းကဆိုရင် သရေ ခေတ္တရာက ရာဂဏန်းလောက် ရောက်တယ်။ အခုဆိုရင် တစ်နှစ် လုံးအနေနဲ့တွက်ရင်သိန်းဂဏန်း လောက်ဖြစ်လာတယ်”ဟု ၎င်းကပြောသည်။ အဆိုပါပျူမြို့များသို့ သုတေသန ပြုလုပ်သူများ၊ ပညာရပ်ဆိုင်ရာတက္ကသိုလ် များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်ကြပြီး ပြည်ပမှ လာရောက်သူများတွင်များတွင် ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အမေရိကန်၊ ပြင်သစ် စသည် နိုင်ငံတို့မှ လာရောက်ကြသည်ဟု သိရသည်။ ပျူရှေးဟောင်း မြို့များသည် ၂ဝ၁၄ ခုနှစ်ဇွန်လတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ ပြီး အဆိုပါကမ္ဘာ့အမွေအနှစ် ရှေးဟောင်းမြို့များကို ပြုပြင်ထိန်းသိမ်းခြင်းနှင့်အတူ ခရီးသွား ကဏ္ဍတိုးတက်ရေးကိုပါ ဆောင် ရွက်လျက်ရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*