တစ်ဖက်နိုင်ငံသို့ တရားမဝင် ရောင်းဝယ်ခြင်းကြောင့် ရေချိုလိပ် မျိုးစိတ်များ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံတွေ့နေ

တစ်ဖက်နိုင်ငံသို့ တရားမဝင် ရောင်းဝယ်ခြင်းကြောင့် ရေချိုလိပ် မျိုးစိတ်များ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံတွေ့နေ
May 31, 2017 Asian Fame

5:33 pm
တစ်ဖက်နိုင်ငံသို့ တရားမဝင် ရောင်းဝယ်ခြင်းကြောင့် ရေချိုလိပ် မျိုးစိတ်များ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံတွေ့နေ

turtle(ရန်ကုန်၊ မေ ၂၆)

မြန်မာနိုင်ငံတွင် ရေချိုလိပ်မျိုး စိတ်ပေါင်း ၂၆ မျိုးရှိသည့် အနက် ထက်ဝက် နီးပါးသည် မျိုးသုဉ်း ပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ကလျာက ပြောသည်။

ရခိုင်တောင်လိပ်၊ ကြယ်လိပ်၊ တိုက်လိပ်၊ခေါင်းကြားလိပ်၊ ဝလေး လုံး စသည့် လိပ်မျိုးတို့သည် တစ်ဖက်နိုင်ငံသို့ တရားမဝင် ရောင်း ဝယ်ဖောက်ကားခြင်းကြောင့် မျိုးသုဉ်းမှု အန္တရာယ်နှင့် ရင်ဆိုင် နေရကြောင်း၊ တစ်ဖက်နိုင်ငံသို့ တရားမဝင် ရောင်းဝယ်မှု များတွင် ကြယ်လိပ်ကို အများဆုံးတွေ့ရ ကြောင်း လိပ်မျိုးဆက်ရှင်သန်ရေး အဖွဲ့မှ သိရသည်။

”ဒေသခံတွေ ဟင်းလျာ အဖြစ် ဖမ်းယူ စားသောက်ကြတယ်။ ဒါ တွေကလည်း မျိုးသုဉ်းမှုကို ဖြစ်စေ တယ်။ ရောင်းဖို့အတွက်လည်း ဖမ်းကြတယ်။ လူဦးရေက ပိုများ လာတော့ဖမ်းတဲ့သူတွေပိုများလာ တယ်” ဟု ၄င်းကပြောသည်။

တောင်ယာများ ချဲ့ထွင်ခြင်း၊ သစ်တော သစ်ပင်များ ခုတ်လှဲခြင်း၊ ရေကာတာများ ဆောက်လုပ်ခြင်း တို့ကြောင့်လည်း လိပ်များ၏ မျိုး ဆက်ပွားမှုကို လျော့နည်းလာ စေကြောင်း ၄င်းကပြောသည်။

လိပ်များ မျိုးသုဉ်းမည့်အန္တ ရယ် ရင်ဆိုင်နေရခြင်းနှင့် ပတ် သက်၍ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ အချိန်မီ မလုပ် နိုင်ပါက လာမည့်နှစ် အနည်းငယ် အတွင်း မျိုးသုဉ်း ပျောက်ကွယ် သွားနိုင်ကြောင်း အထက်ပါ အဖွဲ့က ထောက်ပြထားသည်။

သားငှက်ထိန်းသိမ်းရေး အဖွဲ့ (WCS) နှင့် လိပ်မျိုးဆက် ရှင်သန် ရေးအဖွဲ့သည် ၁၉၉၃ ခုနှစ် ကတည်းက သစ်တော ဦးစီးဌာနနှင့် ပူးပေါင်း၍ သားငှက်ထိန်းသိမ်း ရေးလုပ်ငန်းများကို ဆောင်ရွက် နေခြင်းဖြစ်သည်။

လိပ်မျိုးစိတ်များ မျိုးသုန်းမှုကို ကာကွယ်ရန် အတွက် တရားမဝင် ဖမ်းဆီး ရမိသော လိပ်များကို ခြံ လှောင်မွေးမြူပြီး ဆေးဝါးကုသ ခြင်းများ လုပ်ဆောင်သည့် အပြင် တရား မဝင်ရောင်းဝယ်မှု မရှိစေ ရေး အတွက် သစ်တော ဦးစီးဌာနက  ရဲတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ဝေရှိုင်းကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*