ကမ္ဘာကျော် ဂေါက်သီး ရိုက်သမား တိုင်းဂါးဝုဒ် အရက် အလွန်အကျွံသောက်ပြီး ကားမောင်းနှင်မှုနှင့် အဖမ်းခံရ

ကမ္ဘာကျော် ဂေါက်သီး ရိုက်သမား တိုင်းဂါးဝုဒ် အရက် အလွန်အကျွံသောက်ပြီး ကားမောင်းနှင်မှုနှင့် အဖမ်းခံရ
May 31, 2017 Asian Fame

11:04 am
ကမ္ဘာကျော် ဂေါက်သီး ရိုက်သမား တိုင်းဂါးဝုဒ် အရက် အလွန်အကျွံသောက်ပြီး ကားမောင်းနှင်မှုနှင့် အဖမ်းခံရ

Tiger-Wood(ဖလော်ရီဒါ၊ မေ ၃၀)

ကမ္ဘာကျော် ဂေါက်သီးရိုက်သမား တိုင်းဂါးဝုဒ် အား အရက်အလွန်အကျွံသောက်ပြီး ကားမောင်းနှင်မှုနှင့် ယမန်နေ့ကဖမ်းဆီးလိုက်သည်။

သို့ရာတွင် တိုင်းဂါးဝုဒ် ကမူ သူ၏ကျောရိုးကို ပြန်လည်ကောင်းမွန် လာစေရန် ကုသနေမှု၏ ဘေးထွက်ဆိုးကျိုးကြောင့် ယခုကဲ့သို့ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်းပြောသည်။

”ကျွန်တော် ဘယ်လောက် အရှိန်နဲ့မောင်းနေတယ် ဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်။ ကျွန်တော် လုပ်ခဲ့တာအတွက် ကျွန်တော့် မှ တာဝန်ရှိတာပေါ့”ဟုလည်းသူကပြောပါသေးသည်။

သူ့အား ဖမ်းဆီးသော ဂျူပီတာရဲစခန်းက ဖမ်းမိတရားခံအဖြစ်ရိုက်ထားသော တိုင်းဂါးဝုဒ်၏ ဓာတ်ပုံကို ထုတ်ပြန်လိုက်ရာ သူ့ပရိသတ် များအကြားတွင် လွန်စွာလှုတ်ခတ်သွားခဲ့သည်။

တိုင်းဂါးဝုဒ်ကို နံနက် လင်းအားကြီး ၃ နာရီတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ဂျူပီတာ ရဲစခန်းမှတစ်ဆင့် ထောင်သို့ ပို့လိုက်ပြီးနောက် သူကိုယ်တိုင် ၏ အာမခံဖြင့် နာရီအနည်းငယ် အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဂျူပီတာရဲစခန်းမှ ပြောခွင့်ရ ပုဂ္ဂိုလ် ခရစ်စတင်း ရိုက်တလာ ကပြောပါသည်။

သို့ရာတွင် ဖမ်းဆီးချိန်ဝယ် ကားပေါ်တွင် တိုင်းဂါးဝုဒ် တစ်ဦးတည်းသာ ရှိသဖြင့် ရဲဖက်က ဆိုသကဲ့သို့ အရက်အလွန် အကျွံသောက် သုံးထားခြင်းလော၊ တိုင်းဂါးဝုဒ် ပြောသကဲ့သို့ ဆေးကုသခြင်းကြောင်း ဖြစ်လာရသည့် ဘေးထွက် ဆိုးကျိုးပေလော ဆိုသည်ကို ယခု အချိန် အထိ ရှင်းလင်းစွာမသိရသေးချေ။

တိုင်းဂါးဝုဒ်ကမူ ”ခုလိုမျိုးထပ် မဖြစ်ရလေအောင် ကျွန်တော့်ရှိသမျှ အစွမ်းတွေနဲ့ ထိန်းသိမ်းသွားမှာပါ”ဟု သူ့မိသားစု ကိုပြောကြောင်းသိရပါသည်။

PN-002
Ref: Tiger Woods, arrested on suspicion of DUI, blames prescriptions

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*