ကန်တော်ကြီးအတွင်းရှိ ကျွန်းကူးသစ်သား တံတား ကို ကျပ်သိန်း ၅၄ဝဝ ကျော်အကုန်ခံ၍ ပြုပြင်မည်

ကန်တော်ကြီးအတွင်းရှိ ကျွန်းကူးသစ်သား တံတား ကို ကျပ်သိန်း ၅၄ဝဝ ကျော်အကုန်ခံ၍ ပြုပြင်မည်
May 31, 2017 Asian Fame

2:40 pm
ကန်တော်ကြီးအတွင်းရှိ ကျွန်းကူးသစ်သား တံတား ကို ကျပ်သိန်း ၅၄ဝဝ ကျော်အကုန်ခံ၍ ပြုပြင်မည်

Bridge

ဖြိုးထက်အောင်
ရန်ကုန်၊ မေ ၃ဝ

ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ပျက်စီးနေသော ကျွန်းကူးတံတားကိုဖျက်၍ အသစ်တည်ဆောက်သွားရန် ငွေကျပ်သိန်း ၅၄၄ဝ အသုံးပြုသွားမည်ဟု ရန်ကုန်မြို့တော်စည် ပင်သာယာက ပြောသည်။ နှစ်ကာလ ကြာရှည်နေပြီဖြစ် ၍ ပျက်စီးနေသောကြောင့် ယင်းတံတားကို ပြန်လည်တည်ဆောက် သွားမည်ဖြစ်ပြီး ယခုတည်ဆောက်ထားသော ပျဉ်းကတိုးတံတား မဟုတ်ဘဲ ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်သွားမည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်ဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောသည်။

”တံတားတစ်စင်းလုံးကို ဖျက်ချပြီး အသစ်ပြန်ဆောက်သွားမှာ ဖြစ်ပါတယ်။ လမ်းတံတားဌာနက နေ တာဝန်ယူပြီး ပြန်ဆောက်သွားပါမယ်။ လက်ရှိတော့ သိန်းငါး ထောင်ကျော်ဘတ်ဂျက်နဲ့ လုပ်မယ်။ ပိုကုန်ခဲ့ရင်လည်း လမ်းတံတားဌာန ရဲ့ ဘတ်ဂျက်ထဲကနေ သုံးသွားမှာပါ။ ဆောက်လုပ်မယ့်ပုံစံတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဘယ် တော့စမယ်ဆိုတာတော့ မသိရသေးပါဘူး”ဟု ၎င်းက ပြောသည်။

တံတားကို ပြန်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးက ကိုယ်တိုင်တည်ဆောက်မည်လား (သို့မဟုတ်) တင်ဒါခေါ်၍ တည်ဆောက်မည်လား ဆိုသည်ကို မူ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ အဆုံးအဖြတ် ရယူရဦးမည်ဖြစ်ကြောင်း ဦးကိုကိုလင်းက ဆက်ပြောသည်။ ”တံတားကတော့ မြင်တဲ့အတိုင်းပဲ တော်တော်လေးရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။ ဒီနှစ် ပြုပြင်မယ်ဆိုတော့ ကြည့်လိုက်တာ ၅၄၄ သန်းတောင် တောင်းထားတာဆိုတော့ ကျွန်တော်လည်းစည်ပင်ကို မေးရတယ်။ ဒါက ပြည်သူတွေရဲ့ အခွန်ငွေတွေဆိုတော့ ဘာလို့ အဲဒီလောက် သုံးထားတာလဲမေးတော့ သူတို့က ကွန်ကရစ်ပိုင်တွေ ဘာတွေနဲ့အခိုင် အမာလုပ်သွားမှာမို့လို့ ပြောပါတယ်” ဟု ၎င်းက ပြောသည်။ ပေ ၆ဝဝဝ ကျော်ရှိသည့် ယင်းတံတားကို ပြီးခဲ့သည့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ်တို့တွင်လည်း ကျပ်သိန်း ၁၄ဝဝ နှင့် ကျပ်သိန်း ၁၃ဝဝ အသီးသီးကျခံပြုပြင်ခဲ့သေးကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*