ပြည်သူတီးတဲ့ တရားစည် ပီပီသသမြည်ပါစေ

ပြည်သူတီးတဲ့ တရားစည် ပီပီသသမြည်ပါစေ
May 25, 2017 Asian Fame

2:57 pm
ပြည်သူတီးတဲ့ တရားစည် ပီပီသသမြည်ပါစေ

tys

တာဝန်ရှိသူများအား လေးစားစွာဖြင့်တင်ပြအပ်ပါသည်ခင်ဗျာ . . .

မိုးအခါ ရောက်ရှိလာသည်နှင့်အမျှ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာ ရေစီး ရေလာကောင်းမွန်ဖို့ရာအင်မတန်မှ အရေး ကြီးပါတယ်။ ရပ်ကွက်တစ်ခု မြောင်းတွေ မကောင်းဘူးဆိုရင်၊ မြောင်းတွေ ပိတ်ဆို့ နေခဲ့ရင် ရေဘေးဆိုတဲ့ဒုက္ခကို ရပ်ကွက်သူ၊ ရပ်ကွက်သားတိုင်း မလွဲမသွေခံကြရမှာပါ။ကျွန်တော်တို့ အမှတ်-ဒ/၁၇ ရပ် ကွက်ဆို ရင်ရေနုတ်မြောင်းတွေမကောင်းလို့ အကြိမ် ကြိမ် အခါအခါရေမြုပ်ပြီး အင်မတန်မှဒုက္ခ ပေါင်းများစွာရောက်ကြရပြီး ပရဟိတ လူမှုကူညီမှုအသင်းတွေက လာရောက် လှူဒါန်းသော ထမင်းထုပ်များကိုလည်း အကြိမ်ကြိမ်အခါခါ စားခဲ့ရသည်ကိုလည်း ကျွန်တော်တို့ ရပ်ကွက်သားတိုင်း သိရှိပါ တယ်။ ၁၄-၅-၂ဝ၁၇ ရက်နေ့က ကျွန်တော် တို့  အမှတ် ဒ/ ၁၇ ရပ်ကွက်မှာ မြေတူး စက်နှင့် လိုက်လံတူးနေသည်ကိုလည်း မြင် တွေ့ရ၍ အင်မတန်မှ ဝမ်းသာမိပါတယ်။ ရပ်ကွက်အတွင်း မြောင်းတွေ ကောင်းရင် ရေစီးရေလာကောင်းမည်ပေါ့။ ရေစီး ရေလာကောင်း၍ ရေဝပ်ခြင်း၊ ရေတင် ခြင်းတို့မရှိပါက ရေမြောင်းမှရေများ ပုပ်မသွားခြင်းကြောင့် ခြင်အန္တရာယ်လည်း ကင်းဝေးပါတယ်။ ခြင်အန္တရာယ်ကင်းဝေးတယ်ဆိုရင်ပဲ ကလေးတွေအနည်းဆုံးတော့ သွေးလွန်တုပ်ကွေးမဖြစ်နိုင်တော့ခြင်း ကြောင့်လည်း ပို၍ ဝမ်းသာမိပါတယ်။ သို့သော် ရပ်ကွက်အတွင်းမှာ ရေမြောင်းများအား မြေးတူးစက်ဖြင့်ဘယ်လောက်ပဲတူးတူး အဓိကဖြစ်တဲ့ ရေထွက်ပေါက် မိန်းမြောင်း ကြီးကိုမတူးဘဲနဲ့၊ ချန်ထားခဲ့မယ်ဆိုရင် လည်း တူးခဲ့သည့် ရပ်ကွက်အတွင်း မြောင်း များမှာလည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မယ်။ ကျွန်တော်တို့ အမှတ်-ဒ/၁၇ ရပ်ကွက်ရဲ့ အဓိကရေထွက်ပေါက်ဖြစ်သော မိန်းလမ်းကြီးအား တူးပေးပါရန် တာဝန်ရှိ သူများအား လေးစားစွာဖြင့်တင်ပြအပ်ပါသည်ခင်ဗျား။

နေလင်းလင်း
ခေတ္တရန်ကုန်

tys2

ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ပေးပါ

ပဲခူးမြို့ သွန်းဘုရားရပ်ကွက် ညောင်ဝိုင်းတောင်ပိုင်း မြောက်ပိုင်း ရပ်ကွက်များရဲ့တစ်ခုတည်းသော ရေထွက်ပေါက်ဖြစ်တဲ့ ကျုံးမြောင်း ပေါ်မှာ အမှိုက်ပုံကိုထားရှိတဲ့အတွက် မြောင်းထဲမှာ အမှိုက်များပိတ်ဆို့ကာ ရေစီးရေလာ မကောင်းခြင်း၊ ကျုံးပြုပြင်ခြင်းလုပ်ငန်း မပြီးစီးသေး တဲ့အတွက် တုတ်များရိုက်ကာ ပိတ်ဆို့ထားခြင်းတို့ကြောင့် မိုးရေများနှင့် ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဌာနမှ အမြန်ဆုံးရေစီးရေလာကောင်းအောင် ဆောင်ရွက်ပေးပါရန်နှင့် အမှိုက်များ ရေမြောင်းအတွင်းမကျအောင် ကာရံပေးထားပါရန် သက်ဆိုင်ရာဌာနအား မေတ္တာရပ်ခံအပ်ပါသည်။

tys3

လှေသမားတစ်ဦးရဲ့ အပြုအမူကို တင်ပြပါတယ်

၉.၅.၂ဝ၁၇ ပုသိမ် ငဝန်မြစ်အတွင်း စက်လှေ မောင်းသူတစ်ဦး၏ မြင်ကွင်းဖြစ်ပါတယ်။ ပုသိမ် ငဝန်မြစ်အတွင်း သင်္ဘော/စက်လှေတွေ မကြာခဏ တိုက်မှုဖြစ်ပွား နေတာ မောင်းသူတို့ရဲ့ မဆင်မခြင်မောင်း နှင်မူကြောင့် အများဆုံးဖြစ်ရတာပဲ ဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကို သူတို့ရဲ့ မတော်တဆဆိုတဲ့ စကားလေးတစ်ခွန်းနောက်က ဘဝတွေပျက်ခဲ့ရတဲ့ မိသားစုတွေရဲ့ဘဝတွေကို ကိုယ်ချင်းစာသောအားဖြင့် ကိုယ်တိုင်လိုက်စီးမိသော စက်လှေသမားတစ်ဦးရဲ့ အပြုအမူကို တင်ပြလိုက် ခြင်း ဖြစ်ပါတယ်။

KSMS

tys4

အခြေအနေ ဆိုးနေတဲ့ စလင်းက တံတား

စလင်းမြို့နယ်အတွင်းက ဆင်ဖြူ ကျွန်း-နွယ်တမယ် တံတားရဲ့ အခြေ အနေဟာ ပုံပါအတိုင်းဖြစ်နေပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ဒါကိုပြုပြင် ပေးစေလိုပါတယ်။ အန္တရာယ်ရှိလွန်း လို့ပါဗျာ။

စလင်းသား

tys5

တာဝန်ရှိသူတွေ ဖြေရှင်းပေးပါ

မကွေးမြို့ မြို့တော်ခန်းမရှေ့မှာ ပြည်သူ့ဘဏ္ဍာများဖြင့် ခင်းထားသော နိုင်လွန်ကတ္တရာ လမ်းပေါ်တွင် စည်းကမ်းမဲ့ ကျင်းတူးခြင်းများ လုပ်ထားပါ သည်။ မကွေးမြို့တော်ခန်းမ ရှေ့က နိုင်လွန်ကတ္တရာလမ်းပေါ်တွင် ကျင်းတူးတိုင်စိုက်ထူခြင်းသည် လမ်းကိုဖျက်ဆီးရာရောက်ပါတယ်။ တာဝန်ရှိသူများ ဖြေရှင်းပေးစေလိုပါတယ်။

ရှိုင်းဘုန်းလျှံ

စစ်ကိုင်းဒေသခံပြည်သူများ၏ ဆန္ဒပြုလက်မှတ်များဖြင့် အခြေခံဥပဒေနှင့်အညီ စစ်ကိုင်းမြို့တော်၌ တိုင်းရုံးများ အားလုံး ပြန်လည်ရုံးစိုက်ပေးရေး နိုင်ငံတော်သမ္မတကြီးဦးထင်ကျော်ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ယခုမေလ ၁၈ ရက် ယနေ့ ရက်စွဲဖြင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း စစ်ကိုင်းစာတိုက်က အမြန် ချောပို့ဖြင့်ပေးပို့တောင်းဆိုတင်ပြလိုက်ပြီဖြစ်ပါကြောင်း စစ်ကိုင်း မြို့တော်သူ မြို့တော်သားများအားလုံးသို့ လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။

သို့

ဦးထင်ကျော်
နိုင်ငံတော်သမ္မတကြီး
ပြည်ထောင်စုအစိုးရအဖွဲ့
နေပြည်တော်။

နေ့စွဲ ။ ၂ဝ၁ရ ခုနှစ် မေလ ၁၈ ရက်

အကြောင်းအရာ ။ ။ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့မှစ၍ အာဏာတည်ပြီးဖြစ်သည့် ၂ဝဝ၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာသော ယခင် USDP အစိုးရသက်တမ်းတစ်လျှောက် လုံးနှင့် ယခု NLD အစိုးရသက်တမ်းကာလ တစ်နှစ်ကျော်လွန်လာသည်အထိအခြေခံ ဥပဒေ ဆိုင်ရာ ရပိုင်ခွင့်များ ဆုံးရှုံးနစ်နာနေကြရသော စစ်ကိုင်းမြို့တော်သူ မြို့တော်သားများအတွက် စစ်ကိုင်းတိုင်းဒေသကြီးအဆင့်အစိုးရအဖွဲ့ လွှတ်တော်တရားလွှတ်တော်နှင့် ဌာနဆိုင်ရာ လုပ်ငန်းဆိုင်ရာ ရုံးများအားလုံး အမြန်ဆုံး ရုံး စိုက်ပေးပါရန် စစ်ကိုင်းဒေသခံ ပြည်သူများ၏ ဆန္ဒပြုလက်မှတ်များဖြင့် တောင်းဆိုတင်ပြခြင်း။

အထက်ပါ အကြောင်းအရာနှင့် စပ်လျဉ်း၍… ……
ဥက္ကဋ္ဌ စစ်ကိုင်းမြို့တော်ဦးဆောင်ကော်မတီ စစ်ကိုင်းမြို့

(အင်္ဂလိပ် ခေတ် ၁၈၈၈ ခုနှစ်ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်၍ တိုင်းရုံးစိုက်ခဲ့ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
တပ်မတော်အစိုးရလက်ထက်အထိ တိုင်းရုံးစိုက် ခဲ့ရပြီး ယခုအချိန်ထိ တိုင်းရုံးစိုက်ရန် ပြဋ္ဌာန်းသတ်မှတ်ထားသည့် စစ်ကိုင်းတိုင်းဒေသကြီး၏ တရားဝင်မြို့တော် ဖြစ်ပါသည်)

(မှတ်ချက်။ ။ ဖော်ပြပါတင်ပြစာများသည် ကာယကံရှင်များ၏ အာဘော်သာဖြစ်ပြီး ပေါ်ပြူလာနယူးစ်ဂျာနယ်၏ အာဘော်မဟုတ်ပါ။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*