မောင်တောမြို့ ဆေးရုံကြီးတွင် ခေတ်မီခွဲစိတ်ခန်းတစ်ခု ဇွန်လအတွင်း ဖွင့်မည်

မောင်တောမြို့ ဆေးရုံကြီးတွင် ခေတ်မီခွဲစိတ်ခန်းတစ်ခု ဇွန်လအတွင်း ဖွင့်မည်
May 25, 2017 Asian Fame

4:05 pm
မောင်တောမြို့ ဆေးရုံကြီးတွင် ခေတ်မီခွဲစိတ်ခန်းတစ်ခု ဇွန်လအတွင်း ဖွင့်မည်

လင်းဟိန်း
ရန်ကုန်၊ မေ ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ခေတ်မီခွဲစိတ်ခန်း တစ်ခုကိုလာမည့်ဇွန်လအတွင်း ဖွင့်လှစ်နိုင်တာ့မည်ဖြစ်ကြောင်း သိရသည်။ခေတ်မီခွဲစိတ်ခန်းအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များ ခန့်အပ်ထားပြီးဖြစ်ကာ ၎င်းဆရာဝန်များ မောင်တောဆေးရုံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အဆိုပါ ခွဲစိတ်ခန်း ဖွင့်လှစ်ပြီး ပါက မျက်လုံးခွဲစိတ်ကုသခြင်းနှင့် တီဘီ၊ ငှက်ဖျားစသည့် အခြားရောဂါများကို လည်း ကုသနိုင်မည်ဖြစ်ကြောင်း ဆေးရုံမှ သိရသည်။

”အရင်ကဆိုရင် လူနာတွေက စောင့်နေရတာ ရှိတယ်။ အခု ဒီခွဲစိတ်ခန်းနဲ့ ဆရာဝန်အင်အားတွေ တိုးလိုက်တော့ ပိုအဆင်ပြေသွားတာပေါ့”ဟု မောင်တောမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။ မောင်တောမြို့ ဆေးရုံသည် ခုတင် ၅ဝ ဆံ့သာဖြစ်ပြီး လာရောက်ကုသကြ သည့် လူနာအရေအတွက် ပိုများသဖြင့် လူနာများမှာ အချိန်ပေး စောင့်ဆိုင်းရခြင်းများရှိကြောင်း ၎င်းက ပြောသည်။ ယင်းခွဲစိတ်ခန်းကို သီတဂူ ဆရာ တော်ကြီးက လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ခွဲစိတ် ခန်းအဆောက်အအုံကို ပြီးခဲ့သည့် တစ်နှစ်ကျော်က စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ခွဲစိတ်ခန်းအတွက် လိုအပ်သည့် မေ့ ဆေးစက်၊ ခွဲစိတ်ကိရိယာများ၊ မီးစက် စသည်တို့ကိုလည်း သီတဂူဆရာတော်ကြီးကပင် လှူဒါန်းထားသည်။ မောင်တောဆေးရုံတွင် ဆေးရုံအုပ် ကြီး၊ လက်ထောက် ဆေးရုံအုပ်တို့ အပါအဝင် ခွဲစိတ်ဆရာဝန်၊ မေ့ဆေး ဆရာဝန်၊ သမားတော်၊ သူနာပြုစသည့် ကဏ္ဍလိုက် ကျန်းမာရေး ဝန်ထမ်းပေါင်း ၂ဝ ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*