ဆောင်းပါးတစ်ပုဒ် မျက်စောင်းတစ်ချက်

ဆောင်းပါးတစ်ပုဒ် မျက်စောင်းတစ်ချက်
May 25, 2017 Asian Fame

3:43 pm
ဆောင်းပါးတစ်ပုဒ် မျက်စောင်းတစ်ချက်

မနေ့တစ်နေ့ ကပဲ အလှူတစ်ခု သို့ ရောက်ခဲ့သည်။ အငြိမ်းစားလူ ဟောင်းကြီးအလှူမို့ အငြိမ်းစား တွေ စုမိကြသည်။ သူတို့တွေထဲ မှာ အသက်ရှစ်ဆယ်ကျော် သူက ကျွန်တော် တစ်ယောက်တည်း ပါ သည်။

တစ်ယောက်သောသူ၏ ယောက္ခမကြီးသည် တစ်ချိန်က ကျွန်တော်တို့ ဆရာသမားဖြစ်ခဲ့ သည်။ တွေ့တိုင်းဆုံတိုင်း သူ့ ယောက္ခမကြီး အကြောင်း ပြောဖြစ် သည်၊ ပြောဖြစ်သည် ဆိုရာမှာ လည်း ချီးမွမ်းခန်း ဖွင့်မိခြင်းသာ ဖြစ်ပါ၏။

ထိုပုဂ္ဂိုလ်ကြီးသည် တပ်မ တော်လူဟောင်းကြီး ဖြစ်ပါ၏။ ဘီ အိုင်အေ ဖျက်သိမ်းပြီး ဘီဒီအေ ခေတ် ဗိုလ် သင်တန်းကျောင်းမှာ နည်းပြအရာရှိ တာဝန်ယူရသေး သည်။

လွတ်လပ်ရေး ရပြီးသည်ဘက် ခေတ် ကျွန်တော်တို့ ဗိုလ်ကြီး အဆင့်မှာ ထိုပုဂ္ဂိုလ်ကြီးက ဒုတိယ ဗိုလ်မှူးကြီးအဆင့်နှင့် ကျွန်တော် တို့ဆရာ ဖြစ်ခဲ့ဖူးသည်။ တည်ငြိမ် အေးဆေး၍ လူငယ်တိုင်း၏ လေးစားမှု ခံယူ ရရှိသူဖြစ်သည်။

အားလပ်ချိန်တွင် ငါးမျှားခြင်း သာလျှင် သူ့ဝါသနာဖြစ်၏။ လက်မှုပညာ ကျွမ်းကျင်သည်၊ အချက်အပြုတ် ဝါသနာပါသည်။ သားသမီး ဆယ်ယောက် ထွန်းကား သည်။ မိဘက ပြင်ပသွားလာမှု နည်းပါး၍ မိသားစုတွင်း စည်းလုံး သည်။

articleအတွေ့အကြုံ ရှိသော အိမ်ကို ခင်တွယ်သော မိဘ၏ သွန်သင်မှု ကြောင့် သားသမီးများ စည်းလုံး သည်။ ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်းမရှိ ကြ။ ကြီးစဉ် ငယ်လိုက် ထိန်း ကျောင်းသွားကြသည်။ သူတို့အိမ် မှာ အိမ်ဖော်မရှိ။ တပ်မတော်က ရာထူး အဆင့်အရ မော်တော်ကား သုံးခွင့် ရှိသည်။ ရုံးတက်ရုံးဆင်း သုံးသည်၊ ကျောင်းပို့ ကျောင်းကြို သုံးသည်။ ဈေးသွား ဈေးဝယ် သုံး သည်။ ယာဉ်မောင်းရဲဘော်အား လပ်ချိန်တွင် အိမ်မှုကိစ္စ ဗာဟီရ အလုပ်များ လုပ်ခိုင်းခြင်း မရှိ။

သားသမီး ဆယ်ယောက် အနက် အကြီးများကို အိမ်မှုကိစ္စ များ တာဝန်ပေးထားသည်။ သမီး ကြီးက ချက်ရေးပြုတ်ရေး တာဝန် ယူရ သည်။ တတိယသမီးက ကူရ သည်။ ဒုတိယကလေးက သား ယောက်ျားလေးမို့ ခြံတွင်းရှိ သစ် ပင်ရေလောင်းခြင်း အလုပ်ပေး ထားသည်။ စတုတ္ထ နှင့် ပဉ္စမသမီး နှစ်ယောက်က ဘုရားပန်းအိုးလဲ ခြင်း၊ သောက်တော်ရေလဲခြင်း စသည်တို့ လုပ်ရသည်

နံပါတ် (၆)၊ (၇)၊ (၈)   ကလေးသုံးယောက်က ငယ်ရွယ်သူ မို့ တန်ရာတန်ရာ တာဝန်ပေးထား သည်။ အိမ်ရှေ့ဧည့်ခန်းမှ ကြမ်းကို တိုက်ရသည်။ ကြမ်းတိုက်ရသည် ဆိုသော်လည်း ထိုအလုပ်ကို ကလေးငယ် သုံးယောက်က ပျော် ပျော်ပါးပါး တာဝန်ယူကြသည်။ ဂုံ နီအိတ်ပေါ်မှာ တစ်ယောက်တစ် လှည့် ထိုင်၍ နှစ်ယောက်ကဆွဲကြ သည်။ ပေနှစ်ဆယ်ခန့် ကျယ် သော ဧည့်ခန်း ဟိုဘက်နံရံမှ သည် ဘက်နံရံဆွဲသူက ဆွဲ၊ စီးသူကစီးနှင့် ကြမ်းတိုက်ပြီးသား ဖြစ်သွားသည်။

အငယ်ဆုံး နှစ်ယောက်ကို တော့ ဘာတာဝန်မှ မပေး။ ဆရာ ကတော်က ရင်ကျပ်ရောဂါ ရှိသည်။ ဆရာသမားက ကလေး တစ် ယောက်ချင်း တာဝန်တွေသေချာ ပေးထားသည်မို့ ဆရာကတော်က စိပ်ပုတီးတစ်ကုံးကို ကိုင်ရင်း ကလေး တွေကိုကြည့်ရသော အလုပ်သာ ရှိသည်။

ဆရာသမားကြီးက ရုံးလည်း သွားသည်။ အိမ်မှာလည်း ကလေး တွေကို တာဝန်တွေ ခွဲဝေပေးထား သည့်အတိုင်း ညစာစားပြီးချိန်မှာ တစ်ဦးချင်း သတင်းပို့စေသည်။ ပြီးမှ ကိုယ့်စားပွဲမှာ ကိုယ်ထိုင်ပြီး စာကျက်ကြရသည်။

ထိုအချိန်က မင်္ဂလာဒုံရှိ တိုင်း စစ်ဌာနချုပ်တွင် ကျွန်တော်တို့ အတူနေရ၊ ဆုံခဲ့ရ၊ တွေ့ခဲ့ရ လေး စားခဲ့ရသော ဆရာသမားကြီးသည် ထိုသို့ စနစ် ကျသော အကွက်စေ့ သော ဆရာသမားကြီး ဖြစ်ပါ၏။  ထိုဆရာသမားကြီးနှင့်အတူ ကျွန် တော် ငါးနှစ်ကြာ တာဝန် ထမ်း ဆောင်ခဲ့ရပါ၏။

တကယ်ဆိုတော့ သားသမီး ဆယ်ယောက် မွေးထားပြီးအိမ်ဖော် အကူတစ်ယောက်မှ မရှိသော အိမ် ထောင်စုကြီးမှာ စနစ်တကျ တာဝန်ခွဲဝေမှုသာ မရှိပါက အိမ် ရှင်မတစ်ယောက်တည်း အိမ် ထောင်ကို ထိန်းသိမ်းဖို့ ဆိုတာ လွယ်မည်မဟုတ်။

အိမ်ထောင်ဦးစီး ဆရာသမား ကြီး ကလည်း ရုံးလုပ်ငန်းတစ်ဖက်၊ အိမ်ပြန်လာတော့လည်း ဖရိုဖရဲ၊ ကသီလင်တ ဗြုတ်စဗျင်းတောင်း အမြင်မကောင်းသော အိမ်ထဲဝင် လာသည် ဆိုလျှင် အမောပြေစရာ မရှိ။

ယခုတော့ အိမ်ထောင်ဦးစီး က စနစ်ကျသည်၊ အိမ်ရှင်မက ကြီးကြပ်သည်၊ ကလေးတွေက သူ့ တာဝန်သူ ကျေပွန်ကြသည်။ တကယ့်ကို သီရိဂေဟာလေးပါ တည်း။

”ကျွန်တော်က ဆရာသမား ကြီးနဲ့ ငါးနှစ်အတူ နေခဲ့ရတယ်။ နောက်ပိုင်း ပင်စင်ယူတဲ့အထိ ပြန် မဆုံရတော့ဘူး၊ ခင်ဗျားတို့ရော ဆရာ သမားကြီး ပုံစံ မီကြရဲ့လား” ဟု ဆရာသမား၏သမက်ကို မေး လိုက်သည်။

”ဖေဖေ့စနစ်ကို မမီပေမယ့် မချိုကလည်း သားသမီး ငါးယောက် ကို စနစ်တကျ ဆက်ထိန်းထား တာမို့ အဆင်ပြေပါတယ်” ဟု သမက်တော်က ကြွားသည်။

ကျွန်တော်တို့ ဝိုင်းက စကား ကောင်းနေဆဲမှာ အမျိုးသမီးဝိုင်း က ထလိုက်ကြသဖြင့် ကျွန်တော် တို့လည်း စကားကိုဖြတ်၊ မတ်တတ် ရပ်လိုက်ကြရသည်။

ကားထဲ ရောက်လာသည်၊ နှုတ်ဆက်ကြသည်၊ ကားတွေတစ် စီးပြီး တစ်စီး ထွက်လာခဲ့ကြသည်။

ကျွန်တော့်အတွေးက မပြတ် သေး။ အလှူပွဲမှ စကားဝိုင်းကို စိတ်က ရောက်နေသည်။

ရုတ်တရက် ကျွန်တော့်လက် မောင်းကို မသက်ဆွေက ကိုင်လှုပ်  သည်။

”ဘာတွေ စဉ်းစားလာတာလဲ။ ငြိမ်လှချည်လား” ဟုဆိုသည်။

”ကိုကျော်ဝင်းရဲ့ ယောက္ခမ၊ ကိုမောင်တို့ ဆရာသမားကြီးက ကလေး ဆယ်ယောက်နဲ့ မိသားစုကို ကွပ်ကဲခဲ့တဲ့ အကြောင်း စကား ကောင်းလာကြတာ”

”စကားဝိုင်းက ပြီးခဲ့ပြီပဲ။ ဘာဆက်စဉ်းစားနေတာလဲ” ဟု သူက ဆိုသည်။

”သြော်၊ တို့ခေါင်းဆောင်ကြီး လည်း အဲဒီလိုဆို ကောင်းမှာပဲလို့ တွေးလာတာ”

”ဘာဆိုင်လို့လဲ”

”ဆိုင်ပါသော်ကောကွယ်။ တို့ ခေါင်းဆောင်ကြီးက ပါတီကိုလည်း ဦးဆောင်ရတယ်။ ဂျပန်လည်း ရောက်၊ တရုတ်လည်းရောက်၊ အာ ဆီယံလည်းရောက်၊ ဥရောပလည်း ရောက်၊ လန်ဒန်ရောက်လို့ ဘုရင်မ ကြီးနဲ့တောင် လက်ဆွဲနှုတ်ဆက် ခဲ့သေး”

”ဘာဖြစ်လဲ”

”အဲဒီလောက် ပြင်ပခရီးတွေ သွားနေရတာ။ တစ်ယောက်တည်း ရုန်းကန်နေ ရတာလေ။ ကိုကျော် ဝင်းယောက္ခမကြီးက ကလေးတွေ ကို အိမ်တာဝန်တွေ ခွဲပေးခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံကြီးကလည်း ဆိုင်ရာဆိုင်ရာ ဝန်ကြီးတွေ၊ ပြည် နယ်တိုင်း အစိုးရတွေကို စိတ်ချ လက်ချ တာဝန်တွေ လွှဲလို့ရရင်၊ ဘယ်လောက် ကောင်းမလဲလို့တွေး နေတာပါ” ဟု ရှင်းပြလိုက်မိသည်။

”ကဲ…ကဲ၊ စိတ်ထဲရှိတာ စိတ်ထဲမှာပဲတွေး။ ဘယ်သူ့မှ လျှောက်မပြောနဲ့။ လူကြီးတွေမှာ လည်း အစီအစဉ်တွေ ရှိကြမှာပါ။ ကိုယ်နဲ့ မဆိုင်တာ အသာနေ။ ခု တော့ ကိုယ့်မိန်းမနဲ့ပဲ စကားပြော ဦး” ဟူသောအပြောနှင့် မျက် စောင်းလေးထိုး လိုက်သော သူ့ အကြည့်က အသက် တစ်ဆယ့်ငါး နှစ်သမီးအရွယ်က ပုံစံအတိုင်းသာ ဖြစ်ပါ၏။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*