ဒီမိုကရေစီ ပြဿနာ

ဒီမိုကရေစီ ပြဿနာ
May 25, 2017 Asian Fame

5:10 pm
ဒီမိုကရေစီ ပြဿနာ

Kaung-Htet-Nyuntယခင်အပတ်မှ အဆက်
ကျွန်တော်တို့ရဲ့ ဘဝတွေ ဘယ်လို နေထိုင်ကြမယ် ဆိုတာကို ပြန်ပြီး အဓိပ္ပာယ် ဖွင့်ဆိုဖို့ ပြောနေ တာပါ။ နားလည် ထားရမှာက ကျွန်တော်တို့ ရထားတာတွေ၊ လက်ထဲမှာ ရှိနေတာတွေ နဲ့ ဘယ် လို ရှေ့ဆက်ရမလဲ ဆိုတာပါပဲ။ ရှေ့ဆက်လျှောက်ရင် တွေ့ရမယ့် အန္တရာယ်တွေ အစား (ရှေ့မှာတွေ့ရ မယ့် အန္တရာယ်တွေကို ရှောင်လွှဲ ချင်လို့) နိုင်ငံရေးကို ဆန့်ကျင်လိုက် ကြတာက အခုအချိန်မှာ ခေတ်စား နေတယ်လေ။ နိုင်ငံရေးဆိုတာကြီး ကို ဖယ်ထုတ်ပြီး၊ နိုင်ငံရေးသမား တွေကို ကန်ထုတ် လိုက်ရုံနဲ့ အား လုံးကောင်းသွားမယ် ဆိုတဲ့ အမြင် က ခေတ်စားနေပြီလေ။

ဒီမိုကရေစီရဲ့ အကျိုးကျေးဇူး တွေက ဘက်ပေါင်းစုံကပါပဲ။ ဒီမို ကရေစီဆိုတာ ခြောက်ပစ်ကင်း သဲ လဲစင်တော့ မဟုတ်ပါဘူး။ ဒီမိုက ရေစီ ခေတ် ကိုရောက်ဖို့အတွက် လူတွေ ရာပေါင်း ထောင်ပေါင်း များစွာ သူတို့ရဲ့ဘဝကို ပေးဆပ်ခဲ့ ရင်းခဲ့ကြ ရတာပါ။ နေ့ စဉ် ပေးဆပ် နေကြဆဲပါ။

ဒီမိုကရေစီ မကျင့်သုံးတဲ့ နိုင်ငံ တစ်ခုကို ခင်ဗျား ရောက်သွားပြီး အဲဒီနိုင်ငံက ပြည်သူတွေ ဘယ်လို အသက်ရှင် နေထိုင်သလဲ။ ဘယ် လို တွေ သည်းခံနေကြရလဲ ဆိုတာ ကြည့်လိုက်ပါ။ ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုတွေ (butchery)၊ ရိုင်းစိုင်းတဲ့ရက်စက် ကြမ်းကြုတ်မှု တွေ၊ အမြဲစိုးရိမ်နေရတဲ့ လူ့အဖွဲ့ အစည်း (fear society) ကိုတွေ့ မြင်ရမှာပါ။

အဲဒီ ဒီမိုကရေစီ မကျင့်သုံးတဲ့ နိုင်ငံကနေ ကိုယ့်နိုင်ငံကို ပြန် ရောက်လာတဲ့ အခါတိုင်း ကျွန် တော်တို့ လက်ထဲမှာ ရရှိတဲ့ အရာ တွေ အပေါ် နားလည် သဘော ပေါက်ပုံတွေ ပြောင်းလဲလာမှာပါ။ ဒီမိုကရေစီက ကျွန်တော်တို့ ထင် တာထက် ပိုပြီးတော့ ကျိုးလွယ် ပဲ့ လွယ် (more fragile) ပါတယ်။ အ လွယ်တကူ ကျိုးပဲ့ နိုင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် ကမ္ဘာနဲ့ချီပြီး ပြောရရင် ဒီမိုကရေ စီဆိုတာ အမိန့်တွေပေး၊ အမိန့် တွေ ထုတ်ပြန်ပြီး အုပ်ချုပ်နေတာ ထက် အမိန့်မရှိဘဲ လိုက်နာကြတာ မျိုး ဖြစ်ရမှာပါ။

ကမ္ဘာပေါ်မှာ လူတော်တော် များများက ဒီမိုကရေစီရဲ့ အကျိုး ကျေးဇူးကို မခံစားကြရပါဘူး။ ဒီမို ကရေစီ အငွေ့အသက်တွေ လွှမ်းခြုံ နိုင်ဖို့ အမေဇုန် နိုင်ငံရေးကို ဝိုင်း တွန်းလှန်ကြပါ။ ထန်နေတဲ့ မုန် တိုင်းကို တနည်းနည်းနဲ့ ငြိမ်သက် သွားအောင် လုပ်ဖို့ လိုပါတယ်။ ပေး ထားတဲ့ကတိ (com­mitment) နှင့် အပေးအယူလုပ် ညှိနှိုင်းမှု (compromise) တွေက ဒီမိုကရေစီ ပြန် လည် ဖော်ဆောင်နိုင်တဲ့နည်း ဆို တာကို နားလည် ထားရပါမယ်။ ဟိုက်ပါဒီမိုကရေစီ (hyper-democracy)  ဆိုတာ ဒီမိုကရေစီ မလောက်မင ချို့ချို့တဲ့တဲ့ရနေတာ မဟုတ်ဘဲ အလျှံအပယ် ရထား တာပါ။ လက်ရှိအချိန်ကို ဟိုက်ပါ ဒီမိုကရေစီ (hyper-democracy) အခြေအနေလို့ ဆိုရမလားပဲ။

ဒီမိုကရေစီ ထူထောင်တဲ့ ဖခင် ကြီးသုံးထားတဲ့ အခေါ်အဝေါ်က အုပ်ချုပ်ပိုင်ခွင့် စွမ်းအား (governing energy) ) ပါ။ ခင်ဗျားက တစ် ဦးတစ်ယောက် ကို မဲပေးပြီး ရွေး ချယ်လိုက်လို့ အဲဒီလူ အမတ်ဖြစ် သွားရင် သူ့ကို ဆုံးဖြတ်ချက် ချနိုင် စွမ်းနဲ့ အမိန့်ပေးနိုင်စွမ်း (capacity to make decisions and rule) တွေ အပ်နှင်းရမှာပါ။ ဒီမိုကရေစီဆိုတာ ပြည်သူလူထုက တာဝန်ခံယူခြင်း (holding people to account) နှင့် ပြည်သူကို အုပ်ချုပ်ခွင့် အာဏာ အပ်နှင်းခြင်း (letting them get on with governing) နှစ်ခုကို ဟန် ချက်ညီအောင် ချိန်ညှိ ပေးရတာ ပါ။ (Democracy is about a balance between holding people to account and letting them get on with governing.)

တစ်ခါတလေ ကျွန်တော် စိုး ရိမ်မိတယ်။ ဒါ အလွန်ဆိုးဝါးတဲ့ အတွေး ဆိုတာလည်း ကျွန်တော် သိပါတယ်။ အခု လက်ရှိ ကျွန် တော်တို့ ကျင့်သုံးနေတဲ့ ဟိုက်ပါ ဒီမိုကရေစီ (hyper-democracy)  မှာ စောင့်ကြည့်လေ့လာသူ  (Watch Dogs)  တွေ၊ ရွေးကောက်ပွဲကော် မရှင် အဖွဲ့ဝင်တွေ (scrutineers)၊ စက္ကန့်မလပ် လှုပ်ရှားနေတဲ့ သတင်း မီဒီယာတွေ (24/7 media)၊ တရား ရုံးတွေရဲ့ အခန်းကဏ္ဍ ပိုအရေးပါ လာတာတွေကြောင့် သတင်းနှင့် အချက်အလက် လွတ်လပ်မှုတွေ ပိုများလာတယ်။ ကျွန်တော်တို့တွေ အရင်ကထက် ဒီမိုကရေစီ ပိုရနေ တာကြောင့် ကျေနပ်နေကြတဲ့ ဒီမို ကရက်တွေ (satisfied demo-crats)  ထက် မရောင့်ရဲ မတင်းတိမ် နိုင်တဲ့ ဒီမိုကရက်တွေ(discon-tented democrats)  သာ ပိုများ လာတာ ခင်ဗျားတို့ သတိထား မိကြရဲ့လား။

ခံစားချက်မဲ့တဲ့ ထုံပေပေနိုင်ငံ ရေး စနစ် (insensitive political system)  ကို ကြိုက်လို့ပြောနေတာ မဟုတ်ရပါဘူး။ အခု နိုင်ငံရေးသ မားတွေက ပြည်သူတွေရဲ့ တောင်း ဆိုမှုတွေကို ကြိုးစားပြီး နားမ ထောင်ပေးနိုင်လောက်အောင် အလွန့်အလွန် ထိလွယ် ရှလွယ် ဖြစ်လွန်းပါတယ်။ ပိုပိုကဲကဲ ထိ လွယ် ရှလွယ် ဖြစ်လွန်း (hyper-sensitive)  ပါတယ်။

သူတို့တွေက ဖေ့စ်ဘွတ်ခ် (facebook)မှာ၊ တွစ်တာ (Twitter) မှာ ရေးထားတဲ့ နိုင်ငံရေး အကြောင်းတွေနဲ့ သတင်းစာ၊ ဂျာ နယ်အဖုံးမှာ ရေးထားတဲ့ ခေါင်းကြီး ပိုင်းတွေနဲ့ သဟဇာတဖြစ်စွာ နေ တတ် ထိုင်တတ်လောက်အောင် အရေထူ သွားကြပြီလား။ သူတို့အ ကြောင်း ရေးထားတဲ့ သတင်းတွေနဲ့ ယဉ်ပါးသွားပြီလား။ သူတို့က ချ မှတ်ရမယ့် ဆုံးဖြတ်ချက်တွေကို မချရဲလောက်အောင် ကြောက်ရွံ့ နေကြပြီလား။

ကျွန်တော်တို့ မျက်စိလည် လမ်း ပျောက်နေပြီလား။ ဘာလုပ် ရမှန်းမသိ၊ ဘာကိုင်ရမှန်းမသိ ဖြစ် နေတာလား။ ဟန်ချက် ပျက်သွား တာလား။ ကျွန်တော်ကတော့ ပျက်ကွက်မှုလို့ ဆိုချင်ပါတယ်။ ရလိုက်တဲ့ ဟာတွေကို ကြိုက် ကြိုက်၊ မကြိုက်ကြိုက် လက်ခံဖို့ ကျွန်တော် ပြောနေတာ မဟုတ် ပါဘူး။ နိုင်ငံရေး ဆိုတာကို ပြန်ပြီး တော့ အဓိပ္ပာယ် ဖွင့်ဆို ကြဖို့ မေတ္တာ ရပ်ခံနေတာပါ။ တေ့တေ့ ဆိုင်ဆိုင် ဆွေးနွေး လုပ်ကိုင် (engage) ကြဖို့ပါ။

မှန်ကန်စွာ မဲဆန္ဒပေးတတ် ခြင်းဟာ အလွန်အရေးကြီးတဲ့ ကိစ္စလို့ ပြည်သူတွေ နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မှန်မှန် ကန် ကန် မဲဆန္ဒပေးတတ်ခြင်းဟာ ပြည် သူတွေကပေးနိုင်တဲ့ ဖိအား တစ်မျိုး ဖြစ်လို့ပါပဲ။ ပြည်သူတွေ လုပ်နိုင် တာက မဲပေးတာ တစ်ခုတည်း မဟုတ်ပါဘူး။ မြို့တိုင်း၊ နယ်တိုင်း၊ တိုင်းရင်းသားတိုင်း၊ အလွှာပေါင်း စုံ၊ ဘက်ပေါင်းစုံနဲ့ တေ့တေ့ဆိုင် ဆိုင် ဆွေးနွေး လုပ်ကိုင် (engage) နိုင်ပါတယ်။ ယနေ့ကမ္ဘာမှာ ရင် ဆိုင်နေရတဲ့ ပြဿနာက စားဝတ် နေရေးအတွက် ရုန်းကန်နေ ရသူ တွေ၊ လူငယ်တွေနဲ့ လူအများစုက နိုင်ငံရေးနဲ့ကင်းကင်း ရှင်းရှင်းနေ ကြ (disengaging) တာပါ။ သူတို့ နိုင်ငံရေးနဲ့ မပတ်သက်ချင်တာ ကျွန်တော် နားလည်ပါတယ်။

အခုလို ကျွန်တော် ပြောနေရ တဲ့ အကြောင်းကတော့ ခင်ဗျားက နိုင်ငံရေး ဆိုတာကြီးကို စိတ်မဝင် စားခဲ့ရင်လည်း နိုင်ငံရေးက ခင် ဗျားတို့ကို စိတ်ဝင်စားတယ်။ နိုင်ငံ ရေးက ခင်ဗျား တို့ရဲ့ ဘဝတွေကို သတ်မှတ် ပြဋ္ဌာန်း (define) ပေး လိမ့်မယ်။

ဒီနေ့ ကျွန်တော်တို့ရဲ့ ဒီမို ကရေစီ ပြဿနာက ဒီမိုကရေစီ မစို့မပို့ ရလို့ဖြစ်ရတာ မဟုတ်ဘူး။ အလျှံ အပယ် ပေါကြွယ်ဝလို့ ဖြစ် ရတဲ့ ပြဿနာတွေပါ။ ခပ်တိမ်တိမ် ဒီမိုကရေစီတွေ အလျှံအပယ် ဖြစ် နေတာ၊ ပဋိပက္ခဆန်တဲ့ ဒီမိုကရေစီ တွေ ပေါများနေတာ၊ မိတ်ကပ် လိမ်းထားတဲ့ ဒီမိုကရေစီတွေ နေ ရာတိုင်းမှာ ပြည့်နေတာ၊ အဆံ ချောင် ဒီမိုကရေစီတွေ မကုန်နိုင် မခန်းနိုင် ဖြစ်နေတာကြောင့်ပါ။ ကျွန်တော်တို့ အားလုံး အတွက် အ မှန်တကယ် လက်ခံနိုင်တဲ့ နောင် အနာဂတ်မှာ တိုးတက်အောင် မောင်းနှင်နိုင်တဲ့ နက်ရှိုင်းတဲ့ ဒီမို ကရေစီ နိုင်ငံရေး မရှိသလောက် နည်းနေတာပါ။

Matthew Flinders \ The problem with democracy ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါ သည်။

ကောင်းထက်ညွန့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*