ဆရာဝန် နှစ်ထောင်နီးပါး ထပ်မံခန့်အပ်ရန် ဝန်ကြီးဌာန စီစဉ်

ဆရာဝန် နှစ်ထောင်နီးပါး ထပ်မံခန့်အပ်ရန် ဝန်ကြီးဌာန စီစဉ်
May 25, 2017 Asian Fame

3:45 pm
ဆရာဝန် နှစ်ထောင်နီးပါး ထပ်မံခန့်အပ်ရန် ဝန်ကြီးဌာန စီစဉ်

စိုင်းလမင်း
နေပြည်တော်၊ မေ ၁၉

မြန်မာ တစ်နိုင်ငံလုံးတွင် ဆရာဝန် ၁၇ဝဝ ထပ်မံခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။ ”ခန့်အပ်ဖို့အတွက် တင်ထားတာ အခု နောက်ဆုံးအဆင့် ရောက်နေပါပြီ။ နောက်ဆုံးအဆင့် အစိုးရအဖွဲ့ဆီက အတည်ပြုချက်ရရင် ခန့်အပ်နိုင်တော့မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

မေလ တတိယပတ်တွင် ကျင်းပသော ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒ နယ်အမှတ် (၁၁)မှ ဒေါ်ထုမေ၏ မေးခွန်းကို ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဝေးလံခေါင်သီပြီးသွားလာရန် ခက်ခဲသောနေရာများတွင် ဆရာဝန်များအားကာလ ရှည်ကြာစွာခန့်ထားပါက အလုပ်ထွက်သွားခြင်းများရှိသဖြင့် ဒေသတစ်ခုတွင် တစ်နှစ်သာ တာဝန်ထမ်းဆောင်စေမည်ဟု ဝန်ကြီးက ပြောသည်။

”ကျွန်တော်တို့ ဘာသွားတွေ့ လဲဆိုတော့ ခက်ခဲတဲ့နေရာတွေ ကာလရှည်ကြာ တာဝန်ချထားပေးရင် မသွားဘဲနဲ့ အလုပ်ထွက်သွား တာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ နောက်ပိုင်းမှာ တစ်နှစ်ပဲ တာဝန် ထမ်းဆောင်စေမှာ ဖြစ်ပါတယ်။ တစ်နှစ်ပြီးရင် တစ်နှစ် နောက်တစ်ယောက်သွားမယ်။ အဲ့ဒီလိုမှ သူတို့ လိုလိုချင်ချင်နဲ့ သွားမှာ ဖြစ်ပါ တယ်။ အလုပ်ထွက်တာတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။ ထိုသို့တစ်နှစ် တာဝန်ထမ်းဆောင်ပြီးပါက ဆရာဝန်များတာ ဝန်ထမ်းဆောင်လိုသော နေရာသုံး ခုအနက်တစ်ခုကို ရွေးချယ်ကာ တာဝန်ထမ်းဆောင်စေလျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*