ကျပ်ထုပ် ထိုးနည်းဖြင့် နာတာရှည်ရောဂါ ကုသနိုင်မည့်ကုထုံးသစ် မိတ်ဆက်

ကျပ်ထုပ် ထိုးနည်းဖြင့် နာတာရှည်ရောဂါ ကုသနိုင်မည့်ကုထုံးသစ် မိတ်ဆက်
May 25, 2017 Asian Fame

3:21 pm
ကျပ်ထုပ် ထိုးနည်းဖြင့် နာတာရှည်ရောဂါ ကုသနိုင်မည့်ကုထုံးသစ် မိတ်ဆက်

m1

ဝေရှိုင်းကျော်
ရန်ကုန်၊ မေ ၁၉

မြန်မာ့ရိုးရာ ကျပ်ထုပ်ထိုး နည်းဖြင့် နာတာရှည်ရောဂါများကို ကုသနိုင်သည့် နည်းပညာသစ်တစ်ခုကို Oz+ Clinic မှ မိတ်ဆက်လိုက်သည်။သွေးအားနည်းနေသူများ၊ သွေးကြောပိတ်ဆို့နေသူများ၊ ကိုယ်ခံအားနည်းနေသူများ၊ အိပ်ရာထဲ လှဲလျောင်းနေရသူများနှင့် သွေးလည်ပတ်မှုအား နည်းနေသူများအတွက် အဆိုပါကုထုံးသည် သင့်တော်ကြောင်း Oz+ Clinic မှ ဒေါက်တာ ဒေါ်ခင်စန္ဒာလင်းက ပြောသည်။

”ဥပမာ ပြောရရင်တော့ ဆီးချိုရောဂါသည်တွေ ကုသနိုင်မှာဖြစ်တယ်။ ဒါ့အပြင်အသည်းရောဂါပါ ကုသနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။ကျပ်ထုပ်ထိုး နည်းပညာတွင် ကုန်ကြမ်းအဖြစ် နှမ်းကို အများဆုံးအသုံးပြုထားပြီး ကျပ်ထုပ်ထိုးခြင်းဖြင့် သွေးလည်ပတ်မှုတိုးတက် ကောင်းမွန်စေကာ ဆေးမတိုးသူ များနှင့် သွေးလည်ပတ်မှုအား နည်းနေသူများကိုပါကောင်းမွန် စေနိုင်ကြောင်း ၎င်းကပြောသည်။ ”သွေးလည်ပတ်မှု ကောင်းအောင်ကုတဲ့အခါမှာတော့ ၁ဝ ယောက်မှာ ၉ ယောက်ကကောင်း မွန်တာကို တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါ ကုထုံးဖြင့် ကုသသူများတွင် အသည်းနှင့် ကျောက်ကပ်ဝေဒနာရှင် အများဆုံးဖြစ် ကြောင်း၊ ကုသစရိတ်အနေဖြင့် တစ်နာရီလျှင် ၅ဝဝဝဝ ကျပ် သတ်မှတ်ကာ ကုသကြောင်း သိ ရသည်။ ကျပ်ထုပ်ထိုးနည်းဖြင့် ကုသလိုသူများ၊ ဆွေးနွေးတိုင်ပင်သူ များသည် ရန်ကုန်မြို့  အမှတ်- ၁၉၈၊ သံသုမာလမ်း၊ မြင်သာ၊ တောင်ဥက္ကာလာပမြို့နယ်ရှိ Oz+ Clinic သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*