စိန်တူ

စိန်တူ
May 25, 2017 Asian Fame

4:45 pm
စိန်တူ

HLသူ့ကို ရန်ကုန်မှာမွေးတယ်။ ရန်ကုန်မှာကြီးတယ်။ ရန်ကုန်မှာ ကျောင်းတက်တယ်။
”ငါတို့ခေတ်ပညာရေးက…နည်းနည်းလေးမှ သောက်သုံး မကျဘူးကွ”.. သူပြောနေကျ။
”အေး.. အဲဒီအသုံးမကျ တဲ့ပညာရေး ခေတ်ထဲမှာ ဘွဲ့တစ်ခု တောင်ရအောင် မယူနိုင်တဲ့မင်းက ပို အသုံးမကျဘူးကွ သိလား”
မိတ္ထီလာကနေစစ်တွေထောင် ကိုရောက်လာတဲ့ ကိုဝဏ္ဏက ဝင် ပြောတော့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ ပြန်ကြည့်ပြီး..
”အင်း…ခင်ဗျားပြောတော့ လည်း ဟုတ်သလိုပဲဗျ”
”အလုပ်လုပ်မယ်၊ ကျောင်း ပြန် တက်မယ်၊ ထမင်းရှာစားမယ်”
”ငါ့ခံယူချက်က ဒီတိုင်းပြည် ဒီမိုကရေစီတော်လှန်ရေးမှာ ငါ့ကို အသုံးကျမယ်လို့ထင်ရင် ဘယ်နေရာ ကပဲဖြစ်ဖြစ် ဝင်ထမ်းမယ်ကွာ”

သူ့ရဲ့နေပုံထိုင်ပုံ ပြောပုံ ဆိုပုံ တွေကို ကျွန်တော်တို့ထောင်မှာ ရှိနေတဲ့ ဘယ်နိုင်ငံရေး အကျဉ်း သားမှ လက်မခံဘူး။
”ဒီကောင့်ပုံစံကိုက ထောင့်ကို မကျိုးဘူး”
”မင်းကို ဖမ်းမိတော့ ရိုက် သေးလား”
”ဟာရိုက်တာပေါ့၊ ကိုယ့် နာမည်တောင် ကိုယ်မေ့တယ်”
”ဘယ်တော့မှ ပြန်သတိမရ အောင် ရိုက်လိုက်ရမှာကွ” ဒီလို ပြောတော့လည်းသူ စိတ်မဆိုး ရှာ…။
”ငါ့ပုံကိုက…ထောင့်မကျိုး ဘူးကွ၊ စကားပြောလည်းကတ်တီး ကပ်ဖဲ့ဆိုတော့တင်းပြီး ပိုရိုက်တယ် ကွ ဟေး.. ဟေး..”
သူ့ကိုယ်သူ မှတ်ချက်ပေးပြီး သဘောတွေကျနေသေးတာ။
စစ်တွေထောင်ထဲမှာ ရန်ဖြစ် လိုက် ပြန်ချစ်လိုက်နဲ့ သုံးနှစ်နီးပါး ကြာလာတော့ကိုသိမ်းဆွေ (NLD ဖျာပုံအမတ်) လွတ်တယ်။ အဘ ဦးဆေးထင်လွတ်တယ်။ ‘ဝ’တပ် ကပေါင်းအိုက်ပန်း လွတ်တယ်။ ကိုအောင်ထွန်းမြင့် (DVB) လွတ် တယ်။ ကိုအားချန် လွတ်တယ်။

”ငါတို့အလှည့် ဘယ်တော့ရောက် မလဲ မသိဘူးကွနော်” ရီဝေဝေနဲ့ သူမေးခွန်း ထုတ်လာတော့ ကျွန် တော်တို့မှာ အဖြေမရှိ။ ဇန်နဝါရီ (၁)ရက်နေ့ ကိုနေမိုးအောင် လွတ်ပြီ ထောင်က လာအကြောင်းကြား တော့ အားလုံး ဝမ်းသာပြီပေါ့။ ကျန်လူတွေ မပါသေးဘူး။

”ဟေ့လူ အားလုံးနဲ့အဆင်ပြေ အောင်နေခဲ့ဗျနော်” နေမိုးအောင် ကထောင်က မတွက်ခင် သူ့ကို စိတ်မချ လက်မချမှာပြီး လက်ပြ နှုတ်ဆက်သွားလေရဲ့။

ကြိုးစင်ပေါ်က နံနက်ခင်းက အုံ့ဆိုင်းနေတယ်။ ပင်လယ်ပြင်က လာတဲ့ဆောင်းမိုးများ ရွာဦးမလား ပေါ့။
‘ဇန်နဝါရီ (၁၂) ၂ဝ၁၂ ညပိုင်း’ ထောင်တံခါးတွေပိတ်၊ ထမင်းစား နေကြတုန်း ထောင်ကျအဆောင် တွေဘက်က အကျဉ်းသားတွေရဲ့ ဆူဆူညံညံအော်ဟစ်သံတွေ ပွက် လောရိုက်နေတော့…
”ဘာဖြစ်တာလဲဟေ့”
ဦးဇင်းပုရစ်အခန်းက အသံထွက် လာတယ်။

ကိုပြည့်ဖြိုးလှိုင်က”တပည့် တော်ဘာမှ မကြားသေးဘူး”

(TV) က ကျွန်တော်နဲ့ကိုဇေ ယျာဦး အခန်းထဲမှာကမန်းကတမ်း TV ထဖွင့်လိုက်တော့ ..

မြန်မာ့အသံမှာ ဘာမှမထူး မိနစ်ပိုင်းနောက်ကျတဲ့မြဝတီဘက် ပြောင်းလိုက်တော့..။

အမျိုးသား ရင်ကြားစေ့ရေးအ တွက်ရည်ရွယ်ပြီး ဘာညာ ဆိုတော့ ကျွန်တော်တို့ လွတ်ပြီပေါ့။

ထမင်း ဆက်စားနေတုန်း ဒု ထောင်ပိုင်နဲ့အဖွဲ့ ရောက်လာတယ်။ အိမ်တွေကို အကြောင်းကြားချင် လားတဲ့ ဖုန်းထိုးပေးတယ်။

”ခင်ဗျားတို့အားလုံးလွတ်ပြီ”

ညဟာ ဘယ်လိုကုန်လွန်သွား မှန်းမသိပေမယ့်ဇန်နဝါရီ ၁၂ ညဟာ ဘဝမှာအကြာဆုံးပဲ။

၉နာရီလောက်မှာ ထောင် ဘူးဝကို အားလုံးကြွခဲ့ပါတဲ့။

ပေးစရာတွေ ဝေပစ်လိုက် ပြီး ထောင်ဘူးဝကိုထွက်တော့ သူ့ကို စကားပြောစရာ ရှိလို့ဆိုပြီး ဒု ထောင်ပိုင်က ခေါ်ထားလိုက်တယ်။

သူ့မျက်နှာမှာ ကျွန်တော် ဖျတ် ခနဲတွေ့လိုက်တာ စိုးရိမ်ရိပ်တချို့။

”သူ မလွတ်ဘူးလား” ဦးကြီး သန်း၊ မသက်လွင်တို့လူကြီးပိုင်းက ထောင်ကို မေးခွန်းထုတ်တယ်။

”နာမည်ကျန်ခဲ့လား ပြန်မေး ပါဦးဗျာ” ကျွန်တော်တို့စောဒက တက် ပေမယ့်မမီတော့…။

”ရဲဘော်ကြီး ဘာမှစိတ်မပျက် နဲ့”

”အေးပါကွာ ကြိုတွက်ထား ပြီးသားပါ။ ငါ့ကိုတော့ထောင်ဝင်စာ ပို့ပေးဖို့ မမေ့နဲ့ဟေ့”

အားလုံးကိုလက်ပြပြီး ကြိုး တိုက်ထဲသူပြန်ဝင်သွားတယ်…

သူဖွာထုတ်ခဲ့တဲ့ဆေးပေါ့လိပ် မီးခိုးတွေကြား သူပုံရိပ်ကဝါးတားတား ပျောက်ကွယ်။ သူ ကျန်ခဲ့တယ်။

သူပြန်လွတ်တော့ ကျွန်တော် သွားကြိုလိုက်တယ်။ ဝမ်းသာအား ရ ပြန်လည်ဆုံဆည်းခဲ့ကြပေမယ့်    နိုင်ငံရေးအပြောင်းအလဲတွေကြား မှာ သူ့လို တက်ကြွ လှုပ်ရှားသူတွေ ရဲ့အခန်းကဏ္ဍက မှေးမှိန်ပျောက် ကွယ်စပြုနေပြီလေ။ နောက်ပိုင်း တော့ဝမ်းရေး အတွက် အသီးသီး ရုန်းကန်နေကြတော့ သူ့ကို လုံးဝ မတွေ့ရတော့။ ဟိုမှာလိုလို ဒီမှာ လိုလို။

သူဖားကန့်မှာကျောက်သွား တူးနေတယ်တဲ့ တစ်ဆင့်စကားနဲ့ သူ့အကြောင်း နည်းနည်း ပြန်ကြား မိတာပါ။ အဆင်ပြေ ပြီးတာပါပဲ ကျွန်တော်လည်းဘာမှ တတ်နိုင် တာမှ မဟုတ်တာဗျာ။

တခါတလေတော့ ဘဝမှာ မရည်ရွယ်ထားတာတွေ ဖြစ်တတ် ပါတယ်…

”ဖားကန့် ရေမဆေးကျောက် တူးသမားတွေရဲ့အခြေအနေ သွားလေ့လာမယ်၊ စီပွားရေး သမားတွေ တောင်ဖြိုတောရှင်း နဲ့ နိုင်ငံရေး စပ်ကူးမတ်ကူး ကာလ အခြေအနေ တွေသွား လေ့လာမယ် လိုက်မလား” ..ထွေထွေထူးထူး မေးမနေတော့။

ffဖားကန့်
‘ကျောက်စိမ်းမြေ သယံဇာတ ကျိန်စာ’

‘ဝိသမလောဘသား တို့ရဲ့ ကျက်စားရာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ဇုန်’ စသည်ဖြင့် စသည်ဖြင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့မြေ။

စက်ယန္တရားတွေ အများကြီး မျှော်လင့်ချက်တွေ တလွယ်ကြီးနဲ့ လူငယ်တွေ မူးယစ်ဆေးဝါး နဲ့ အိတ်တွေကို တလှေကြီး ထုပ်ပိုး နေသူတွေ များမှများ။

”အောင်ကျော်ကြီး.. ဟေး ..အောင်ကျော်ကြီး”

ဒီအသံ ရင်းရင်းနှီးနှီးကြားဖူးပါလားပေါ့၊ ကျောက်မိုင်းခွဲ နေတဲ့လုပ်ကွက်ထဲက စိန်တူနဲ့ ကျောက်တုံးတွေကို တတောက် တောက်ခေါက်နေ တဲ့ အသံတွေကြား က စူးစူးရှရှခေါ်လိုက်တဲ့အသံ။
ဝမ်းသာအားရနဲ့ ပျော်ရွှင်မှု ရောပြွန်းထားတဲ့အသံ..။
သူ…
”ဟာ ဟေ့ကောင် မင်းဒီမှာ” ခါးကြားမှာ အိပ်မက်တွေကို ခေါက် ရှာလို့ရတဲ့ စိန်တူတစ်ချောင်းရယ် လက်ထဲမှာ နှစ်ပင်လိမ်ဝါယာ ကြိုးစတွေရယ်။
”မတွေ့ရတော့ဘူးထင်ထား တာကွာ ဝမ်းသာတယ် ရဲဘော်ကြီး ရေ”
”ငါက ပိုဝမ်းသာတာပေါ့ ရဲ ဘော်ကြီးရာ”
သူအားရပါးရ လာဖက်ပြီး လူချင်းခွာလိုက်တော့ ဖျင်ကြမ်း ဦးထုပ်ပျော့အောက် က ကျောက် မှုန့်အဖွေးသား နဲသူ့မျက်နှာ။
နေပူရှိန်အောက်က သူ့မျက်လုံး တွေ အရည်လဲ့နေသလိုပဲ။
”အခုဘယ်လို တွေလုပ်နေ လဲ အဆင်..ပြေ” ကျွန်တော့် မေးခွန်းမဆုံးသေး…

သူ့ လက်နှစ်ဖက်ကို ရုတ်တ ရက် နောက်ပစ်လိုက်တယ်။ လက်ထဲကပစ္စည်း တချို့ လွှတ်ချ လိုက်တယ် စောစောက ကျွန်တော် မြင်ပြီး သား နှစ်ပင်လိမ် ဝါယာကြိုး တွေ
”ငါ” …
သူ့အသံတွေ ဆို့နင့်သွားတယ် ဝေ့တက်လာတဲ့ မျက်ရည်တွေက ပုတ်ခတ်ပုခတ်သိမ်းပစ်လိုက်တယ်။
”ထောင်ထဲမှာတုန်းက ငါ ပေးခဲ့တဲ့ကတိ မတည်နိုင်တော့ဘူး သူငယ်ချင်းရာ”
”ငါလည်း ရေမဆေးရှာကြည့် သေးတယ်ကွာ။ ဒီစိန်တူ တစ်ချောင်း နဲ့ပေါ့။ မြေစာပုံတွေ ပြိုကျပြီး ငါ့ အသိတော်တော်များများ သေတဲ့ အထဲ ပါကုန်ကြတယ်။ စက်ကြီး တွေကြားထဲ ဝင်လုရတဲ့ အလုပ်က အသက် နဲ့နီနီးလေးရယ်။ အင်း .. အသက်ကိုတောင် အပေါင်မဆုံး အောင် ရှာရတယ်ဆိုရင် ပိုမှန်လိမ့် မယ်။ ညနေ ကိုယ်ငှားနေတဲ့နေရာ လေးပြန်ရောက်မှ ငါ့အသက်ပြန်ပါ လာပါလားပေါ့။ ဒါတောင်မြေစာပုံ အောက်နေရတဲ့တဲတွေက စိတ် မလုံစရာကြီးပါကွာ”

သူ ရှည်ရှည်ဝေးဝေး ပြော လိုက်ပြီး၊ ကျွန်တော့်ဆီက ရေ တောင်းသောက်တယ်။

”ဒီတော့အလုပ်တွေ ပြောင်း ရင်းနဲ့ ငါပြန်မလုပ်ချင်ဆုံး အလုပ် နဲ့မှ တည့်တည့်တိုးတာပဲကွာ”

”ငါလည်း ဒါပဲတတ်တယ်လေ”

”အခု ကျောက်မိုင်းခွဲတယ်။နားရင် ရေမဆေးရှာတယ်”

”လောကမှာ အခက်ဆုံး အလုပ်က ထမင်းရှာစားတဲ့ အလုပ် အလွယ်ဆုံးအလုပ်က အာချောင် တဲ့အလုပ်”

သူ့ဆီကဘဝပေး ဒဿနတွေ လက်တွေ့ကျကျ ပြန်ကြားရတယ်။

”ဒီမိုကရေစီ ရပြီလား သယ် ရင်း.. ရရင်ငါတို့ကိုယ်ရှာတဲ့ ထမင်းလေး စိတ်ဖြောင့်ဖြော့င် စားရရင် ကျေနပ်ပါပြီကွာ”

”စစ်အစိုးရကို ရတဲ့နည်းနဲ့ ငါတို့ တော်လှန်ခဲ့တာ အခွင့်အရေး လိုချင်လို့မှ မဟုတ်တာ၊ မတရား တာ ငုံ့မခံချင်လို့ပဲကွ”
”ဒီနေရာမှာတော့ ငါနိုင်ငံရေး အကျဉ်းသားဟောင်း ဆိုတာ ဘယ် သူ့ကိုမှ မပြောဘူးကွ”

”တော်ကြာငါ့လို ထောင့် မကျိုး တဲ့အပေအတေတွေပဲလားလို့ ထင် မှာစိုးလို့ဟေ့”

”မင်းမသိသေးတာတွေ အများ ကြီးပါကွာ။ ဖားကန့်က မှော်ဆန် တယ်ကွ။ မဖြစ်နိုင်ပါဘူးကွာ ဆိုတာ ဒီမှာမရှိဘူး သယ်ရင်း.. နားတော့ စွင့်ထား မျက်စိရှင်ရှင်တော့ ကြည့် ဟေ့”

”ဒီမှာစကားတစ်ခွန်း ရှိတယ် ကွတိုက်ကြီးပေါ်က လူနဲ့ ကျင်းထဲ ကလူ ကျောက်တစ်လုံး ပဲခြားတယ် တဲ့ကွ။ ငါတို့ရဲ့မျှော်လင့်ချက် တွန်း အားပေါ့ကွာ”

”သွားပေဦးတော့ သူငယ်ချင်း ရေ၊ သွားပေဦးတော့။ ဒီမိုကရေစီ ခေတ်မှာ အောက်တန်းစား ခွေးတိုး ပေါက်ကဝင်လာတဲ့ အခွင့်အရေး သမား နိုင်ငံရေး အရေခြုံတွေကို ရှင်းထုတ်မယ် ဆိုရင်တော့ ကြိုပြီး လက်တို့ဟေ့”…
”ဒီတစ်ခါတော့ ဆေးပေါ့လိပ် မီးခိုးတွေကြားထားခဲ့ပြီး ထွက်ခွာ သွားသူက သူ၊ ကျန်ခဲ့တာက ကျွန် တော်တို့။ ဘာတဲ့ သူနိုင်ငံရေး အကျဉ်းသားဟောင်းဆိုတာ ဘယ်သူ့ ကိုမှ မပြောဘူးတဲ့…။

ရနံ့မရှိတဲ့ပန်းတွေ ဈေးကြီး နေတဲ့ခေတ်ကြီးထဲမှာ မင်းရဲ့စိန်တူ အသွားတွေကြားက ကျောက်စိမ်း တွေ အများကြီးပွင့်ပါစေ သူငယ် ချင်းရေ။

အောင်ကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*