Presenter အလုပ်အတွက် စာဖတ်ပြီးဝမ်းစာ ဖြည့်ခဲ့သည့် ဂုဏ်ရည်အေးကျော်

Presenter အလုပ်အတွက် စာဖတ်ပြီးဝမ်းစာ ဖြည့်ခဲ့သည့် ဂုဏ်ရည်အေးကျော်
May 24, 2017 Asian Fame

4:08 pm
Presenter အလုပ်အတွက် စာဖတ်ပြီးဝမ်းစာ ဖြည့်ခဲ့သည့် ဂုဏ်ရည်အေးကျော်

Gonr-Yi-Aye-Kyaw(ရန်ကုန်၊ မေ ၂၂)

Presenter အလုပ်ကို အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု အဖြစ် ရွေးချယ်ခဲ့သည့် အလှမယ် ဂုဏ်ရည်အေးကျော်သည် အလုပ်အတွက် စာအုပ်များ ဖတ်၍ ဝမ်းစာဖြည့်ခဲ့ကြောင်း ပြော သည်။

ဘာသာပြန်စာပေနှင့် အတ္ထုပ္ပတ္တိ စာအုပ်များကို အဖတ် များပြီး စာအုပ်များထဲမှ သင်ခန်းစာ ယူစရာများရှိသလို စိတ်ဓာတ် ခွန်အားလည်း များစွာရခဲ့ကြောင်း ဂုဏ်ရည် အေးကျော်က ပြောသည်။

”အတ္ထုပ္ပတ္တိတွေ ဖတ်တာများတော့ ဖေ့စ်ဘွတ်ခ် မှာ Caption လေး တစ်ခုတောင် သဘောကျရင် Copy တွေ Reference တွေလုပ်ရ တယ် ဆိုတော့သူတို့ ရဲ့အတ္ထုပ္ပတ္တိ တော်တော် များများမှာ ဂုဏ်ရည်တို့ ကော်ပီလုပ်စရာ အချက်အလက်တွေ အများကြီးရှိ တယ်လို့ ဂုဏ်ရည် ယုံကြည်တယ်။ ဥပမာ- အေဗရာ ဟင်လင်ကွန်းဆို တော်တော် ဆင်းဆင်းရဲရဲ ကြီးပြင်းလာတယ်။ ဘယ်တော့မှ မအောင်မြင် ဘူး။ ဒါပေမယ့် နောက်မဆုတ်ခဲ့ဘူး။ သူလုပ်စရာ ရှိတဲ့အလုပ်ကို ဆက်လုပ်တယ်။ နောက်ဆုံးမှာ သမ္မတဖြစ်လာတယ်။ ဒီတော့ ဖြစ်စရာရှိတဲ့ အတိုင်း ဖြစ်လာမှာပဲ။ ကိုယ်လုပ်စရာ ရှိတာကို လုပ်ဖို့ပဲ လိုတယ်ဆိုတဲ့ အသိကိုရတယ်။ သူတို့ရဲ့ အတ္ထုပ္ပတ္တိ တွေကနေ ဂုဏ်ရည် အမြဲတမ်း Inspire ယူ ဖြစ်တယ်။ ပြင်ဖြစ်တယ်။ စိတ်ဓာတ်တွေကို တည်ဆောက်တယ်” ဟု ၄င်းက ပြောသည်။

ကိုယ်ပိုင်ဘလော့ဂ်တွင် စာရေးရန် အတွက် လည်း စာဖတ်ရင်း ဝမ်းစာဖြည့်ခဲ့ကြောင်း ပြော သည့် အလှမယ် ဂုဏ်ရည်အေးကျော် အနေဖြင့် များသောအားဖြင့် စာရေးဆရာ ဖေမြင့်၊ ဘာသာ ပြန်တွင် ဆရာညီညီနိုင် ရေးသည့် စာအုပ်များကို အဖတ်များကြောင်း ပြောသည်။

ဂုဏ်ရည်အေးကျော်သည် Miss Myanmar International 2013 ဆုရှင်တစ်ဦးဖြစ်သည်။

ထူးရွှေရည်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*