FDA ထောက်ခံချက်ပေးနိုင်မည့်ဓာတ်ခွဲခန်းများကို ခရိုင်မြို့ကြီးများတွင် တိုးချဲ့ ဖွင့်လှစ်ရန် စီစဉ်နေ

FDA ထောက်ခံချက်ပေးနိုင်မည့်ဓာတ်ခွဲခန်းများကို ခရိုင်မြို့ကြီးများတွင် တိုးချဲ့ ဖွင့်လှစ်ရန် စီစဉ်နေ
May 24, 2017 Asian Fame

3:22 pm
FDA ထောက်ခံချက်ပေးနိုင်မည့်ဓာတ်ခွဲခန်းများကို ခရိုင်မြို့ကြီးများတွင် တိုးချဲ့ ဖွင့်လှစ်ရန် စီစဉ်နေ

အောင်ပြည့်စုံ
နေပြည်တော်၊ မေ ၂၂

ပြည်တွင်းတွင် ထုတ်လုပ် ရောင်းချနေသော အစားအသောက်၊ ဆေးဝါးနှင့် လူသုံးကုန်အလှကုန် ပစ္စည်းများ အားလုံးကို ဓာတ်ခွဲစမ်းသပ်ပြီး ထောက်ခံချက် ပေးနိုင်မည့် ဓာတ်ခွဲခန်းများကို တစ်နိုင်ငံလုံးရှိ ခရိုင်အဆင့် မြို့များအားလုံးတွင် ဖွင့်လှစ်သွားနိုင်ရန် စီစဉ်နေသည်။

အစားအသောက်နှင့် ဆေးဝါးကွပ် ကဲမှုဦးစီးဌာနက ဖွင့်လှစ်မည့် ၎င်းဓာတ် ခွဲခန်းများသည် သာမန်ကျန်းမာရေး ဆိုင်ရာစစ်ဆေးသည့် ဓာတ်ခွဲခန်းမျိုး မဟုတ်ဘဲ Quality Control Analytical Lab များဖြစ်ကြပြီး ပြည်တွင်းထုတ်ကုန်များအားလုံးကို အချိန်တိုအတွင်းတွင် စစ်ဆေးအဖြေထုတ် ထောက်ခံချက်ပေး နိုင်မည် ဖြစ်သည်။

”FDA က နောက်ပိုင်းမှာ ဓာတ်ခွဲခန်းတွေကို ပုဂ္ဂလိကကိုလည်း ခွင့်ပြုပေးသွားပါမယ်။ သူတို့အနေနဲ့ အဲဒီလိုစစ်ဆေး ထောက်ခံချက်ပေးခွင့်ရမယ့်အဆင့်မီူဗြ တွေ ဖြစ်ဖို့တော့လိုပါတယ်။ FDA ကအတည်ပြုပေးထားတဲ့ ပုဂ္ဂလိက ဓာတ်ခွဲခန်းတွေမှာလည်း ထုတ်ကုန်ထောက်ခံချက်တွေ ရယူနိုင်အောင် တစ်ဆင့်ချင်း စီစဉ်သွားမှာဖြစ်ပါတယ်”ဟု FDA (နေ ပြည်တော်)မှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာဥက္ကာဖြိုးက ဆိုသည်။

၂ဝ၁၆ နှစ်ဆန်းပိုင်းမှ စတင်ကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနအနေနှင့် ဝန်ထမ်းအင်အား ဖွဲ့စည်းပုံတိုးမြှင့်ခြင်းများအပြင် အခြေခံအ ဆောက်အအုံများ တိုးချဲ့တည်ဆောက် ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်မြို့များတွင် ဓာတ်ခွဲခန်းများ တည် ဆောက်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဓာတ်ခွဲ ခန်း စုစုပေါင်း ၃၂ ခုအထိတည်ဆောက်ပြီးစီးခဲ့ပြီး လာမည့် ၂ဝ၁၈ ခုနှစ် တွင်ဓာတ်ခွဲခန်းပေါင်း ၇ဝ ကျော်အထိ တိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်သွားနိုင်ရန် စီစဉ်နေသည်။

ထို့အပြင် ပြည်ပပို့ကုန်များ ထုတ် လုပ်နေသည့် လုပ်ငန်းရှင်အများစု ကြုံ တွေ့နေရသော FDA ထောက်ခံချက် ကြန့်ကြာမှုများကို ဖြေရှင်းရန်အတွက်လည်း ပြည်တွင်း ထုတ်ကုန် ၁ဝဝ၈ မျိုး ကို ယခုနှစ်ဆန်းပိုင်းတွင် ထောက်ခံချက် မလိုဘဲ တင်ပို့ရောင်းချနိုင်ရန် စီစဉ်ထား ပြီး ဖြစ်သည်။ ထောက်ခံချက်လိုအပ်နေ သေးသည့် ထုတ်ကုန်များအတွက်ကို လည်း အချိန်တိုတွင်း စစ်ဆေးအဖြေထုတ် ပေးနိုင်မည့် Real Time Technolgy နည်းပညာကိုလည်း ယခုအခါ ပြောင်းလဲ အသုံးပြု စစ်ဆေးနေကြောင်း သိရသည်။

”အစားအသောက်တွေ အလှကုန်တွေကို စစ်တဲ့အခါ သူ့ရဲ့ ကုန်ပစ္စည်းအတွက် ပိုးမွေးရပါတယ်။ အဲဒီပိုးမွေးတဲ့ အချိန်က တစ်ပတ် ဆယ်ရက် စသဖြင့် ကြာတတ်ပါတယ်။ ခုချိန်မှာတော့ Real Time Technolgy နည်းပညာနဲ့ အချိန်တိုအတွင်း စစ်ဆေးအဖြေထုတ်နိုင်အောင်လုပ်နေပါပြီ။ ဒါကြောင့် ထုတ်လုပ်သူတွေ အနေနဲ့လည်း တိတိကျကျ အစစ်ဆေးခံပါ။ ဈေးကွက်အတွင်းမှာ ရင်ကော့ပြီး ရောင်းနိုင်အောင်ထောက်ခံချက်တွေယူပါ။ FDA ကလည်း အရင်ထက်ပိုပြီး အဆင်ပြေ မြန်ဆန်အောင် လုပ်ပေးနေပါတယ်”ဟု ဒေါက်တာ ဥက္ကာဖြိုးက ဆို သည်။ FDA အနေနှင့် ပြည်တွင်း ထုတ်ကုန် ကဏ္ဍများအတွက် ထောက်ခံချက်ပေးရသည့် အရေးပါသော ဌာနတစ်ခုဖြစ်နေ ပြီး လုပ်ငန်းရှင်များအတွက် အချိန်ကြန့်ကြာမှုနှင့် ထုတ်လုပ်မှုများအတွက် နှောင့်နှေးမှုများကို ကြုံတွေ့နေရသော ကြောင့် မကြာခဏ ဝေဖန်ခံနေရသော ဌာနတစ်ခုလည်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*