သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို မီဒီယာတွေကို ယနေ့ ပြောပြတဲ့ ပြောစကားများထဲက ကောက်နုတ်ချက်များ

သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို မီဒီယာတွေကို ယနေ့ ပြောပြတဲ့ ပြောစကားများထဲက ကောက်နုတ်ချက်များ
May 24, 2017 Asian Fame

3:23 pm
သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို မီဒီယာတွေကို ယနေ့ ပြောပြတဲ့ ပြောစကားများထဲက ကောက်နုတ်ချက်များ

aki

မျိုးချစ်ဆိုသည့် အဖွဲ့များ

အောက်ခြေမှာဘာသာရေးအစွန်းရောက်တဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်အချို့က အမည်အမျိုးမျိုးနဲ့ အဖွဲ့ခွဲတွေဖွဲ့တယ်။ တရားမဝင်အဖွဲ့တွေဖွဲ့တယ်။ ဒီလိုဖွဲ့စည်းဖို့ကိုလည်းတင်ပြခဲ့ခြင်းမရှိဘူး။ ဝံသာနုရက္ခိတအဖွဲ့ တို့၊ ဓမ္မဝံသာနုရက္ခိတအဖွဲ့တို့၊ မျိုးချစ်ခေါင်းဆောင်များအဖွဲ့တို့၊ မျိုးချစ်ခေါင်းဆောင်များသမ္မဂတို့၊ အမျိုးသားရေး လှုပ်ရှားမှုအဖွဲ့ အဖွဲ့ပေါင်းစုံမျက်စေ့လည်အောင်ဖွဲ့ကြတယ်။ ဖွဲ့ပြီးတော့မှ လိုရင်းပြောရရင် သူတို့ကအာဏာရှင်စနစ်ခေတ်ဟောင်း၊ စနစ်ဟောင်းကို ပြန်သွားချင်နေတဲ့ လူပုဂ္ဂိုလ်တစ်စုအဖွဲ့အစည်းတစ်ခုရဲ့ အလွန်အမင်းထောက်ပံ့မှုနဲ့ ကြိုးကိုင်မှုကိုခံပြီးတော့မှ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးမှုကိုထိခိုက်ပျက်ပြားအောင်၊ မငြိမ်မသက်ဖြစ်အောင်၊ ဘာသာရေးကိုရှေ့တန်းတင် ပြီးတော့မှ လှုပ်ရှားမှုတွေလုပ်လာတာအားလုံးအတွေ့ဖြစ်တယ်။။

ကိုဆွေဝင်း ကိစ္စနှင့် ဆန္ဒပြပွဲကိစ္စ

သတင်းထောက်ချုပ်ကိုဆွေဝင်းနဲ့ဆရာတော်ဦးဝီရသူတို့ကိစ္စမှာတော့လေ။အင်အားနည်းသူဖက်ကနည်းနည်းလေးသဘောထားရပ်တည်ပေးတာပါပါတယ်။ ကိုဆွေဝင်းဖက်ကရပ်တည်တာလည်းပါပါတယ်။ နောက်တစ်ခုကလည်းသာသနာညှိုးနွမ်းစေမှုနဲ့ အပြစ်မရှိလို့ဖြစ်ပါတယ်။ မှန်တဲ့ဖက်ကရပ်တည်ပေးလိုက်တဲ့နေရာမှာအဲ့ဒါကိုအကြောင်းပြုပြီးတော့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးကိုလူအင်အားဘယ်နှစ်သောင်း၊ ဘယ်နှစ်ထာင်နဲ့ ဆန္ဒပြမယ်လို့ တင်ကြပါတယ်။ တင်တော့ ခွင့်ပြုပေးလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ သူတို့က တော့လေ မဆိုင်တဲ့အချက်တွေကိုစွဲထည့်လာပါတယ်။အဲဒီဟာတွေကတော့ ကိုဆွေဝင်းနဲ့ ဆရာတော် ကိစ္စကိုအခြေခံဖြစ်ပေါ်လာတဲ့ ဆန္ဒထုတ်ဖော်ပွဲဟာတမန်တော်နေ့ အခမ်းအနာတွေကိုသာ/ယဉ်ဝန်ကြီးကခွင့်ပြုပေးနေတယ်တဲ့ အကန့်အသတ်မရှိ။

တမန်တော်နေ့ အခမ်းအနားတွေကိုခွင့်ပြုပေးတာတွေသည် ဝန်ကြီးဌာနကမဟုတ်ပါဘူး။ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့ကခွင့်ပြုပေးတာဖြစ်ပါတယ်။ အောက်ခြေမှာလုပ်နေတာတွေကမီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ဖြစ်နေတယ်။ပြီးတဲ့အခါကြမှ ဝန်ကြီးဌာနကိုစွဲထည့်တယ်။ ဒါလည်း ပြန်လည်ပြီးဝန်ချတောင်းပန်ရမယ့် စကားလုံးဖြစ်ပါတယ်။ နောက်တစ်ခါ သာ/ယဉ်ဝန်ကြီးကဗုဒ္ဓဘာသာကိုဖိနှိပ်နေတယ်။ အခြားဘာသာတွေကိုဦးစားပေးတယ်။

ဗုဒ္ဓဘာသာ ဆိုသည်ကား

ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံရဲ့ အလေးအမြတ်ဘာသာဖြစ်တယ်။ ဒါ အတုမရှိတဲ့ ဘာသာသာဖြစ်တယ်။ ဒီဘာသာသာသနာကိုအားပေးချီးမြှောက်ဖို့ကတော့ အမျိုးသားရေးတာဝန်ဖြစ်တယ်။ တိုက်တွန်းစရာကိုမလိုဘူး။ သို့သော် အခြားဘာသာတွေကိုလည်းမျက်နှာသာပေးတယ်ဆိုတော့ ဒီသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကိုဖွဲ့စည်းထားတာကိုက ဗုဒ္ဓဘာသာကိုထူးခြားတဲ့ဘာသာတစ်ရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်ပံ့ပိုးရသလိုပဲအခြားတိုင်းရင်းသားတွေကိုးကွယ်တဲ့ ခရစ်ယာန်ဘာသာ၊ နောက် တိုင်းရင်းသားနိုင်ငံသားတွေကိုးကွယ်တဲ့ အခြားဘာသာတရားတွေကိုလည်း အခြေခံဥပဒေပြဌာန်းချက်အရကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ ဒါတွေကညီညီမျှမျှဆက်ဆံရမှာဖြစ်ပါတယ်။ အခြေခံဥပဒေအရဆောင်ရွက်ရတဲ့အတွက်မို့သူတို့ရဲ့ စွပ်စွဲချက် တွေကိုလည်းလက်မခံပဲပယ်ချပါတယ်။

ဆန္ဒပြပွဲ နောက်ဆက်တွဲ

ဆန္ဒပြပွဲပြီးတော့ အချို့က လာတိုင်ကြတယ်။ အချို့က ဖုန်းနဲ့တိုင်တယ်။ တိုင်တာတွေကသူတို့ ခေါ်တုန်းကနေ့တွက် ၂သောင်းပေးမယ်။ သုံးသောင်ပေးမယ်ခေါ်တယ်။ တစ်ချို့က ကြိုတင်ငွေ ၇ထောင်ရတယ်။ကျန်တဲ့သောင်းသုံးထောင်က မရဘူး ။ အဲဒါတွေ နစ်နာပါတယ်။ တောင်းပေးပါ။ တစ်ချို့လည်းတစ်ပြားမှ မရဘူး။ တစ်ချို့လည်း ပြန်ဖို့စရိတ်လည်းမရှိဘူး။ စားဖို့လည်းမရှိဘူး ဒါတွေကတစ်ယောက်တစ်မျိုးလာပြီးတိုင်တာတွေရှိလို့ တရားဝင်တိုင်ဖို့ အထောက်အထားပြဖို့ ဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ ဒါတွေနဲ့ ပက်သက်ပြီးဆက်လက်အရေးယူဆောင်ရွက်သွားဖို့ရှိပါတယ်။ နောက်တစ်ခုပေါ့လေ။ နေပြည်တော်မှာ မျိုးချစ်ရဟန်းတော်များအမည်ခံပြီးတော့ ဆန္ဒပြဖို့တောင်းတဲ့အခါမှာ ခွင့်ပြုပေးလိုက်တာရှိတယ် ။တချို့ကမေးကြတယ်။ ရန်ကုန်မှာလည်း အခြားကိစ္စတွေနဲ့ပတ်သက်ပြီး ဆန္ဒပြခွင့်တောင်းရင်ပေးမှာလားပေါ့။ အခုပေးခဲ့သလိုပဲ ဆန္ဒပြခွင့်ပေးအောင် ရပ်တည်သွားမှာဖြစ်ပါတယ် ။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ လူငါးသိန်းက ကိုယ့်စရိတ်နဲ့ ကိုယ်လာတယ် နေပြည်တော်လာမယ် ။အဲ့ဒါကတော့ ချက်ချင်းဆုံးဖြတ်ဖို့ ခက်ပါတယ်။ သင့်လျော်တဲ့အချိန်ရောက်ရင် ခွင့်ပြုမှာဖြစ်ပါတယ် ၊ နိုင်ငံတော်နဲ့ သင့်လျော်တဲ့အချိန်ရောက်ရင် ခွင့်ပြုမှာဖြစ်ပါတယ်။

ငွေကြေးကိစ္စ

တစ်နိုင်ငံလုံး၊ အထူးသဖြင့် အောက်ခြေလူတန်းစားပေါ့။ လမ်းပေါ်ထွက်စေနိုင်တဲ့ တွန်းအားသည် တစ်ခုပဲ ဖြစ်တယ်။ အဲ့ဒါ ငွေကြေးအသပြာဖြစ်တယ်။ အဲ့ဒီတုန်းကနေ့တွက်စရိတ်ကငါးထောင်နှုန်းပေါ့။ နောက် အခုဆိုရင် နေပြည်တော်မှာလုပ်တဲ့ပွဲဆိုရင် သုံးသောင်းထိပေးပါတယ်။ ကောင်းပြီလူသောင်းနဲ့ ချီ ဆန္ဒပြမယ်ဆိုရင် ငွေကသိန်းထောင်ချီကုန်တယ်။ ဒီငွေတွေ ဘယ်ကလဲ။ ကျနော်တွေးပါတယ်။

ဘဏ်တွေက မပူးပေါင်း

အခုလည်းနေပြည်တော်လာပြီးလူသောင်းချီဆန္ဒပြမယ် ။ဒီအတွက်ကိုသန်းထောင်ချီသုံးရမယ်။ ဒီငွေကိုဘယ်ကရလဲဆိုတာဗဟိုဘဏ်ကိုထပ်မေးတယ်။ တောင်းထားတာသည် ရက်သတ္တပတ်သုံးပတ်ခန့် ရှိပါပြီဒီနေထိ ပြန်မလာသေးပါဘူး။ ဗဟိုဘဏ်ကိုဌာနချင်းအကူညီတောင်းတာဒီနေ့ထိ ပြန်စာမရဘူးလို့ နိုင်ငံတော်သမ္မတရုံးကိုတင်ပြထားပါတယ်။ ။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*