လူမှုဖူလုံရေးဆေးရုံများ အဆင့်မြှင့်ရန် စီစဉ်

လူမှုဖူလုံရေးဆေးရုံများ အဆင့်မြှင့်ရန် စီစဉ်
May 24, 2017 Asian Fame

3:26 pm
လူမှုဖူလုံရေးဆေးရုံများ အဆင့်မြှင့်ရန် စီစဉ်

Social Security Board

ရဲလွင်
ရန်ကုန်၊ မေ ၂၂

လူမှုဖူလုံရေး ဆေးရုံသုံးရုံကို အဆင့်မြှင့်ကာ ကင်ဆာကဲ့သို့သော ရောဂါများကိုပါ ကုသနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့ တာမွေမြို့နယ်၊ ထန်းတပင်မြို့နယ်နှင့် မန္တလေးရှိအလုပ် သမား လူမှုဖူလုံရေးဆေးရုံများကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေပြီး ယင်းအတွက် လာရောက်လျှောက်ထား တင်ပြသော ကုမ္ပဏီများရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနမှ သိရသည်။လက်ရှိတွင် ပြည်ပကုမ္ပဏီ ၄ ခု နှင့် ပြည်တွင်းကုမ္ပဏီ ၆ ခု လာလျှောက်ထားပြီး အဆင့်မြှင့်တင် ခြင်းလုပ်ငန်း ပြီးဆုံးပါက လူမှုဖူလုံ ရေး ဆေးရုံများတွင် ယခင်မကုသ နိုင်ခဲ့သည့် နှလုံး၊ ကင်ဆာ စသည့် ရောဂါများကိုပါကုသပေးနိုင်တော့ မည်ဖြစ်ကြောင်း အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန လူမှုဖူလုံရေးဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

”အခု လာတင်တာတွေကို စစ်ဆေးတာတွေ လုပ်နေတယ်။ ဒီအဆင့်မြှင့်တင်တာပြီးသွားရင်တော့ အလုပ်သမားတွေကို ခိုင်မာတဲ့ ကောင်း မွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တော့မယ်လို့ ပြောလို့ရတယ်။ အရင်က တချို့ရောဂါတွေဆိုရင် ဆေးရုံမှာမကုနိုင်လို့ ရန်ကုန်ဆေးရုံ ကြီးကို လွှဲလိုက်ရတာရှိတယ်။ နောက်ဆိုရင် လွှဲစရာမလိုတော့ဘူး” ဟု ၎င်းက ဆိုသည်။ ယင်းအပြင် အလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှုပိုမို ပေးနိုင်ရန်အတွက် ဝန်ကြီးဌာနနှင့် ပြင်ပကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင် သော ပြင်ပပုဂ္ဂလိကစာချုပ်ဆေးခန်း ၂ ခုကို ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ်နှင့် မင်္ဂလာဒုံတို့တွင် ဖွင့်လှစ်ထားပြီး ရွှေပြည်သာ၊ ရွှေလင်ဗန်း စက်မှုဇုန်များတွင် ထပ်မံဖွင့်လှစ်သွား ရန် စီစဉ်နေကြောင်း သိရသည်။ လက်ရှိတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန လက်အောက်တွင် ဆေးရုံ ၃ ရုံ၊ ပြင်ပ ပုဂ္ဂလိက စာချုပ် ဆေးခန်း ၂ ခု ၊ ဆေးခန်း ၉၆ ခု တို့ဖြင့် အလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက် ရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*