2:29 pm
(မန္တလေး၊ မေ ၂၃)
မန္တလေး ရတနာပုံ တက္ကသိုလ်တွင် အစိုးသစ် လက်ထက် ပထမဦးဆုံး အဖြစ် ဘော်ဒါဆောင်နေခွင့် ပြုတော့မည်ဖြစ်ကြောင်း သိရသည်။
”ကျောင်းသူ(ဘော်ဒါ)ဆောင် ခွင့်ပြုပေးသွားမှာ ပါ။ အဆောင်မှာက ၁၆ဝ ဆံ့တာ ဆိုတော့ လောလော ဆယ်မှာ ကျောင်းသူ ၁၅ဝ လက်ခံပေးသွားမယ်” ဟု ရတနာပုံ တက္ကသိုလ် အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသူများ ကိုသာ လက်ခံပေး သွားမည်ဖြစ်ပြီး နောင်နှစ်များတွင်
ယခုထက် ပိုလက်ခံ သွားမည်ဖြစ်ကြောင်း ၄င်းက ပြော သည်။
”အဆောင်အမည်က နံ့သာဆောင်လို့ ခေါ်ပါ တယ်။ ဒုတိယပညာသင်နှစ် ကစပြီး လက်ခံပေးမှာပါ။ အိပ်ဆောင်၊ ထမင်းစားဆောင် အပါအဝင် အခန်း ၁၆ဝ ရှိ တဲ့ သုံးထပ် အဆောင်တစ်ခုဖြစ်ပါတယ်” ဟု လည်း ၄င်းက ပြောသည်။
အဆောင်နေထိုင်ခွင့် လျှောက်လိုသည့် ကျောင်းသူ များအနေဖြင့် မေ ၂၂ ရက် မှ ဇွန် ၈ ရက်အထိ လျှောက်ထားနိုင်ကြောင်း ကျောင်းဆောင်နေရာ ချထားပေးရေး ကော်မတီမှ သတင်းထုတ်ပြန်ထား သည်။
စောထွေး