မန်းရှိ တောင်သူများအတွက် မိုးရာသီ စိုက်စရိတ် ချေးငွေများ ပေးပြီ

မန်းရှိ တောင်သူများအတွက် မိုးရာသီ စိုက်စရိတ် ချေးငွေများ ပေးပြီ
May 24, 2017 Asian Fame

2:41 pm
မန်းရှိ တောင်သူများအတွက် မိုးရာသီ စိုက်စရိတ် ချေးငွေများ ပေးပြီ

(မန္တလေး၊ မေ ၂၃)

မန္တလေးတိုင်း ဒေသကြီး အ တွင်းရှိ မြို့နယ် ၂၃ ခုမှ တောင်သူ များကို မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးသွား မည် ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုး ရေးဘဏ်၊ မန္တလေးတိုင်း ဒေသကြီး ဘဏ်ခွဲမှ သိရသည်။

”မေ ၂၃ ရက်ကစပြီး တစ်ပြိုင် နက်တည်း ထုတ်ချေး ပေးသွားမှာ ပါ။ ဒီနှစ်က ပုံစံ ၇ ရှိတဲ့တောင်သူ တွေရော အရင်က မချေးဖူးတဲ့ တောင်သူတွေပါ ချေးလာတာတွေ့ ရတော့ အဆင်ပြေအောင် လုပ် ပေးသွားမှာပါ” ဟု မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသ ကြီးဘဏ်ခွဲ မန်နေဂျာဦးဝင်းမြင့်က ပြောသည်။

မန္တလေးတိုင်း ဒေသကြီး အ တွင်းလျာထားသည့် ဘဏ္ဍာငွေထဲ မှ ကျပ်သိန်းပေါင်း ၆၄၅၅ဝ လတ် တလော ထုတ်ချေး သွားမည်ဖြစ်ပြီး ဆက်လက် ထုတ်ချေးနိုင်ရန် အခြေ အနေရှိပါက ဆက်လက် ထုတ်ချေး သွားမည်ဖြစ်ကြောင်း သိရသည်။

”လတ်တလော အနေနဲ့ က တော့ မီးဖိုချောင်သုံး သီးနှံ တွေအ တွက် ထုတ်မချေးသေးပါဘူး။ ပြည်ပပို့သီးနှံနဲ့ စက်မူကုန်ကြမ်း သီးနှံတွေ အဓိကထား ချေးပေးနေ တာပါ” ဟုလည်း ၄င်းကပြော သည်။

တိုင်းပြည် ဘဏ္ဍာငွေဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ရာ ပြည်သူ့ ငွေဖြစ်သဖြင့် တောင်သူများဘက် က ကိုယ်ပိုင် အသိစိတ်ဓာတ်ဖြင့် ပြန်ဆပ်ပေးကြရန်လည်း ဘဏ်က တိုက်တွန်းထားသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ယမန်နှစ်က တောင်သူ ၂၄၈၃၃ ဦးအတွက် မိုးရာသီ စိုက်ပျိုး စရိတ် ချေးငွေ ကျပ်သန်း ၉၃၈၈ဝ ဒသမ ၁၁ ထုတ်ချေး ပေးခဲ့ပြီး ယခုနှစ် တွင် ယခင်နှစ်က ထက်တောင်သူ ဦးရေ ပိုနိုင်သည့်အတွက် ကျပ် သန်း ၁၂၉၁၉၂ ဒသမ ၃၅ လျာ ထားကြောင်း သိရသည်။

အဆိုပါ စိုက်စရိတ်ချေးငွေကို မေ ၂၃ ရက် မှ စက်တင်ဘာလ ကုန်ထိ ထုတ်ချေး သွားမည်ဖြစ်ပြီး
၂ဝ၁၈ ဧပြီလ ၁၅ ရက်ထက် နောက် မကျဘဲ ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ ရက်ကျော်လွန်ပါက ကျသင့်သည့် အတိုးအပြင် တစ်လ အတွက် ကျပ် ၁ဝဝ လျှင် ၁ ကျပ်နှုန်းထပ်မံ ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*