ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာတက္ကသိုလ်များ ညီလာခံကျင်းပရန်အတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပပြီးစီး

ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာတက္ကသိုလ်များ ညီလာခံကျင်းပရန်အတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပပြီးစီး
May 24, 2017 Asian Fame

3:08 pm
ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာတက္ကသိုလ်များ ညီလာခံကျင်းပရန်အတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပပြီးစီး

PN

ကိုလံဘို၊ မေ ၂၃

ပဉ္စမအကြိမ်မြောက် အပြည် ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်များညီလာခံ ကျင်းပရန်အတွက် ညှိနှိုင်းအစည်းအဝေးတစ်ခုကို သီရိလင်္ကာနိုင်ငံ ကိုလံ ဘိုမြို့တွင် မေလ ၁၆ ရက်နေ့က ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။ ယင်းညှိနှိုင်း အစည်းအဝေးဝယ် သီတဂူဆရာတော်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင် ရွက်ပြီး အောက်စ်ဖို့ဆရာတော် ဒေါက်တာ ဓမ္မသာမိက အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင် ရွက်ခဲ့သည်။

ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်များညီလာခံကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလအတွင်းတွင် ကျင်းပပြုလုပ်ရန်အတွက် အစီအ စဉ်များ ကြိုတင်ညှိနှိုင်းဆွေးနွေး ကြခြင်းဖြစ်သည်။ အစည်းအ ဝေးသို့ နိုင်ငံပေါင်း ဆယ်နိုင်ငံရှိ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ် များမှ ကိုယ်စားလှယ် သံဃာ တော်၂၆ ပါးတက်ရောက်ခဲ့ကြသည်။ ပဉ္စမအကြိမ်မြောက် အပြည် ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်များညီလာခံ အတွက် ဆောင်ပုဒ်မှာ ‘ထေရဝါဒ ဗုဒ္ဓ ဘာသာ၏ ရတနာများ’ ဟူ၍ သတ်မှတ်နိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယင်းညီလာခံကို ၂ ရက် တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး၊ ပထမ နေ့ဝယ် ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည်ရေးအတွက် ထိန်းသိမ်း စောင့်ရှောက်ရန် ဆွေးနွေးတိုင်ပင် ကြမည်ဖြစ်ကာ ဒုတိယနေ့တွင်မူ ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်း အမွေအနှစ်ဒေသများကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် ဆွေးနွေး တိုင်ပင်ကြမည်ဖြစ်သည်။

ပထမဆုံးအကြိမ် ညီလာခံကို ကုလသမဂ္ဂမှစီစဉ်၍ ရန်ကုန်မြို့ တွင် ၂ဝဝ၇ ခုနှစ်က ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ်ညီလာခံကို မြန်မာ နိုင်ငံ စစ်ကိုင်းသီတဂူ ဓမ္မဗိမာန် တွင် ၂ဝဝ၈ ခုနှစ်က ကျင်းပခဲ့ကာ၊ တတိယအကြိမ် ညီလာခံကို ထိုင်း နိုင်ငံ ဘန်ကောက်မြို့တွင် ၂ဝ၁၃ ခုနှစ်ကကျင်းပခဲ့ပြီး၊ စတုတ္ထအကြိမ် ညီလာခံကိုမူ ယမန်နှစ် နိုဝင် ဘာလက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည်။ အဆိုပါ ညီလာခံသို့ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘော ဒီးယား၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် နီပေါနိုင်ငံတို့မှ ကိုယ်စားလှယ် ဆရာတော်ကြီးများတက်ရောက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*