ဇာတ်စာပျောက်ရင် ဇာတ်ပျောက်မယ်လို့ သတိပေး လိုက်တဲ့ ဒေါ်မာမာအေး

ဇာတ်စာပျောက်ရင် ဇာတ်ပျောက်မယ်လို့ သတိပေး လိုက်တဲ့ ဒေါ်မာမာအေး
May 24, 2017 Asian Fame

3:39 pm
ဇာတ်စာပျောက်ရင် ဇာတ်ပျောက်မယ်လို့ သတိပေး လိုက်တဲ့ ဒေါ်မာမာအေး

Mar-Mar-Aye(ရန်ကုန်၊ မေ ၂၂)

ဇာတ်သဘင်လောကတွင် ဇာတ်စာကျက် ပျင်းသော မျိုးဆက်သစ် များကို ဆုံးမပြောပြစေ လိုကြောင်း ဒေါ်မာမာအေးက ပြောသည်။

ဇာတ်စာမပါဘဲ နှစ်ပါးသွားလောက်နှင့် ဇာတ်ကပြီးသွားသည် ဟူသည့် ပြောဆိုသံများ ကြားနေရသည့် အပြင် မိမိထံသို့လည်း လှမ်း၍ တိုင်ကြားခြင်း များရှိကြောင်း ၄င်းကပြောသည်။

”ကျွန်မကတော့ သိပ်မကြည့်ဖြစ်တော့ မသိ ပါဘူး။ ကျွန်မက အဝေးမှာနေတော့ ကျွန်မဆီကို လှမ်းတိုင်ကြပါတယ်။ အစ်မရေ ဆိုင်းတွေမှာ လည်း ဘာတွေ ပါနေပြီတော့၊ ဇာတ်တွေမှာလည်း စတိတ်ရှိုး ဆိုတာကြီးက ပါနေပြီတော့၊ ဘာမှ မပြောတော့ဘူးလား ဆိုပြီးတော့ အတိုင်ခံရပါတယ်။ အဲဒီတော့ အတိုင်မခံရအောင် ကျွန်မတို့ ဘယ်လို လုပ်မလဲလို့ စဉ်းစားစရာပါ။ ဆိုလိုချင်တာက ထည့်တော့ထည့်ပါ။ ကိုယ်လည်းတစ်ခု သူလည်း တစ်ခုဆိုသလိုပေါ့။ မျှမျှတတနဲ့ ဖြစ်ဖို့လိုပြီ။ ကိုယ့်ဘက်က လူတွေကလည်း စာတွေဖတ်လို့ ကိုယ့်ရဲ့မျိုးရိုး ဂုဏ်တွေကို ထိန်းသိမ်းလို့ အဆို ဆိုလည်း အဆို၊ အတီးဆိုလည်း အတီး၊ အရေး ဆိုလည်းအရေး အဘက်ဘက် ကနေပြီးတော့ တာဝန်ကျေအောင် လုပ်ကြပါလို့ ကျွန်မကတော့ မှာစရာရှိပါတယ်။ ကျွန်မ အနေနဲ့ ကတော့ ကျွန်မ တတ်စွမ်းသလောက် ကျွန်မ အသက်ရှည် သလောက် ကြိုးစားပြီးတော့ ထိန်းသိမ်းစောင့် ရှောက်သွားဖို့ စီစဉ်နေပါတယ်”ဟု သဘင်နှင့် ပတ်သက်၍ ထိန်းသိမ်း စောင့်ရှောက်သင့်သည် များကို ဒေါ်မာမာအေးက ပြောသည်။

ဒေါ်မာမာအေးသည် သဘင်ဖောင်ဒေးရှင်းက ပြုလုပ်သည့် ဟောပြောပွဲတွင်လည်း သဘင်နှင့် ဂီတအကြောင်း သိမှတ်ဖွယ်ရာ များကို ဟောပြော ခဲ့ကြောင်း သိရသည်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*