ငါးမွေးမြူရေးလုပ်ငန်းများ၏ ၉ဝ ရာခိုင်နှုန်းမှာ ချေးငွေမရ၍ အခက်အခဲ ကြုံတွေ့နေရ

ငါးမွေးမြူရေးလုပ်ငန်းများ၏ ၉ဝ ရာခိုင်နှုန်းမှာ ချေးငွေမရ၍ အခက်အခဲ ကြုံတွေ့နေရ
May 24, 2017 Asian Fame

4:07 pm
ငါးမွေးမြူရေးလုပ်ငန်းများ၏ ၉ဝ ရာခိုင်နှုန်းမှာ ချေးငွေမရ၍ အခက်အခဲ ကြုံတွေ့နေရ

မှူးအိမ်ဇော်
ရန်ကုန်၊ မေ ၂၂

ငါးမွေးမြူရေးလုပ်ငန်းများ၏ ၉ဝ ရာခိုင်နှုန်းမှာ ဘဏ်ချေးငွေမရခဲ့ကြဘဲ ပြင်ပချေးငွေအားကိုးနေရသည့်အတွက်အတိုးများနေပြီး လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများရှိနေကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးတင့်က ပြောသည်။

နိုင်ငံတွင်း ငါးမွေးတောင်သူများသည် လုပ်သားအခက်အခဲ၊ အစာအခက်အခဲများ ကြုံတွေ့နေရလျက်ရှိပြီး ငါးပုစွန်ကဏ္ဍအတွက် Research & Development ဆောင်ရွက်ရန် လိုအပ်လျက်ရှိနေကြောင်းလည်း ၎င်းကပြောသည်။ ”ဖြစ်ပွားမှုအများဆုံးဖြစ်တဲ့ ငါးရောဂါ များအတွက် ဓာတ်ခွဲခန်း၊ စမ်းသပ်ခန်းများ စီစဉ်ပေးဖို့ လိုအပ်ပြီး ၁၉၉ဝ-၂ဝဝ၈ ခုနစ် အထိ ငါးလုပ်ငန်းများ အခြေအနေကောင်းခဲ့ပါတယ်။ ဒါပေမယ့် နာဂစ်ဖြစ်ပြီးနောက်ပိုင်း အခြေအနေတွေက ယိမ်းယိုင်နေပြီး ပြင်ပချေးငွေ အားကိုးနေရတဲ့အတွက် အတိုးများနေပါတယ်”ဟု ဦးစိုးတင့်က ပြောသည်။

သားငါးကဏ္ဍတွင် ပုစွန်သည် တန်ဖိုးမြင့်ကုန်ပစ္စည်းဖြစ်သော်လည်း မွေးမြူသည့်အပိုင်းက ၂ဝ ရာခိုင်နှုန်းသာရှိ၍ ဖမ်းဆီးသည်က ၈ဝ ရာခိုင်နှုန်းလောက် ဖြစ်နေပြီး မွေးမြူရန် သားပေါက်အခက်အခဲ ရှိနေမှုများ၊ လက်ရှိတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ရေငန်ပုစွန်အပြင် ရေချိုပုစွန်ပါတင်ပို့မှုများ ကြုံတွေ့နေရကြောင်း သိရသည်။”သဘာဝ မျိုးပုစွန်များကို ထိန်းသိမ်း၊ အဆင့်မြှင့်တင်ဖို့ လိုအပ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ Tiger ပုစွန် (ပုစွန်ကျား) မဟုတ်ဘဲ ပုစွန်ဖြူထုတ်လုပ်တဲ့အတွက် ဈေးကွက် တက်လာပါတယ်။ ထိုင်းက ပုစွန်ဖြူတန်ချိန် ၆ သိန်းနီးပါး ထွက်တယ်။ မြန်မာပြည်မှာ ပုစွန်ဖြူမွေးမြူရေးလုပ်ဖို့ အကြံပြုချင်ပါတယ်”ဟု မြန်မာနိုင်ငံ ပုစွန် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော် ထွန်းမြင့်က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*