မြတ်စွာဘုရားရှင်၏ လက်ဝဲအောက်စွယ်တော် ကိန်းဝပ်စံပယ်တော်မူရာ သီရိလင်္ကာ

မြတ်စွာဘုရားရှင်၏ လက်ဝဲအောက်စွယ်တော် ကိန်းဝပ်စံပယ်တော်မူရာ သီရိလင်္ကာ
May 24, 2017 Asian Fame

2:51 pm
မြတ်စွာဘုရားရှင်၏ လက်ဝဲအောက်စွယ်တော် ကိန်းဝပ်စံပယ်တော်မူရာ သီရိလင်္ကာ

မြတ်စွာဘုရားရှင်၏ လက်ဝဲအောက် စွယ်တော်သည် ယခုအခါ သီရိလင်္ကာ နိုင်ငံ၊ ကန္ဒီမြို့တွင် ကိန်းဝပ်လျက်ရှိသည်။ ယခင်က အိန္ဒိယတွင် နှစ်ပေါင်း ၆ဝဝခန့် ဗြဟ္မဒတ်မင်းအဆက်ဆက်ကထိန်းသိမ်း ပူဇော်ခဲ့ပြီး နောက်ဆုံးမင်း ဂုဟသီဝမင်း လက်ထက်တွင်စွယ်တော်အားလာရောက် တိုက်ခိုက်လုယူမှု ဖြစ်ခဲ့သည်။ ထိုစစ်ရှုံး သွားသည့် ဂုဟသီဝမင်း၏သမီးတော် ဟေမမာလာမင်းသမီးသည် စွယ်တော် မြတ်အား ဆံထုံးတော်၌သိုဝှက်၍ ခင်ပွန်း နှင့်အတူထွက်ပြေးရာမှ သီဟိုဠ် (ယခု သီရိလင်္ကာ) သို့ရောက်ရှိခြင်းဖြစ်သည်။ မူလက သီရိလင်္ကာနိုင်ငံ၊ အနုရာဓပူရ မြို့တွင် နှစ်ပေါင်း ၈ဝဝ ခန့် ပူဇော် ထားရှိပြီးနောက် ယခုပူဇော်ရာ ကန္ဒီမြို့ သို့ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

၎ ရာစုမှ စတင်ကာ စွယ်တော်လှည့် လည်ပွဲကို နှစ်စဉ်သြဂုတ်လတွင် ၁ဝရက် တိုင်တိုင်ကျင်းပသည်။ ထိုသို့ လှည့်လည် ရာတွင် ကြုတ်ဖြင့်သာ အပူဇော်ခံခြင်း ဖြစ်ပြီး ကြုတ်ဖွင့်လှစ်၍ အပူဇော်မခံ သည်မှာ ၂ဝဝ၉ ခုနှစ်က စသည်။ ယခု ၂ဝ၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ အထိမ်းအမှတ်အတွက် ကြုတ်ဖွင့်လှစ် ပြသည့်မေလ ၁၄ ရက်တွင်လည်း အချိန် ပိုင်းသာဖြစ်သည်။ ထိုဗုဒ္ဓနေ့ ညီလာခံသို့ မြန်မာပြည်မှ သံဃာ့မဟာ နာယက အဖွဲ့နှင့်အတူ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာနဝန်ကြီး သူရဦးအောင် ကိုလည်း တက်ရောက်ခဲ့သည်။

စွယ်တော် ကိန်းဝပ်ရာပတ်ဝန်းကျင် ကို အာရုံပြုကြည်ညိုနိုင်ရန် ဓာတ်ပုံများ ကို တင်ဆက်လိုက်ပါသည်။

ဓာတ်ပုံ- ငွေသော်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*