မြကျွန်းသာဥယျာဉ်အတွင်းရှိ စည်းကမ်းနှင့် မညီသော အဆောက်အအုံများ ပြန်ဖျက်ရမည်

မြကျွန်းသာဥယျာဉ်အတွင်းရှိ စည်းကမ်းနှင့် မညီသော အဆောက်အအုံများ ပြန်ဖျက်ရမည်
May 24, 2017 Asian Fame

2:13 pm
မြကျွန်းသာဥယျာဉ်အတွင်းရှိ စည်းကမ်းနှင့် မညီသော အဆောက်အအုံများ ပြန်ဖျက်ရမည်

Mya Kyun Thar (ANS)

ဖြိုးထက်အောင်
ရန်ကုန်၊ မေ ၂၃

စာချုပ်ပါ သတ်မှတ်ချက်များ နှင့်အညီမဟုတ်ဘဲ ကွဲလွဲဆောက်ထားသည့် မြကျွန်းသာဥယျာဉ်အတွင်းရှိ အဆောက်အအုံများ ပြန်ဖျက်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရကပြောသည်။

မြကျွန်းသာ ဥယျာဉ်အတွင်း ဆောက်လုပ်လျက်ရှိနေသည့် ကုမ္ပဏီအချို့သည် စာချုပ်ပါသတ်မှတ် ချက်များထက် ကျော်လွန်ဆောက် လုပ်လျက်ရှိနေသောကြောင့် ရန် ကုန်မြို့တော် စည်ပင်သာယာက ရေးဆွဲထားသော Master Plan အတိုင်းသာ ပြန်လည်ဆောက်လုပ်ရမည်ဖြစ်ပြီး ဆောက်ထားပြီး အဆောက်အအုံများလည်း ပြန်ဖျက် ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောသည်။

”ရေထိန်းနံရံနဲ့ ပေ ၃ဝ ကွာဝေးဖို့ မပြောနဲ့။ ရေထဲအထိကို ဆင်းပြီးတော့ထားတဲ့အတွက်ကြောင့် ဒါတွေဟာ လုံးဝ ကျွန်တော်တို့ ခွင့်ပြုလို့မရပါဘူး။ ဒီထဲ က တချို့ကုမ္ပဏီတွေကတော့ ကျွန်တော်တို့ကို ပြန်ခွင့်တောင်းထားပါတယ်။ Master Plan မြန်မြန်လုပ်ပါ၊ ကျွန်တော်တို့ ပြန်ဆောက်ချင်ပါတယ်ဆိုပြီးတော့ ခွင့်တောင်းထားပါတယ်။ အဲဒီတော့ ပေ ၃ဝ ကတော့ အနည်းဆုံးတော့ ကွာရပါလိမ့်မယ်။ ဖျက်လည်း ဖျက်ရပါလိမ့်မယ်။ ကြို ပြောထားတာပါ။ ဖျက်လည်း ဖျက် ရပါလိမ့်မယ်။ ခွင့်လည်းခွင့်မပေးပါဘူး” ဟု ၎င်းကပြောသည်။

ဆောက်လုပ်ခွင့်ရရှိထားသည့် ကုမ္ပဏီအချို့မှာ အဆောက်အအုံ နှင့် ရေထိန်းနံရံ ပေ ၃ဝ ကွာအောင် ဆောက်လုပ်ရမည်ကို လိုက်နာမှု မရှိဘဲ ဆောက်လုပ်ထားမှုများကို လွှတ်တော်ကိုယ်စားလှယ်က တင်ပြ၍ မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

မေလ ၂၂ ရက်နေ့က ပြုလုပ် ခဲ့သော ရန်ကုန်တိုင်းလွှတ်တော်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက မြ ကျွန်းသာအတွင်း အဆောက်အအုံများဆောက်လုပ်နေသော ကုမ္ပဏီ အချို့သည် စာချုပ်၏ခွင့်ပြုချက်နှင့် ကွဲလွဲနေခြင်း၊ ကျူးကျော်ဆောက် လုပ်ထားသော Deck ခြင်းများရှိ နေသည့်အတွက် အခြားအဆောက်အအုံများနည်းတူ ရေထိန်းနံရံနှင့် ပေ ၃ဝ ကွာဝေးအောင် ပြန်လည်ဖျက်သိမ်းနိုင်ခြင်း ရှိ မရှိ၊ မြကျွန်းသာအတွင်း အမြင့်ဆုံးအဆောက် အအုံကို အမြင့်ပေ ၆ဝ အတွင်းသာ ဆောက်လုပ်ရန် ကန့်သတ်နိုင်ခြင်း ရှိ မရှိနှင့် အဆောက်အအုံမဆောက် လုပ်ရသေးသော ကုမ္ပဏီများထံမှ မြေငှားရမ်းမှု ပြန်လည်ရုပ်သိမ်းပေး နိုင်ခြင်း ရှိ မရှိတို့ကိုလွှတ်တော်တွင် မေးမြန်းခဲ့ရာ ဝန်ကြီးက ထိုသို့ပြန်လည် ဖြေကြားခဲ့သည်။

လက်ရှိတွင် ငှားရမ်းထားပြီး အဆောက်အအုံ မဆောက်လုပ်ရ သေးသော ကုမ္ပဏီများကိုလည်း ပြန်လည်ရုပ်သိမ်းသွားမည် မဟုတ် ဘဲ ခွင့်ပြုထားသည့်ဘောင်အတွင်း က ဆောက်လုပ်မည်ဆိုပါက ဆက် လက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မြကျွန်းသာ Master Plan ကိုလည်း တိုင်းအစိုးရသို့ တင်ပြပြီးစီးပြီဖြစ်ကြောင်း ဝန်ကြီးကဆက်ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မြကျွန်းသာအပန်းဖြေဥယျာဉ်ကို နိုင်ငံတကာ အဆင့်မီသဘာဝဥယျာဉ် Natural Park အသွင်သဏ္ဌာန်ဖြစ်စေရန်၊ အများပြည်သူများ လွတ်လပ်စွာ အနားယူနိုင်မည့် Relaxation Centre ဖြစ်ရန်ရည်ရွယ်၍ Mandalay Golden Wing, Magic Land Co.,Ltd, Rya ji Co.,Ltd , Nay La Pwint , Edin, Good Shan Brother, Myanmar Golden Star နှင့် Max Myanmar စသည့် ကုမ္ပဏီများကို ၂ဝ၁ဝ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှ စတင်၍ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်က မြေတစ်ဧကလျှင် တစ်လကျပ် ၁ဝ သိန်းနှုန်းဖြင့် နှစ် ၆ဝ စာချုပ်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*