ဟောင်းနွမ်း ပျက်စီးနေသည့် ကုန်းဘောင်ဆက် အဆောက်အအုံ များ ပြန်လည် ပြုပြင်ရန် ကြိုးပမ်းမည်

ဟောင်းနွမ်း ပျက်စီးနေသည့် ကုန်းဘောင်ဆက် အဆောက်အအုံ များ ပြန်လည် ပြုပြင်ရန် ကြိုးပမ်းမည်
May 24, 2017 Asian Fame

2:42 pm
ဟောင်းနွမ်း ပျက်စီးနေသည့် ကုန်းဘောင်ဆက် အဆောက်အအုံ များ ပြန်လည် ပြုပြင်ရန် ကြိုးပမ်းမည်

MDY2(မန္တလေး၊ မေ ၂၃)

ကုန်းဘောင်ဆက် ဆွေတော်မျိုး တော်များနှင့် ပတ်သက်သည့် ဟောင်း နွမ်းပျက်စီးနေသော အဆောက်အဦ များကို အစိုးရနှင့် သက်ဆိုင်ရာ ခွင့် ပြုချက်ဖြင့် ပြန်လည် ပြုပြင်မွမ်းမံလို ကြောင်း ကုန်းဘောင်ဆက်မောင်နှမ များအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ထိပ်တင်အောင်က ပြောသည်။

”တစ်အချက်က ခွင့်ပြုမိန့် လိုပါ တယ်။ ခွင့်ပြုမိန့် ဆိုတာမှာ တစ်ခုက နိုင်ငံတော်ဘက်က၊ နောက်တစ်ခုက သက်ဆိုင်ရာ ဆွေတော် မျိုးတော်တွေ ဘက်ကပါ။ တချို့ကဒီဟာတွေနဲ့ပတ် သက်ပြီး မပြုပြင်နိုင်ဘူး။ မပြုပြင်နိုင် သေးဘူးပေါ့။ သူတို့ ပြုပြင်နိုင်ရင် ပြု ပြင်မယ်ဆိုပြီး ထားထားတာတွေရှိပါ တယ်။ အဲဒါမျိုး ကျတော့ ကျွန်တော်တို့ က ဝင်ပြီးတော့ ပြင်လို့မရဘူး။ သက် ဆိုင်ရာ ဆွေတော်မျိုးတော် တွေဆီက လည်း ခွင့်ပြုချက်ရမယ်၊ နိုင်ငံတော် ဘက်ကလည်း ခွင့်ပြုချက်ရမယ် ဆိုရင် ကျွန်တော်တို့က ကမကထ လုပ်ပေး နိုင်ပါတယ်” ဟု ၄င်းကဆိုသည်။

ကုန်းဘောင်ဆက် မောင်နှမများ အဖွဲ့ကို ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင် ခင်က ရန်ကုန်၊ မန္တလေး နှင့် ဒေသ တချို့မှ ကုန်းဘောင် အနွှယ်တော်မျိုး ဆက်သစ် များဖြင့် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ကုန်းဘောင် ဆွေတော်မျိုးတော်များ အရေးကိစ္စ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်း ထားခြင်း ဖြစ်ကြောင်း သိရသည်။

”တကယ် ပွင့်ပွင့်လင်းလင်း ပြော ရရင် ကျွန်တော်တို့မှာကလည်း ဘာ ပြဿနာ ရှိလဲဆိုတော့ အဖွဲ့တော့ ဖွဲ့ ထားတယ်။ ငွေကြေးအားဖြင့်တော့ ရှိကြတာမဟုတ်ဘူး။ သက်ဆိုင်ရာ မိသားစုတွေဘက် ကလည်း ကူညီပေး ပါပေါ့။ ကိုယ်တိုင် လုပ်နိုင်တာ ရှိရင် လည်း လုပ်ပါ။ မလုပ်နိုင်ဘူးဆိုရင် တော့ ကျွန်တော် တို့ကို အကူအညီ တောင်းချင်ရင်လည်း တောင်းလို့ရပါ တယ်။ ကျွန်တော် တို့ကလည်း အကုန် ပြည့်စုံနေတာ မဟုတ်တော့ စုပြီး ရှာ ကြ ဖွေကြပါမယ်။ အားလုံး စုပေါင်း ပြီးတော့လုပ်ကြရင် ဟောင်းနွမ်းပျက် စီးနေတာတွေ အားလုံး ကောင်းသွား နိုင်ပါတယ်” ဟု မင်းတုန်းမင်း တီ တော် ထိပ်တင်အောင်က ပြောသည်။

ကုန်းဘောင်ဆက် မောင်နှမများ အဖွဲ့သည် အဖွဲ့ဝင် ၁၉ ဦးဖြင့် ကုန်း ဘောင်ဆွေတော် မျိုးတော်များ အရေး ကိစ္စ ဆောင်ရွက်နေပြီး နောက်ပိုင်း တွင် ပိုမို ကျယ်ပြန့်သော ပရဟိတ လုပ် ငန်းများဖြင့် ပြည်သူ့အရေး ကိစ္စများ ကိုပါ ပါဝင်ဆောင်ရွက် သွားမည် ဖြစ် ကြောင်း သိရသည်။

မန္တလေး လေးပြင်လေးရပ်တွင် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်း နိုင်ခြင်း မရှိသည့် ကုန်းဘောင် အနွယ် တော်များနှင့်ဆက်နွှယ်သော ဘာသာ ရေးအဆောက်အအုံ၊ ဂူသင်္ချိုင်း အစ ရှိသော အထိမ်းအမှတ်နေရာများကို ရှေးဟောင်း အမွေအနှစ် မြတ်နိုးသူ များက ပြန်လည်ပြုပြင် မွမ်းမံပြီး မြန် မာ့သမိုင်း ဖြစ်ရပ်များ ပြန်လည် ထုတ်ဖော်ရန် ဆန္ဒရှိနေကြသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*