ရေနံတင်သင်္ဘောများ ဝင်ရောက်ချိန်တွင် ဒေသခံငါးဖမ်းသမားများ ဖယ်ပေးနေရသဖြင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရ

ရေနံတင်သင်္ဘောများ ဝင်ရောက်ချိန်တွင် ဒေသခံငါးဖမ်းသမားများ ဖယ်ပေးနေရသဖြင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရ
May 24, 2017 Asian Fame

2:34 pm
ရေနံတင်သင်္ဘောများ ဝင်ရောက်ချိန်တွင် ဒေသခံငါးဖမ်းသမားများ ဖယ်ပေးနေရသဖြင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရ

လင်းဟိန်း
ရန်ကုန်၊ မေ ၂၂

မဒေးကျွန်းရှိ ရေနံတင်ဆိပ်ကမ်းမှ သင်္ဘောကြီးများဖြင့် ရေနံတင်ပို့နေခြင်းကြောင့် ဒေသခံငါးဖမ်းလုပ်ငန်းများမှာ ငါးမဖမ်းရဘဲ ဖယ်ပေးနေကြရသည့်အ တွက် ဒေသခံများ၏စားဝတ်နေရေးကို တာဝန်ယူပေးရန် ဒေသခံများက ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ဒေသခံ ငါးဖမ်းလုပ်ကွက်များ ရုပ်သိမ်းခံ ထားရပြီး ငါးမဖမ်းကြရသည့်အတွက် ဒေသ ခံရေလုပ်သားများမှာ စားဝတ်နေရေးအ ခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ ”ကျွန်တော်တို့ ငါးမဖမ်းရတာ ၆လ လောက်ရှိပြီ။ ငါးဖမ်းတဲ့နေရာတွေမှာ သူ တို့သင်္ဘောကြီးတွေ သွားနေတော့ ငါးဖမ်း လို့မရတော့ဘူး။ ငါးဖမ်းပြီးလုပ်စားတဲ့ လူတွေမှာ ငါးမဖမ်းရတော့ စားဝတ်နေရေး အဆင်မပြေဘူးလေ။ ဒါကို ကုမ္ပဏီကဖြစ် ဖြစ်၊ အစိုးရက ဖြစ်ဖြစ် တာဝန်ယူပေးရ မယ်” ဟု ကျောက်ဖြူမြို့မှ ရေလုပ်သား ကိုလုံးလုံးက ပြောသည်။ မဒေးကျွန်း အနီးတစ်ဝိုက် ကျောက် ဖြူမြစ်အတွင်း မှီခိုပြီး ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နေကြသည့်ရေလုပ်သားပေါင်း နှစ်ထောင်ကျော် ရှိနေကြောင်း ကိုလုံးလုံး ကပြောသည်။

ယင်း ကျောက်ဖြူမြစ်အတွင်း ရေနံ တင်သင်္ဘောထွက်ချိန်တစ်ခုတွင်သာ ငါး မဖမ်းရဟု သတ်မှတ်ထားပြီး မျှောပစ်လုပ် ငန်းလုပ်ကိုင်သူများအတွက် အနည်းငယ် အဆင်ပြေသော်လည်း ကျားပါးစပ်လုပ်ငန်း လုပ်ကိုင်သူများအတွက် လုံးဝအဆင်မပြေ တော့ကြောင်း ဒေသခံများကပြောသည်။ ကျောက်ဖြူမြို့ ဂျပန်မဆိပ်ကမ်းမှ စက်လှေများဖြင့် ချီတက်လာကြသော ရေ လုပ်သားတစ်ထောင်ကျော်သည် မဒေးကျွန်းပေါ်မှ ဒေသခံများနှင့် ပူးပေါင်းကာ တရုတ်ရေနံပိုက်လိုင်းကုမ္ပဏီရုံးရှေ့သို့ ချီ တက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ ဆန္ဒထုတ်ဖော်ရာတွင် ဒေသခံများက ရေနံတင်သင်္ဘောကြောင့် ငါးဖမ်းလုပ်ကွက် ပျက်စီးမှု တာဝန်ယူဖြေရှင်းပေးရေး၊ မဒေးကျွန်း ကျွန်းပတ်လမ်းများရရှိရေး၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရေး စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။

ဒေသခံရေလုပ်သားများအတွက် စားဝတ်နေရေးကို တာဝန်ယူပေးရမည့်အပြင် ဒေသဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးအတွက်လည်း လမ်းဖောက်လုပ်ခြင်း၊ လျှပ်စစ်မီး ရရှိစေရန် လုပ်ဆောင်ပေးခြင်း၊ အဆင့်မီ ဆေးပေးခန်းဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။ ယင်းအပြင် မဒေးကျွန်းဒေသခံများ အတွက် သီးသန့်ဆိုက်ကပ်၍ ရစေရန်အတွက် လှေဆိပ်ကမ်းတစ်ခုကိုလည်း မဒေး ကျွန်းတွင် တည်ဆောက်ပေးရန် တောင်း ဆိုခဲ့ကြသည်။ အဆိုပါ တောင်းဆိုချက်များကို ပြုလုပ်ပေးခြင်းမရှိပါက လက်ရှိ ရေနံတင်သင်္ဘောများဖြင့် တင်ပို့နေခြင်းကို ရပ်တန့် ပေးရမည်ဟု တောင်းဆိုခဲ့ကြသည်။ အဆိုပါ ရေနံသင်္ဘောများကြောင့် ဒေသခံ ရေလုပ်သားများစားဝတ်နေရေး အခက်ကြုံကြရသည့်အပြင် ရေနံသင်္ဘော မှ ရေနံယိုဖိတ်ပါကလည်း အန္တရာယ်ဖြစ် လာနိုင်ကြောင်း ကျောက်ဖြူကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ညှိနှိုင်း ရေးမှူး ကိုထွန်းကြည်က ပြောသည်။ ကျောက်ဖြူမြို့နယ်တွင် လက်ရှိလုပ် ဆောင်နေသော ရေနံပိုက်လိုင်းစီမံကိန်း၊ ရွှေဂက်စ်စီမံကိန်းတို့ကြောင့် သဘာဝပတ် ဝန်းကျင်ပျက်စီးဆုံးရှုံးမှုများ၊ ဒေသခံများ ၏ စားဝတ်နေရေးထိခိုက်မှုများနှင့်
ကြုံတွေ့ နေရပြီးအာမခံမှုမရှိသည့်အတွက် နောက်ထပ်စီမံကိန်းများကို လက်မခံနိုင်ကြောင်း ကျောက်ဖြူ ဒေသခံများက ပြောကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*