ကျေးလက်မီးလင်းရေးလုပ်နေသော ကုမ္ပဏီများ ဘတ်ဂျက်အလွဲသုံးစား လုပ်မှုများ ရှိနေ

ကျေးလက်မီးလင်းရေးလုပ်နေသော ကုမ္ပဏီများ ဘတ်ဂျက်အလွဲသုံးစား လုပ်မှုများ ရှိနေ
May 24, 2017 Asian Fame

3:27 pm
ကျေးလက်မီးလင်းရေးလုပ်နေသော ကုမ္ပဏီများ ဘတ်ဂျက်အလွဲသုံးစား လုပ်မှုများ ရှိနေ

စိုင်းလမင်း
နေပြည်တော်၊ မေ ၂၂

ကျေးလက် မီးလင်းရေးလုပ်ရန် ငှားရမ်းထားသော ကုမ္ပဏီများဘတ်ဂျက်ငွေ အလွဲသုံးစားလုပ်ခြင်းများ ရှိလာသောကြောင့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောသည်။

”အာမခံစာချုပ်၊ စာတမ်းတွေကို ဖောက်ဖျက်ပါက တင်ဒါစည်းမျဉ်းစည်းကမ်းပါ စာချုပ်စည်းမျဉ်းစည်းကမ်းအတိုင်း တင်ဒါဆွဲဝယ်ယူခွင့် ပိတ်သိမ်းသွားမှာဖြစ်ပြီးတော့ ကုမ္ပဏီကိုလည်း အမည်ပျက်စာရင်း (Black List) စာရင်းထည့်သွင်းသွားမှာ ဖြစ်ပြီးတော့ လိုအပ်လို့ရှိရင် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ¤င်းက ပြောသည်။ မေလ ၂၂ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၏ မေးခွန်းဖြစ်သော ကျေးရွာမီး လင်းရေးအတွက် စာချုပ်ပါအချက်အလက်များ ဖောက် ဖျက်သောကုမ္ပဏီများ၊ ဘတ်ဂျက်အလွဲ သုံးစားလုပ်ထားသော ကုမ္ပဏီများအား မည်ကဲ့သို့ အရေးယူနေကြောင်း မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်ကအထက်ပါအတိုင်း ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီး ၎င်းက အမည်ပျက်စာရင်းသွင်းရန်နှင့် တရားစွဲရန်ကိစ္စကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည် နယ်များရှိ ကျေးလက်ဦးစီးဌာနများနှင့် ညှိနှိုင်းဆွေးနွေး ပြီး ပြန်လည် ရှင်းလင်းပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့ သည်။ မေးခွန်းမေးမြန်းသူဒေါ်သန္တာက ”တကယ်တော့ အ မည်ပျက်စာရင်းဆိုတာက ပြီးပြည့်စုံတဲ့ အရေးယူမှုတစ်ခု မဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အင်္ကျီတစ်ထည်ကနေ နောက်တစ်ထည်ကိုပြောင်းဝတ်ရုံပဲရှိတယ်။အဲ့ဒီတော့ ကျွန်မတို့နိုင်ငံမှာ ရှိပြီးသား ဥပဒေတွေ ရှိပါတယ်။ ရာဇဝတ်မှုကြောင်းတွေ၊ တရားမမှုကြောင်း တွေနဲ့ တရားစွဲလို့ရပါတယ်”ဟုပြောသည်။ ကျေးလက်မီးလင်းရေးလုပ်နေသော ကုမ္ပဏီ ခန့်မှန်း ခြေ ၅ဝ ခန့်ရှိကြောင်း ဒုဝန်ကြီးက ပြောကြားခဲ့ပြီး တင်ဒါစည်းမျဉ်းစည်းကမ်းဖောက်ဖျက်သော ကုမ္ပဏီမည်မျှရှိသည်ကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*