အမြန်လမ်းဘေးရှိ ကျူးကျော်ဆိုင်အချို့ကို ဖယ်ရှားရန် စီစဉ်နေ

အမြန်လမ်းဘေးရှိ ကျူးကျော်ဆိုင်အချို့ကို ဖယ်ရှားရန် စီစဉ်နေ
May 24, 2017 Asian Fame

3:12 pm
အမြန်လမ်းဘေးရှိ ကျူးကျော်ဆိုင်အချို့ကို ဖယ်ရှားရန် စီစဉ်နေ

Ag Pyae Sone

အောင်ပြည့်စုံ
နေပြည်တော်၊ မေ ၂ဝ

ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးဘေးဝဲယာတွင် ယခုရက်ပိုင်းအတွင်း တရားမဝင် ကျူးကျော်ဆိုင်များ ဖွင့်လှစ်လာကြပြီး အမြန် လမ်းပိုင်း အဆင့်မြှင့်တင် တည် ဆောက်မှုများကိုပါ တားမြစ်ဟန့် တားရန် လိုအပ်နေပြီဖြစ်ကြောင်း အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေးရုံးမှ သိရသည်။

၎င်းဆိုင်များသည် သင်္ကြန် ပိတ်ရက်များမတိုင်မီက ယာဉ်သွားလာမှု များနိုင်သည့်အတွက် စီးပွား ရေး တွက်ခြေကိုက်စေရန် စတင် ဖွင့်လှစ်ကြခြင်း ဖြစ်ပြီးယခုအခါ တစ်စတစ်စ ပိုမိုများပြားလာခြင်း ဖြစ်သည်။ အမြန်လမ်းဆောက်လုပ် ရေးရုံးမှ တာဝန်ရှိသူများအနေဖြင့် အမြန်လမ်းဘေးဝဲယာတွင်အမြန်လမ်း အဆင့်အတန်းနှင့်ညီရန်အတွက် သတ်မှတ်ထားသည့် နေရာများ တွင်သာ ဆိုင်များဖွင့်နိုင်ကြောင်း၊ လမ်းဘေးဝဲယာတွင် ဆိုင်များဖွင့် ခြင်းဖြင့် ယာဉ်ရပ်နားမှုများမှ မတော်တဆမှုများဖြစ်ပွားနိုင်သော ကြောင့် ပိတ်သိမ်းရန် အကြောင်း ကြားအသိပေးသော်လည်း လိုက်နာ ခြင်းမရှိခဲ့ကြောင်း သိရသည်။

”ဆိုင်တွေက မိုင် ၆ဝ လောက် ကနေ ဒီဘက် နေပြည်တော်အထိကို ကြိုကြားကြိုကြားနဲ့ ရှိနေတာပါ။ ဝန်ထမ်းတွေက အမြန်လမ်းမှာ ယာဉ်တွေအန္တရာယ်ကင်းစေဖို့ Guard Rail တွေ ကာတဲ့အခါမှာ သူတို့ဆိုင်တွေပိတ်လို့ဆိုပြီး ရန်ပြုတာ တွေ၊ ခြိမ်းခြောက်တာတွေ ခံနေရပါတယ်။ ဒါ ရဲတွေရှေ့တင်ပြုမူတာပါ”ဟု အမြန်လမ်း အင်ဂျင်နီယာရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုဦးက ဆိုသည်။

တာဝန်ရှိသူများက ကျူးကျော်ဆိုင်များကို တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ဒဏ်ကြေးငွေ ပမာဏမှာနည်းပါးသည့်အတွက် ကျူးကျော်ဆိုင်များမှာ ပိုမိုများပြား လာသည့် အခြေအနေပင်ဖြစ်နေ သည်။ ”ခုချိန်ထိဆို တရားစွဲခဲ့တာ အမှုပေါင်း ၇ဝ ကျော်လောက်ရှိနေပြီ။ ဒါပေမယ့်မထိရောက်ဘူး ဒဏ်ကြေးနည်းလို့။ ဒါကြောင့် မြင်တဲ့ အတိုင်းဘဲပိုတောင်များလာနေတယ်” ဟုဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျူးကျော်ဆိုင် အများစုသည် အမြန်လမ်း ဖြတ်သန်းရာဒေသများမှ ဒေသခံများဖြစ်ကြပြီး စား သောက်ဆိုင်နှင့် ဒေသထွက်မုန့် မျိုးစုံရောင်းချသည့် ဆိုင်များဖြစ် ကြသည်။ မကြာမီကာလအတွင်း မိုးရာသီ ရောက်ရှိလာမည်ဖြစ်ကာ အမြန်လမ်းဘေး မြေသားများ ပျော့လာမည်ဖြစ်၍ ၎င်းလမ်းဘေးဆိုင်များတွင် ရပ်နားမည့်ကားများ သည် အမြန်လမ်းပေါ်တွင် ရပ်နားကြသည့်အခါ ယာဉ်မတော်တဆမှုအန္တရာယ်လွန်စွာ ဖြစ်ပွား နိုင်သဖြင့် ယခုလအတွင်း သက် ဆိုင်ရာ ဒေသအာဏာပိုင်များနှင့်ပူးပေါင်းကာ အဆိုပါကျူးကျော် ဆိုင်များကို ဖယ်ရှားနိုင်ရေးစီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*