အင်ဒိုနီးရှားနိုင်ငံတွင် လိင်တူ ဆက်ဆံသူ အမျိုးသား နှစ်ဦးအား တစ်ဦးစီလျှင် ကြိမ်ဒဏ် ၈၃ ချက်စီ

အင်ဒိုနီးရှားနိုင်ငံတွင် လိင်တူ ဆက်ဆံသူ အမျိုးသား နှစ်ဦးအား တစ်ဦးစီလျှင် ကြိမ်ဒဏ် ၈၃ ချက်စီ
May 24, 2017 Asian Fame

12:15 pm
အင်ဒိုနီးရှားနိုင်ငံတွင် လိင်တူ ဆက်ဆံသူ အမျိုးသား နှစ်ဦးအား တစ်ဦးစီလျှင် ကြိမ်ဒဏ် ၈၃ ချက်စီ

Indonesian-men(အင်ဒိုနီးရှား၊ မေ ၂၃)

အင်ဒိုနီးရှားနိုင်ငံတွင် လိင်တူဆက်ဆံသူ အမျိုးသား နှစ်ဦးအား တစ်ဦးစီလျှင် ကြိမ်ဒဏ် ၈၃ ချက်စီ ရိုက်နှက် အပြစ်ပေးလိုက်သည်။

ထိုသူနှစ်ဦးအား လူအများ ၀ိုင်းဝန်းကြည့်ရှုနေကြသည့် စင်မြင့်ပေါ်တွင် ထိုသို့ ရိုက်နှက် အပြစ်ပေးခြင်းဖြစ်ပြီး ကြည့်ရှုသူ ပရိသတ်များကလည်း အော်ဟစ်အားပေးကြကြောင်းသိရသည်။

အသက် ၂၀ နှင့် ၂၃ နှစ်စီရှိကြသော အဆိုပါ လိင်တူချစ်သူ အမျိုးသားနှစ်ဦးကို အခန်းတစ်ခန်းတွင်ဝယ် ပြီးခဲ့သည့် မတ်လက တွေ့ရှိဖမ်းမိခဲ့ခြင်းဖြစ်ပြီး၊ အမည်များကို သက်ဆိုင်ရာကထုတ်ဖော်ပြောဆိုခြင်းမပြုပါ။

မိန်းမရှာများနှင့် ကာမဆက်ဆံခြင်းကို အင်ဒိုနီးရှားနိုင်ငံ ဒေသအများစုတွင် ခွင့်ပြုခြင်းမရှိသလို၊ ယခု အချင်းဖြစ်ရာ ဒေသမှာ အခြားဒေသများထက်ပိုမိုတင်းကြပ်သောစည်းမျဉ်းစည်းကမ်းများပြဌာန်းထားကြောင်းသိရသည်။

ယခု ကြိမ်ဒဏ်ပေးစဉ်တွင်လည်း စင်အောက်မှ ကြည့်ရှုနေကြသော ပရိသတ်က ”ဒါ မင်းတို့အတွက် သင်ခန်းစာပဲဟေ့”ဟုလည်းကောင်း၊ ”နာနာလေးရိုက်စမ်းပါ”ဟုလည်းကောင်း အော်ဟစ်ကြသည်ဆို၏။

ပြစ်ဒဏ်ချမှတ်ရာတွင် ကြိမ်ဒဏ် ၈၅ ချက်ဖြစ်သော်လည်း ထိုသူတို့မှာ အချုပ်တွင် ၂ လခန့်နေခဲ့ရသဖြင့် ကြိမ်ဒဏ် ၂ချက်လျှောပေါ့လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

PN002
Ref: Indonesian men caned for gay sex in Aceh

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*